Catching a Bambi : I'm Luhannie's Sehunnie
Epi 1
By luhanniesandy♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
" Luhannie… Bambi လေးရေ… အု… "
အခန်းထဲကို ကျနော် သူ့နာမည်လေး တစ်ကျော်ကျော် အော်ခေါ်ပြီး ဝင်လာတာနဲ့ ကျနော့်နှုတ်ခမ်းတွေကို သူ့ရဲ့ နူးညံ့ချိုမြိန်တဲ့ နှုတ်ခမ်းပိစိပါးပါးလေးတွေနဲ့ ပိတ်ပစ်တတ်တာ သူ့အကျင့်လေး… ကျနော့်ထက် 3 နှစ်လောက်ကြီးပေမဲ့ Hyung လို့ခေါ်ဖို့အတွက် သူလေးက အရမ်းကို နုဖတ်ပြီး ကလေးလေးလို ဖြစ်နေတာကြောင့် ကျနော့်အတွက်တော့ သိပ်ချစ်ရတဲ့ Luhannie Bambi လေးပါ…
" Morning Sehunnie… Hannie ကို ထပ်နမ်းပါအုံး "
ဒုတိယအကြိမ် ထိကပ်သွားတဲ့ ကျနော်တို့နှစ်ယောက်ရဲ့ နှုတ်ခမ်းလေးတွေ… နမ်းတဲ့အခါ Luhannie က အရပ်မမှီပေမဲ့ ဘယ်တော့မှ ခြေဖျားမထောက်… ကျနော်ကသာ ခါးတော်တော်လေး ကိုင်းပေးရတယ်လေ… သူ့အလိုက်ကိုမသိရင်လည်း ရစ်တတ်တာမို့ ကျနော့် ရစ်လုံးလေးအလိုတော်ကျ အနမ်းများချွေပေးရသည်ပေါ့လေ…
" ကျောင်းသွားရအောင်လေ တော်ပြီ Hunnie "
" ထပ်နမ်းခိုင်းတာ ဘယ်သူလေးပါလိမ့်? "
" အာ့က အဲ့နှုတ်ခမ်းလေးကို Hannie ကလွဲရင် ဘယ်သူမှ မပိုင်ရအောင် တံဆိပ်ခတ်တာ "
" Bambi လူလည်လေး "
" ဟုတ်တယ် လည်လည်ဘဲ Hannie ကလွဲပြီး တခြားသူကို မျက်စိနဲ့ သေချာကြည့်ဖို့မပြောနဲ့ စိတ်နဲ့တောင် မပစ်မှားနဲ့ "
" ဟုတ်ပါပြီဗျာ "
" Sehunnie ဆိုတာ ထာဝရထက်တစ်ရက်ပို အမြဲ Luhan အတွက်ပဲဖြစ်ရမယ်နော် "
" Aigoo ချစ်လိုက်တာ Hannie လေး ဟုတ်ကဲ့ပါခမျာ အမိန့်တော်အတိုင်းပါ "
Luhan… ကျနော့်ရဲ့ အသည်းတစ်ခြမ်း… မဟုတ်သေးဘူး… အသည်းတစ်ခုလုံးလေး…… အရမ်းကို ချစ်ဖို့ကောင်းတာ… ကလေးလေးလို ကပ်ချွဲတတ်တာလေးက ကျနော့်ကို အချစ်ပိုစေတာ… စိတ်ကောက်တတ်တာလေးက ကျနော့်ကို အချစ်တိုးစေတာ… သူ့ဘက်က စစနမ်းတတ်တာလေးက ကျနော့်ကို ပိုတိုးပြီး ချစ်စေတာ…
သူနဲ့ကျနော် စတွေ့ပုံလေးက ဒီလိုဗျ… စချစ်ခဲ့တာလည်း အဲ့နေ့လေးပဲ… စလိုက်ခဲ့တာလည်း အဲ့နေ့လေးပဲ… မူနေတဲ့ သမင်လေးကြောင့် စိတ်ရှည်ရှည်နဲ့ အဖြေရဖို့ ကျနော့်မှာ 1 နှစ်တိတိ စောင့်ခဲ့ရတယ်လေ…

YOU ARE READING
Catching a Bambi : I'm Luhannie's Sehunnie
FanfictionBy @luhanniesandy ကျနော်လား? Single မဟုတ်ဘူးလေ... Luhannie ရဲ့ Sehunnie ^^ Sehunnie ကကျနော့်ချစ်သူ... လာမထိနဲ့ မီးပွင့်သွားမယ် Type >> Yaoi, Sweet, Romance, Comedy