Chapter 6

264 26 1
                                    

ကော်ဖီဆိုင် တစ်ခုရဲ့ ချောင် ကျကျ နေရာမှာ ကော်ဖီနှစ်ခွက်မှာပြီး တစ်ယောက်တည်း ထိုင် စကားပြောနေသည့် Hoya ကို တစ်ယောက်ယောက်သာ မြင် သွားရင် အရူး ဟု အထင် ခံရ လောက်သည်။

Hoya ကတော့ ဘယ်သူ့ ကိုမှဂရုမစိုက်နိုင် ဘဲ
Nika ကို ကျောင်းသို့ မလိုက်ခဲ့ဖို့ မျက်နှာငယ်လေး နှင့်တောင်းဆိုနေသည်။

Nika: လိုက်ခဲ့တော့ ဘာဖြစ်သေးလည်း ဘယ်သူမှလဲ ငါ့ကိုမြင် ရတာမဟုတ်ဘဲနဲ့

Hoya: ငါမြင် ရတယ်လေ

Nika: မမြင် သလိုပဲနေလိုက်ပေါ့ ငါကနင့်ကို ဘာမှလုပ်နေလည်း မဟုတ်ဘဲနဲ့ မမြင် ချင်ယောင်
ဆောင်နေရင် ဖြစ်တာပဲ

Hoya: မဖြစ်လို့ပေါ့ ငါခဏခဏ အာရုံစိုက်မိနေ
တယ်လေ

(အော် နင်တောင် ငါ့ကို အာရုံစိုက်မိတဲ့နေ့ ရှိလာပြီပဲ) လို့ Nika တွေးမိသွား၏။

Nika: အေးပါ နင့်အနားမှာပဲ ငါထိုင် မ နေပါဘူး
ကျောင်းထဲတော့ ငါလိုက်ပါရ စေ

Hoya: ပြီးတာပဲ

Hoya တစ်ယောက်တည်း စကားပြောနေတာကို
Sunggyu, Woohyun နဲ့ Dongwoo တို့ မြင် သွားကြသည်။

Woohyun: Hoya ဘာလုပ်နေတာလဲ coffee နှစ်ခွက် ရှေ့ချပြီး တစ်ယောက်တည်း ရယ်လိုက် စကားပြော လိုက်နဲ့

Dongwoo: အထီးကျန်လွန်းလို့ ဂေါက်သွား ရှာတာများလား Sunggyu ရေ ငါတို့ Hoyaကို စကားပြန်ပြောလိုက် ကြရ အောင်

Sunggyu: ဘာလို့ Woollim Club မှာ မကစားတာလဲ ဆိုတဲ့ အ ကြောင်းကို မသိရမချင်း
ငါ Hoya ကို ဒေါသ ထွက်နေဦး မှာပဲ မင်းတို့ကတော့ သဘောပဲ ခေါ်ချင်ခေါ် မခေါ်ချင်နေ

ဟုပြောပြီး အတန်းထဲဝင် သွားသည်။

Woohyun နဲ့ Dongwoo တို့ တစ်ယောက်နှင့် တစ်ယောက်ကြည့် ပြီး ခေါင်း ရမ်းလိုက်ကြသည်။

သူတို့ ကတော့ Sunggyu နဲ့ Hoya ကို ပြန်ပြီး အဆင်ပြေ စေချင်နေပြီ။

Hoya ရဲ့ အခက်အခဲ ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြ စေချင် သည်။

Hoya တစ်ယောက် စာသင် ခန်းထဲ မှာသာထိုင်နေတာ စိတ်ကတော့ မနကေ့ Nika နဲ့ ပြောခဲ့ တဲ့ စကားတွေကို ပြန်တွေးနေ မိသည်။

Hoya: ဒါနဲ့ ငါနင့်ကို ဘယ်လို ခေါ်ရမလဲ နင့်မှာ နာမည် ရှိလား

Nika: အင်းရှိတယ် ငါ့ နာမည် Nika

'Nika ဆိုတဲ့ နာမည်ကို ကြားဖူး သလိုပဲ' ဟု Hoya တွေးလိုက်သည်။

Hoya: အင်း Nika နင် ငါ့ကြောင့် လူ့ပြည် ဆင်း
လာရတာကို ငါတကယ် စိတ်မ ကောင်းပါဘူး
နင် အမြန်ဆုံး ပြန် ရ အောင် ငါအိပ် ရာ စောစော အမြဲ တမ်းထ ပါ့မယ်

Nika: အေးပါ ဒါနဲ့ Sunggyu တို့ က နင် နဲ့ ရန်ဖြစ်ထား ကြတာလား

Hoya: ဘာလို့ ငါ့ကို လာမေး နေရတာလဲ နင် ပဲ ငါ့အ ကြောင်း အကုန်သိတယ် ဆိုပြီး

Nika: ahhhhh ငါလည်း နည်းနည်း တာဝန် လစ်ဟင်း တဲ့ အချိန်တွေ ရှိသေး တာပေါ့
ဒါကြောင့် ငါမသိတာလေ

Hoya မျက်ခုံး တစ်ချက်ပင့် လိုက်သည်။
'နင် လိမ်နေတာ'
ဒီစကားကိုတော့ စိတ်ထဲက နေပဲပြော လိုက်သည်။

Hoya: ငါအိပ် ချင်နေပြီ နောက်မှ ပြော ပြမယ်
ဟု ဆို ပြီး စကားစ ဖြတ်လိုက်သည်။

Hoya မ နေ့ က အ ကြောင်း ပြန်တွေး နေရင်း ခေါင်း ရမ်းမိ သွားသည်။

Sunsengnim: Hoya ဘာလို့ ခေါင်း ရမ်းတာလဲ sunseng သင် တာနားမလည် လို့ လား?

Hoya: မဟုတ်ပါဘူး sunseng သင်ဟတာ အရမ်း ကောင်း လို့ WOO ဆိုပြီး ခေါင်း ရမ်း မိ သွား တာပါ

Sunsengnim: ပြီးတာပဲ ကဲဒီနေ့ တော့ ဒီလောက် ပဲ မနက်ဖြန် assignment တွေ အားလုံး တင် ရမယ်

Class ဆင်းသွားတော့ Hoya စာကြည့် တိုက်ထဲ လာခဲ့ လိုက်သည်။

Hoya: ပြသနာပဲ ငါတစ်လုံး မှမ ရေး ရ သေးဘူး

Hoya အ လော တကြီးနဲ့ လျှောက်လာ တာကြောင့် ကောင်လေး တစ်ယောက် နဲ့ တိုက်မိ သွား၏။

My Spell On You (အချစ် ကျိန်စာ)Where stories live. Discover now