Thank U

28 1 1
                                    

ကြင်နာမှုတွေမပေးနိုင်ခဲ့ပေမဲ့
နင့်ရဲ့ဥပေက္ခာတွေက
ငါ့ကိုမနာကျင်စေခဲ့လို့
ကျေးဇူးတင်ပါတယ်......

နင့်နှလုံးသားထဲမှာ ငါဆိုတာ
ဘယ်တုန်းကမှ မရှိခဲ့ပေမဲ့
လမ်းမှာမတော်တဆဆုံမိတိုင်းရရှိခဲ့တဲ့
နွေးနွေးထွေးထွေး အပြုံးတွေအတွက်
ကျေးဇူးတင်ပါတယ်......

နင့်ဘဝကိုရစ်ပတ်ထားတဲ့နှောင်ကြိုးတွေထဲမှာ
ငါနဲ့အတူရှိခဲ့တဲ့ အမှတ်တရတွေမပါပေမဲ့လည်း
ငါတို့နှစ်ယောက်ကြားက
သံယောဇဉ်ကြိုးလေးကို
မဖြတ်တောက်ပစ်ခဲ့လို့
ကျေးဇူးတင်ပါတယ်......

ငါရဲ့နေ့ရက်တွေထဲမှာ
နင်နဲ့အတူတွေ့ဆုံနိုင်ဖို့ဆိုတာ ခဲယဉ်းနေပေမဲ့
ညစဉ်ညတိုင်း အိမ်မက်ထဲကို မပျက်မကွက်
ရောက်လာပေးတဲ့အတွက်
တ ကယ်
ကျေး...ဇူး...တင်...ပါ...တယ်...ဟာ ...

Thank a lot my love

By. . .H.E.L (PK)

Poems In My LifeWhere stories live. Discover now