Sehunရဲ့ နှာခေါင်းထဲ အမွှေးနံ့တို့ တိုးဝင်လာသည်။ ရေမွှေးအနံ့လည်းမဟုတ်၊ နာမည်တပ်ရခက်မယ့် အနံ့မျိုးဖြစ်သော်လည်း မိန်းမောသွားစေမည့် အနံ့မျိုးပါ …
ထိုအနံ့ကြောင့် Sehunအိပ်ယာကနိုးလာပြီး မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သော် …
!!!!
ညက ကျနော် ဖက်အိပ်သွားတာ ကလေးလေးတစ်ယောက်ပါ! အခု … အခု …
ကျနော့်ရင်ခွင်ထဲ တိုးဝင်နေတဲ့ သူက ……ကျနော့်နီးပါး ရှည်တဲ့အရပ်…သွယ်လျလျခန္ဓာကိုယ်မှာ အဖြူရောင်တို့ ဆင်မြန်းထားပြီး ဆံနွယ်ရှည်တို့ကို စိမ်းပြာရောင်ကြိုးဖြင့် စည်းနှောင်ထားတယ် …
Sehunရေ…ငါတော့ ရူးသွားပြီထင်တယ် …
ထိုစဉ် … ထိုကောင်လေးက တစ်အိအိ လှုပ်ရှားလာသည်။
ဟော … ဟော … နိုးလာပြီ …
သူ့မျက်လုံးလေးတွေကို လက်ခုံနဲ့ပွတ်နေတော့ Sehun သတိထားမိလိုက်တာက သူ့လက်ကောက်ဝတ်မှာ ဝတ်ထားတဲ့ လိပ်ပြာလေးတွေ … သူ့မျက်လုံးလေးတွေနဲ့ Sehunအကြည့်ဆုံမိချိန်မှာတော့ ……
Sehun autoနောက်ဆုတ်လိုက်မိသည်။
"မင်းး …… မင်းး …… ဘယ်သူလဲ ဘာလို့ ငါ့အနားရောက်နေတာလဲ …"
သူကတော့ Sehunကိုသာ စိုက်ကြည့်နေလေရဲ့ … လှလိုက်တာ သူ့မျက်ဝန်းလေးတွေ … Sehun မိန်းမောသွားမိသည်။
"အသင်က ကျနော့်ကယ်တင်ရှင်လား …"
Oh My!! ဘာတွေတုန်းး ……
ထိုကောင်ကလေးမှာ Sehunကိုကြည့်နေရင်းမှ
… ရုတ်တရက် Sehun လက်ကို ဆွဲယူလိုက်ပြီး …"ဟင်!! ဒဏ်ရာရနေတယ် ……"
လက်က ဓားပြတ်ရာ သေးသေးလေးကို ရေးကြီးခွင်ကျယ်လုပ်နေတယ် လို့ Sehunတွေးလိုက်မိတယ် … ဒီလို ဓားရာတွေက သူ့အတွက်တော့ မထူးဆန်း … Sehunက chefတစ်ယောက်လေ … ဟင်းချက်ဖို့ လှီးဖြတ်ရင်း တခါတလေတော့ ဓားဒဏ်ရာ ရတတ်သည်ပဲ …
ထိုကောင်လေးက Sehunလက်အပေါ်ကို သူ့လက်ဝါးလေးနှစ်ဖက် ပွတ်လိုက်တော့ အမှုန်လေးတွေ ကျလာသည်။ ထိုအမှုန်များက ဒဏ်ရာနှင့် ထိတွေ့ပြီးချိန်မှာတော့ ဒဏ်ရာများ ပျောက်ခြင်းမလှပျောက်သွားတော့သည်။