နှလုံးသားတစ်စုံဖြင့် ဖြစ်တည်သောချစ်ခြင်း

236 23 5
                                    

Intro လေးပေါ့နော်.....

ဖြူစင်စွာနဲ့ကျဆင်းနေတဲ့ နှင်းပွင့်လေးတွေရဲ့ကြား
ချမ်းအေးလွန်းလှတဲ့ ဆောင်းရာသီရဲ့အအေးဒဏ်ကို အံတု
ပြီး တစ်ယောက်သောသူ အေးချမ်းစွာ လဲလျောင်းနေတဲ့
အုတ်ဂူလေးရှေ့မှာ ကြေကွဲဝမ်းနည်းနေတဲ့ကောင်မလေး...
ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရလို့ နောက်ထပ်အချစ်ဆိုတာ
သူမရင်ထဲမှာ ထပ်မံမပေါက်ဖွားတော့ဘူးလို့ ယုံကြည်ထား
တဲ့သူမ....ဆန်းကြယ်လွန်းတဲ့ကံကြမ္မာအပြောင်းလဲအလဲ
အောက်မှာ ကံတရားရဲ့ လှည့်စားမှုထဲ ကျရောက်ခဲ့ရတဲ့
သူမရဲ့အချစ်..............
( Jeon Jungkook )

သူမနဲ့မတွေ့ခင်က ကျွန်တော့်နှလုံးသားလေးက
အချစ်ဆိုတဲ့အရာကို မခံစားတတ်ခဲ့ဘူး...ခံစားဖို့အခွင့်ရေး
နည်းခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ဘဝအချိုးအကွေ့လေး
တစ်ခုမှာ မယုံကြည်နိုင်လောက်တဲ့ပြောင်းလဲမှုနဲ့ ရင်ဆိုင်ခဲ့
ရတဲ့ ကံကြမ္မာ...တစ်ယောက်သောသူနဲ့ပတ်သက်ပြီးရင်ခုန်
မှု နာကျင်မှုတွေဖြစ်ပေါ်လာတဲ့ ကျွန်တော့ရဲ့နှလုံးသား...
အဲ့နှလုံးသားလေးကမှ ဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခု.......
( Kim Taehyung )

ကျွန်တော့ချစ်သူလေးကို အရမ်းချစ်တယ်..ငုံထား
တတ်ချစ်တယ်........မပြည့်စုံတဲ့ ကျွန်တော့်ဘဝက သူမရဲ့
နွေးထွေးတဲ့အချစ်တွေနဲ့ ပြည့်စုံစေခဲ့တယ်။...ကံတရားရက်
စက်တယ်ဗျာ*** အရမ်းချစ်ကြတဲ့ ကျွန်တော်တို့နှစ်ဦးကို
ကံကြမ္မာကမျက်နှာသာ မပေးခဲ့ဘူး...ကံတရားက မျက်နှာ
မပေးခဲ့ပေမယ့်လည်း ကျွန်တော့်အချစ်..နှလုံးသားလေးက
တော့ ချစ်ရတဲ့ချစ်သူလေးအတွက် ထာဝရရှင်သန်နေစေရ
မယ်လို့ ခံယူထားတဲ့ ကျွန်တော့်ရဲ့အချစ်.......
( Park Jimin )

ရေးချင်လွန်းအားကြီးလို့ ရေးလိုက်ပြီ...
ဝါသနာအရ ရေးခြင်းဖြစ်၍ အမှားပါရင် kookလွှတ်ကြပါ
vote & fb တော့မတောင်းတော့ပါဘူး
ဖတ်မဲ့သူမရှိမှာကို သိနေလို့ပါ

HpoeDonde viven las historias. Descúbrelo ahora