"မင်း...ကိုယ့်ကိုချစ်တယ်ဆို!!""အင်းဟုတ်တယ်..ချစ်တယ်..Park Chan yeol!!"
"အဲ့ဒါဆိုဘာလို့...."
"ဒီမှာ...Chan yeol ...ငါမင်းကိုချစ်တယ်ဆိုတာမှန်တယ်..."
"ကိုယ်ဖြစ်စေချင်တာကိုမင်းလုပ်ပေးသင့်တယ်..
Baek..""Hak...မင်းကငါ့ကိုချစ်တယ်ဆိုတာနဲ့ကိုင်ပေါက်ပြီး
မင်းလုပ်ချင်တာလုပ်မယ်ပေါ့....ဟုတ်လား...တော်တော့....မင်းထွက်သွားပါတော့..ငါတစ်ယောက်တည်းနေပရစေ...သွား..!!""ဒုန်း..ခွမ်း..."
Baekhyun အသံကိုခြစ်အော်ကာဘေးနားမှာဖန်
ခွက်ကိုလက်ဖြင့်တိုက်ချလိုက်သည်...Chan yeol ကတော့ဘာတစ်ခွန်းမှထပ်မပြောတော့ပဲ အခန်းအပြင်ကိုထွက်သွားသည်...
Baek pov-
ကြမ်းပြင်ထပ် ကွဲကျေနေသော ဖန်ခွက်ကွဲစတွေနဲ့အတူ ကျတော် Byun baekhyun ရဲ့နှလုံးသားလေးဟာ ကွဲကျေနေပြီ....
Park chan yeol....မင်းငါ့အပေါ်ဘာလို့အဲ့လောက်ရက်စက်နိုင်ရတာလဲ...
'ငါ့ကိုချစ်ရင်ငါ့ဆန္ဒကိုလုပ်ပေးပါ'မင်းတောင်း ဆိုခဲ့တယ်...
ငါ့ကိုချစ်ရင်ငါ့ဆန္ဒအတိုင်းလမ်းခွဲပေးပါ....
ဟုတ်လား...Park chan yeol ငါ့အချစ်တွေကမင်းအတွက်ကလေးကစားစရာတစ်ခုလား...
သုံးနှစ်ကျော်ကျော်ကြာခဲ့တဲ့ ငါ့တို့နှစ်ယောက်ရဲ့
Relationship ကိုမင်းကတစ်ရက်တည်း နဲ့ရတိပျက် အဆုံးသတ် ချင်နေတာပဲမင်းကိုချစ်ရင်လမ်းခွဲပေးပါဆိုတော့....
ငါ..
ငါ့အတွက်ကရော...
ငါ့အတွက်ဘာလို့ထည့်ပြီးမစဉ်းစားပေးရတာလဲ...အကြောင်းပြချက်ကိုမေးတော့...
အဖြေမရှိ..မင်းကိုငါဘယ်လိုနားလည်ရမလဲ...
မင်းတစ်ကိုယ်ကောင်းဆန်တယ်..
မင်းငါ့ကိုခုတုံးလုပ်ပြီးငါ့အချစ်တွေကိုဖျက်စီး ပစ်တယ်...