ထာဝရရှင်သန်ခြင်း...စကားလုံးက ရိုးစင်းပေမဲ့ အဓိပ္ပာယ်တွေ အများကြီးရှိနေတယ်...
လူတိုင်းက ကိုယ်ဖြစ်ချင်တဲ့အရာတွေ ဖြစ်လာဖို့ အတွက်
ထာဝရရှင်သန်ချင်ကြတယ်...ကျတော် လည်း လူသားထဲက တစ်ယောက်ဖြစ်တာကြောင့် ထာဝရရှင်သန်ချင်တယ်...ကျတော် ချစ်တဲ့ တစ်စုံတစ်ဦးကြောင့် ရှင်သန်ချင်တယ်...•••••••••••••••••
Kim Jun Myeon...ဒီနာမည်လေးက ကျတော့်နှလုံးသားထဲမှာ ရှိနေခဲ့တာ အတော်ကြာနေခဲ့ပြီ...Wu Yi Fan ဆိုတဲ့ကျတော် အခုချိန်ထိ အသက်ရှင်နေခဲ့တာ သူ့ ကြောင့်ပဲ...ပြောရမယ်ဆို ကျတော်ရဲ့ဖြစ်တည်မှုက
သူ့ အတွက်ပဲ...ဒါပေမဲ့ ကျတော်နဲ့သူက ကွာခြားလွန်းတယ်...ယောက်ျားလေး
နှစ်ယောက်ဖြစ်တဲ့အပြင် သူက နန်းတွင်းကပညာရှိအမတ်ကြီးရဲ့ တစ်ဦးတည်း
သောသား...ကျတော်ကတော့ လူတိုင်းမုန်းနေကြတဲ့ မှော်ဆရာတစ်ယောက်...
မှော်ဆရာဆိုတာကို လူတွေက မကောင်းဆိုးဝါးတွေ
လို့ ယူဆထားကြတယ်...တကယ်ဆို ကျတော်တို့ လည်း လူတွေထဲက တစ်ယောက်ပဲလေ..."Yi Fan!"
Myeonnie က ကျတော့်ဘေးမှာ လာထိုင်ပြီး လက်ထဲက မုန့် ထုပ်
လေးကို ကျတော့်ကိုပေးတယ်...Myeonnie??? ကျတော့်နှလုံးသားက သူ့ ကို ခေါ်တဲ့ နာမည်လေးပေါ့...အသားက နို့ ရောင်လေးလို ဖွေးနေပြီး စိတ်ထားကလည်း
နတ်သားလေးလိုပဲ...လူတိုင်းကို အမြဲဂရုစိုက်တတ်ပြီး ကျတော့်အပေါ်ကိုလည်း နားလည်ပေးတတ်တဲ့ သူ့ ကို ကျတော်ချစ်နေမိတာ မမှားဘူးမဟုတ်လား?"ဒါကဘာလဲ??"
ကျတော် သူပေးတဲ့ မုန့် ထုပ်လေးကို နားမလည်နိုင်စွာ ကြည့်ပြီး သူ့ ကို မေးလိုက်တယ်...သူက ကျတော့်ကို ပြုံးပြပြီး
"မုန့် လေ...မင်းစားရအောင် ယူလာတာ"
"ငါ့အတွက်??...ကျေးဇူးပဲ Jun Myeon "
ကျတော် သူပေးတဲ့ မုန့် ကို စားလိုက်တယ်...သူယူလာပေးတာမို့ လို့ 
လား မသိဘူး...ကျတော် စားဖူးသမျှ ထဲမှာ အကောင်းဆုံးအရသာပဲ"တကယ်တော့ အဲဒီမုန့် က ငါကိုယ်တိုင်လုပ်ထားတာ"
သူကိုယ်တိုင်လုပ်ထားတာ??သူကိုယ်တိုင်လုပ်ထားတာမို့ အဲ့လောက်ထိ ကောင်းတာ ဖြစ်လိမ့်မယ်...