My Best Friend Diary

2.1K 275 32
                                    

BaekSoo(One Shot)

ဆံပင်​​တွေဖြူကာ ပါး​ရေ​တွေ​တောင်​ တွန့်​​နေတဲ့ အသက်​ ၈၀ ​ကျော်​ အဘိုးကြီး တစ်​​ယောက်​ စာကြည့်​ မျက်​မှန်​ အထူကြီး ကိုတပ်​ကာ သူရဲ့ မှုန်​​နေပြီ ဖြစ်​တဲ့ မျက်​၀န်း​တွေကို အားစိုက်​ရင်း လက်​​ရေး ၀ိုင်းဝိုင်း ​လေး​တွေနဲ့ ​ရေးထားတဲ့ သား​ရေ လည်​သာ စာအုပ်​​လေး ကို ဖတ်​ရင်း သူ ပြုံး​နေသည်​....စာတစ်​​ကြောင်း ဖတ်​လိုက်​ ပြုံးလိုက်​ ဖြစ်​​နေ​ပေမယ့်​ စာအုပ်​ ရဲ့ ​နောက်​ပိုင်း ​ရောက်​ရင်​ တော့ မျက်​ရည်​​စက်​​တွေ​ကြောင့်​ စာရွက်​​လေး​တွေ​တောင်​ တွန့်​​ကြေ ​ရဉီးမည်​..........

သူ ဆိုတဲ့ Byun Baek Hyun က အသက်​​တွေသာ ကြီးသွားလို့ သူ့ဉီး​နှောက်​ကတချို့​သော အရာ​တွေကို ​မေ့ရင်​​မေ့သွားမည်​ ဒါ​ပေမယ့်​ သူမ​မေ့တာ တစ်​ခုက သူရဲ့ အချစ်​ဆုံး သူငယ်​ချင်း Kyung Soo ရဲ့ အ​ကြောင်း ကိုပင်​ သူ့ကို နှုတ်​​တောင်​ မဆက်​ဘဲ ထွက်​သွားတဲ့ သူက ​တော့ ရက်​စက်​လွန်းပြီး သူကို ​မေ့ရင်​ ​​မေ့ထားနိုင်​​ပေမယ့်​ သူက​တော့ တစ်​ရက်​က​လေးမှ ​မေ့ရခဲ့ပါ
စာအုပ်​အဖုံး ​လေးမှာ​တော့

Best Friend Forever ဆိုပြီး လက်​​ရေး ၀ိုင်း​လေး​တွေနဲ့ ​ရေးထား တဲ့ စာ​လေးကို သူ အသာ ပွတ်​ကြည့်​ရင်း သူ့မျက်​လုံး​တွေကလည်း ဟိုး အတိတ်​ တစ်​​နေရာ ဆီ ပြန်​မြင်​​ယောင်​လာသည်

Flash Back

ကလင်​ ကလင်​ နဲ့ ဘဲလ်​ မြည်​သံ နောက်​မှာ " Kyung Soo ​ရေ ​ကျောင်းသွား ရ​အောင်​​လေ " ဆိုတဲ့အသံ​လွင်​လွင်​ လေးကလည်း မနက်​ ၈ နာရီထိုးပြီ ဆိုရင်​ ကြား​နေကြ အသံ​လေးပင်​ ခပ်​စိပ်​စိပ်​ ပုံမှန်​ လူတန်းစား ​တွေ ဘဲ ​နေတဲ့ ရက်​ကွက်​ဖြစ်​တာ​ကြောင့်​ ဒီဘဲလ်​ သံ​လေး ကြားပြီ ဆိုရင်​ ကို နာရီ ကြည့်စရာ မလိုလဲ ၈ နာရီထိုးပြီ ဆိုတာ အကုန်​လုံး သ​ဘော ​ပေါက်​ကြသည်​ အဲ့ ဘဲလ်​သံ​နောက်​မှာ​တော့

~လာပြီ လာပြီ ဆိုတဲ့ အသံ​လေး ကိုကြားရပြီး ခပ်​နွမ်းနွမ်း အ၀တ်​အစား ​လေး​တွေနဲ့ လွယ်​အိတ်​အ​ဟောင်း​လေး ကို ကိုင်​ကာ ​ပြေးထွက်​လာတဲ့ ​ကောင်​​လေး တစ်​​ယောက်​ သူ့လက်​ထဲက ခြင်း​လေး ကလည်း စကာ ကွက်​​တွေ​တောင်​ မညီ​တော့ဘဲ ​ပေါက်​ပြဲ​နေပြီ​လေ

My Best Friend DiaryWhere stories live. Discover now