Chapter 1 You're my loveprize in viewfinder

13.1K 494 66
                                    

"အချီကြီး ပွတာပဲ"

Tao တစ်ယောက် ကုန်းကျော်တံတား အပေါ်စီးမှ နေရာယူကာ ကင်မရာတွင် ပုံရိပ်ထင်နေသည့် အောက်မှ လူ၂ဦးအား ရိုက်ချက်များစွာ မီးတဖျက်ဖျက်။

မြို့တော်၏ညက လျှို့ဝှက်မှုဖြင့် လှပလျှက်။

_________ファインダーの標的_________

"Mr.Kris မနေ့က ဓါတ်ပုံဆရာကိစ္စနဲ့ ပတ်သတ်ပြီးတော့ အစီရင်ခံစရာ ရှိလို့ပါ"

ခန်းနားလှသည့် အလုပ်ခန်း၏ မှန်သားပြူတင်းမှ ညရှုခင်းကို ကြည့်နေသည့် Kris က စီးကရက်ကို ဖွာရှိုက်ရင်း နောက်လှည့်လိုက်သည်။

အနောက်တိုင်းဝတ်စုံနှင့် တင့်တယ်လွန်းလှသည့် သူ့ရုပ်သူ့ရည်က လုပ်ငန်းရှင်သူဌေးတစ်ဦးမှန်း မပြောဘဲ နားလည်နိုင်ပါ၏။

"ဓါတ်ပုံသတင်းကို မီဒီယာ မဖြန့်ခင် ကျွန်တော်တို့ ထိန်းချုပ်လိုက်နိုင်ပေမယ့် ... ရဲတွေက အနံ့ရသွားပုံပါပဲ ဆိုင်နားမှာ ရစ်သီရစ်သီလုပ်နေကြပါတယ် ... 'Shion' ဆိုင်ပိုင်ရှင်ရဲ့ စီးပွားရေး အပေးအယူလုပ်နေတဲ့ပုံက ကင်မရာမှာ မိသွားတာနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ဘယ်လို ဆက်လုပ်သင့်ပါသလဲ ဆရာ"

အတွင်းရေးမှူးက အစီရင်ခံပြီးသည့်နောက်။

"သူတို့ကိုတော့ နည်းနည်းပါးပါး လာဘ်ထိုးလိုက်ရင် ငြိမ်သွားမှာပါ ကိုယ် စီမံလိုက်မယ်"

"ဟုတ်ကဲ့ပါခင်ဗျ"

"Tao အလွတ်တန်း ဓါတ်ပုံဆရာလေး တဲ့လား"

Kris က စားပွဲပေါ်မှ ဓါတ်ပုံအချို့အား ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းလေး ကွေးသွားသည်။

"သူ့ ရှုထောင့်တွေကတော့ မဆိုးပါဘူး ဒါပေမယ့် ကိုယ့် image ကို ထိခိုက်လာမယ် ဆိုရင်တော့ မျက်နှာလွှဲလို့ မဖြစ်တော့ဘူးပဲ ... ပြစ်ဒဏ်လေး နည်းနည်းတော့ ပေးသင့်ပြီ ထင်တယ်"

_________ファインダーの標的_________

"အာ့!!!"

လမ်းကြားလေးမှာ Tao အော်သံက ခပ်ကျယ်ကျယ် လွင့်သွားသည်။ သန်မာလှသည့် အနောက်တိုင်းဝတ်စုံ အနက်ဝတ် လူ၂ဦးက သူ့အား ချုပ်ဖမ်းကာ နံရံနှင့် ချိုစောင်း ဆောင့်ချလိုက်၍ပင်။

Finder (Rated-M)Where stories live. Discover now