အကြင်နာများကြောင့်နိုးထစေ
Intro
မေလနှောင်းပိုင်းမြို့ ပြ၏ညနေခင်းကို
မိုးရိပ်မိုးသားများနှင့်လွှမ်းခြုံ ထား
သည်။တဖြောက်ဖြောက်ကျဆင်းလာ
သောမိုးစက်များကိုထီးနွမ်းနွမ်းလေး
ဖြင့်ကာကွယ်ရင်း စိတ်ပူနေတော့မည့်
မေမေ့ကိုတွေးမိသဖြင့် ခြေလှမ်းတွေ
ကပိုသွက်လာရပြီ။အရင်ကဆိုလူပျက်
လေ့ရှိသောလမ်းကြားမျာကသွားလေ့
မရှိသော်လည်းအိမ်အမြနိပြန်ရောက်
ချင်သောစိတ်ဇောကြောင့်မြို့ ပြမီး
ရောင်ဆိတ်သုန်းနေသောမှောင်ရိပ်ကျ
လမ်းကြားထဲသို့ချိုးကွေ့လိုက်သည်
ခေါင်မိုးစွန်းမှတဖြောက်ဖြောက်ကျ
ဆင်းနေသောမိုးစက်ပေါက်သံများ
သာလျှ င် ဂျူးဂျူးရဲ့အဖော်။
Kyung ကိုဖုန်းဆက်လိုက်ရကောင်းမ
လားဟုစိတ်ကူးပြီးမှမိုးရွာကြီးထဲဒုက္ခ
မပေးတော့ပါဘူးလေဆိုတဲ့အတွေး
လေးမှမဆုံးခင်ရှေ့တည့်တည့်ဆီမှမြင်
ရသောမြင်ကွင်းကြောင့်ဂျူးဂျူးခြေ
လှမ်းတို့တုံ့ခနဲရပ်သွားရသည်။
တစ်ယောက်တည်းကိုသုံးယောက်
လောက်ဝိုင်းချနေသောအရိပ်မဲမဲများ
ဆီသို့ ""ရပ်လိုက်""ဆိုသည့်သြဇာ
ဓာတ်ပြည့်နေသောအသံနှင့်အတူ
စကဘီးဘရိတ်ညှစ်သံအဆုံးတွင်
အရာအားလုံးမိုးရေထဲတွင်ရောထွေး
ကုန်တော့သည်။ရန်ပွဲဆိုလျှင်Drama
တွေထဲမှာမြင်ဖူးသောဂျူးဂျူးအတွက်
အခုမျက်စိရှေ့တွင်ရှိနေသောရန်ပွဲက
စစ်ပွဲတစ်ခုနှင့်မခြား။ကြောက်စိတ်
ကြောင့်ထွက်ပြေးဖို့ပင် သတိမရပဲ
YOU ARE READING
အကြင်နာများကြောင့်နိုးထစေ
FanfictionAnother name is ""Awaken kiss"" How a love can heal someone's life? You can find pure loves in this fic. Teenagers,Romance,First love & other feelings.