Happy VDay ++

4.9K 147 11
                                    

Valentine Day အတွက် Ruby ချစ်ရပါသော XingDae နှစ်ယောက်အတွက် #OneShort လေးရေးပေးလိုက်ပါတယ် တကယ်ဖြစ်ခဲ့တာလေး အနည်းငယ်ကို အခြေခံပြီး စိတ်ကူးယဉ်ထားပါတယ် + နည်းနည်း ပါမှာမို့ ဖတ်ပြီးရင် မ bash ပါနဲ့ လိုအပ်သွားရင်လည်း ခွင့်လွှတ်ပေးကြပါ ပထမဆုံးစရေးတဲ့ oneshort+ မို့လို့ပါ

-----------*********-----------

SM entertainment တွင် အကတိုက်နေကြသော EXO အဖွဲ့ မန်နေဂျာ လာအော်သော အသံကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည် .

''ကလေးတို့ရေ Lay ရိုက်ကွင်းမှာ ဒဏ်ရာရလို့တဲ့ ''

''Borr!!!"

တစ်ဖွဲ့လုံးရဲ့အသံကဆူညံသွားသည် . ကလက်စ LoveMeRight သီချင်းအားပိတ်လိုက်သည် . အဲ့ထဲမှာမှ KimJongDae တစ်ယောက် အသည်းနှလုံးတွေ စွဲဆုတ်ခံလိုက်ရသလို . ကျလာတော့မယ့် မျက်ရည်ကို ထိန်းထားလိုက်သည် . Bသွေးပီပီ ဟန်ဆောင်ကောင်းစွာ ထိန်းချုပ်ထားလိုက်သည် . သို့သော် Suho က

'' သူဘာဖြစ်သွားသေးလဲ စိုးရိမ်ရလား ဆေးရုံမှာလား သက်သာရဲ့လား ''

ထိုအခါ Kai က

''ဖြေးဖြေးမေးပါ hyung ရယ် အဖြစ်သည်းနေလိုက်တာ ''

ထိုအခါ မန်နေဂျာမှ

'' ဇာတ်ဝင်ခန်းရိုက်ရင်း ဆိုင်ကယ်ပေါ်က ပြုတ်ကျတာတဲ့ China Hospital မှာ တင်ထားတယ် ကျောမှာ ဒဏ်ရာ နည်းနည်းနဲ့ ခြေထောက်ထိသွားတယ်တဲ့ ပီးတော့ မှာလိုက်သေးတယ်---"

မန်နေဂျာစကားမဆုံးသေးခင် JongDae မျှော်လင့်တကြီး မန်နေဂျာအားလှမ်းကြည့်လိုက်သည် . ထိုအခါမှ

''Suho နဲ့ တခြား member တွေ စိတ်မပူပါနဲ့တဲ့ တစ်ပတ်လောက်တော့ နားရမယ်တဲ့''

ထိုအခါ မျှော်လင့်ချက်လေး ပျောက်ဆုံးသွားသလို မျက်နှာလေး ညိုးသွားသည် . member တွေကတော့

''မပြောချင်ဘူး ဒီကလည်း အသည်းအသန်မေး ဟိုကလည်း စိတ်မပူနဲ့တဲ့ အာ့ကြောင့် Fan တွေက SuLay SuLay ဖြစ်နေတာ ''

''ဟုတ်ပ ငါနဲ့ DO လိုပေါ့ ''

Kai ဝင်နောက်လိုက်သည် . Jongdae ကတော့ ဟန်ဆောင် အပြုံးလေးပြုံးနေလိုက်သည် . ဒါပေမယ့် သူ့ အရိပ်အကဲ အမြဲ ကြည့်နေတတ်သူကတော့ နားလည်လိုက်တာပေါ့ သူကတော့ BaekHyun .

Happy Valentine Day (+++YAOI+++)Where stories live. Discover now