Cover by;missinggirlintown user
Jun ah. . .မင်းကိုယ့်ကိုဘာလို့အဲ့လောက်ထိရက်စက်ရတာလဲကွာ. . .ကိုယ်မင်းအပေါ်အမှားလုပ်မိလို့လား. . .မင်းကိုယ့်ကိုပြောလိုက်တဲ့စကားတစ်ခွန်း
"ငါတို့လမ်းခွဲရအောင်"အဲဒီ့စကားတစ်ခွန်း
ကြောင့်ကိုယ့်အသည်းတစ်စစီကွဲကြေခဲ့ရတယ်ဆိုတာမင်းသိရဲ့လားJun. . .ဒါပေမဲ့ကိုယ်မင်းကိုမမုန်းပါဘူး Jun. . .
မင်းကိုယ့်ကိုရက်စက်သွားပေမဲ့. . .မင်းကိုယ့်ကိုထားသွားပေမဲ့. . .ကိုယ့်မင်းကိုလုံးဝမမုန်းပါဘူး. . .အကြောင်းရင်းကရှင်းရှင်းလေးပါဘဲ. . .ကိုယ်မင်းကိုအရမ်းချစ်လို့ပါ. . .မင်းမှတ်မိသေးလားJun. . .ကိုယ်မင်းကိုproposeလုပ်တဲ့နေ့ကပေါ့. . .
Flashback;
နေဝင်ချိန်ညနေခင်းအချိန်လေးဝယ်စိမ်းစိုနေတဲ့သစ်ပင်လေးတွေရှိတဲ့တောင်ကုန်း
လေးပေါ်မှာကောင်လေးနှစ်ယောက်. . .
နွေဦးမို့သစ်ရွက်ခြောက်လေးတွေဟာသစ်ပင်ပေါ်ကနေမြေပြင်ဆီကိုကြွေကျနေတယ်အချို့ကလေနဲ့အတူဝေ့ဝဲနေတယ်. . .
ကောင်လေးနှစ်ဟောက်ကတော့တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံနေကြတယ်. . .မကြာပါဘူး. . .အသားဖြူဖြူ
မျက်လုံးဝိုင်းဝိုင်းနဲ့ကောင်လေးကသူ့ရှေ့ကအရပ်ရှည်ရှည်နဲ့ကောင်လေးတစ်ယောက်ကိုစကားစပြောလိုက်တယ်. . .
"မင်းတကယ်ပြောတာလားYi Fan"
Yi Fanဆိုတဲ့ကောင်လေးကပြုံးပြီး
"အင်း တကယ်"
Yi Fanသူ့ရှေ့ကကောင်လေးရဲ့လက်ကလေးကိုဖွဖွလေးဆုတ်ကိုင်ပြီး
"မင်းကိုကိုယ်တကယ်ချစ်တာပါ Junmyeon ah. . ."
Junmyeonဆိုတဲ့ကောင်လေးကတော့မျက်လုံးလေးပြူးကျယ်ရင်းဘာမှမပြော. . .
"ကိုယ်သိပါတယ် Jun ah. . .ကိုယ်တို့က
ယောကျာ်းအချင်းချင်းတွေဆိုပေမဲ့ကိုယ်မင်း
ကိုတကယ်ချစ်တာပါ Junကောကိုယ့်ကိုပြန်မချစ်နိုင်ဘူးလားဟင်. . ."
Junmyeonကတော့ဘာမှမပြောဘဲဒီတိုင်းကြီးရပ်နေတယ်. . .
Yi Fanသက်ပြင်းချရင်း
"ကိုယ်သိလိုက်ပါပြီ. . .မင်းကိုယ့်ကိုမချစ်. . . ."
"nado"
"ဟင်. . .ဘာပြောလိုက်တာ"
"nado saranghae Yi Fan ah. . ."
Junmyeonပြောရင်း Yi Fanရင်ခွင်ထဲကိုတိုးဝင်လိုက်တယ်
Yi Fanလဲသူ့ရင်ခွင်ထဲတိုးဝင်နေတဲ့ချစ်ရတဲ့ကောင်လေးကိုတင်းတင်းလေးဖက်ထားလိုက်တယ်. . .
"Jun ah. . "
"imm"
Juumyeonက"ပြော"ဆိုတဲ့သဘောနဲ့ခေါင်းလေးမော့လိုက်တယ်
Yi FanကဘာမှမပြောဘဲJunmyeonရဲ့မျက်လုံးလေးတွေကိုစိုက်ကြည့်နေတယ်. . .
Yi Fanခါးလေးကိုင်းရင်းJunရဲ့
မျက်နှာနားနီးသထက်နီးအောင်ကပ်သွားတယ်. . .ပြီးတော့ Junmyeonရဲ့နှုတ်ခမ်းဖုးဖူးလေးကိုသူ့ရဲ့နှုတ်ခမ်းလေးနဲ့ထပ်တူကျစေလိုက်ပြီးချိုမြိန်တဲ့အနမ်းလေးတွေပေးလိုက်တယ်. . .
စက္ကန့်ပိုင်းလောက်အနမ်းချင်းဖလုယ်ပြီးတော့သူ့တို့နှစ်ယောင်မျက်နှာချင်းခွာလိုက်တယ်. . .ဒါပေမဲ့Yi FanကJunရဲ့ခါးလေးကိုဆွဲဖက်ပြီးနဖူးချင်းထိထားတယ် ပြီးတော့. . .
"Jun ah. .မင်းကိုယ့်ကိုကတိတစ်ခုပေးနိုင်မလား"
"ဘာကတိလဲ Yi Fan"
"မင်းကိုယ့်ကိုဘယ်တော့မှထားမသွားပါနဲ့. . .ကိုယ်မင်းမရှိရင်အသက်ရှင်နိုင်မှာမဟုတ်ဘူး. . .ကိုယ့်ကိုအဲ့ဒီကတိပေးနိုင်မလား"
Junmyeonပြုံးရင်းYi Fanပါးတစ်ဖက်ကို
ဖွဖွလေးနမ်းလိုက်ရင်း
"ငါကတိပေးပါတယ် Yi Fan. . .ငါမင်းကို
ဘယ်တော့မှထားမသွားပါဘူး. . ."
Yi Fanပြုံးလိုက်ရင်း. . .
"Gumawao Jun ah"
*******************************************
Flashback end;
မင်းကတိဖျက်သွားတယ် Jun. . .မင်းကတိဖျက်သွားပါတယ်. . .wae? ?
ဘာလို့မင်းငါ့ကိုထားသွားရတာလဲ. . .
Yi Fanမျက်ရည်ကျရင်းအတွေးများက
အတိတ်ဆီသို့တဖန်. . .
Flashback;
Yi Fanနဲ့Junmyeonတို့ချစ်သူသက်တမ်
းဟာတစ်နှစ်ပြည့်သွားပါပြီ. . .
ဒါပေမဲ့. . .ကံကြမ္မာကသူတို့နှစ်ယောက်ကိုခွဲခွာစေ
ပြန်တော့. . .
Yi Fanဒီနေ့သူ့ငယ်သူငယ်ချင်းတွေဖြစ်
တဲ့Chanyeolနဲ့Sehunတို့နဲ့အတူ
Moonlight Cafeမှာcoffeeထိုင်သောက်နေကြတယ်
Cafeဆိုင်တံခါးမှာချိတ်ထားတဲ့ခေါင်းလောင်းလေး ဟာတစ်စုံတစ်ယောက်တံခါးကိုဆွဲဖွင့်လိုက်တဲ့အတွက်ခေါင်းလောင်းလေးက"တချွင်ချွန်"နဲ့Cafeဆိုင်လေးအတွင်းမှာမြည်သွားတယ်. . .
Yi Fanဝင်လာတဲ့သူကိုအမှတ်မထင်ကြည့်
လိုက်တော့. . .
"Jun"
Yi Fanခေါ်လိုက်တော့ဘေးနားမှာထိုင်နေ
တဲ့Chanyeolနဲ့Sehunပါတံခါးဝကိုလှည့်
ကြည့်လိုက်ကြတယ်
Junmyeonကလည်းYi Fanကိုကြည့်နေ
တယ်
မကြာပါဘူး. . .ဆိုင်ထဲကိုနောက်တစ်ယောက်ထပ်ဝင်လာတယ်. . .ဝင်လာတဲ့သူကိုYi Fanသိပါ
တယ်. . .သူကတော့Junmyeonရဲ့
သူငယ်ချင်းKim Kai. . .
KaiကJunရဲ့ခါးကိုဖက်ရင်းစားပွဲဝိုင်းတစ်ခုမှာဝင်ထိုင်လိုက်ကြတယ်. . .
*သူတို့နှစ်ယောက်ကဘာတွေလဲ. . .*
*သူငယ်ချင်းအနေနဲ့ဆိုရင်Junကဘာလို့
သူ့ကိုမသိချင်ယောင်ဆောင်သွားတာလဲ. . *
Yi Fanခေါင်းထဲမှာအတွေးတွေပေါင်းစုံပေါ်
လာတယ်
"Yi Fan""
Chanyeolတို့ခေါ်လိုက်တော့Yi Fan
လက်ရှိအချိန်ပြန်ရောက်လာတယ်
Junmyeonကိုကြည့်လိုက်တော့သူကရယ်မောရင်းKaiနဲ့အတူစကားတွေထိုင်
ပြောတယ်. . .
Yi Fanရင်ထဲစူးအောင့်သွားရတယ်....
^^^^^^^^^^^^^^^^^^^^^^^^^^^
ညနေရောက်တော့Yi Fan,Junmyeon
ကိုသူတို့ချစ်သူစဖြစ်ခဲ့တဲ့တောင်ကုန်းလေး
မှာတွေ့ဖို့ချိန်းလိုက်တယ်. . .သူဒီကိစ္စကိုဖြေရှင်းရမယ်
တောင်ကုန်းလေးပေါ်မှာYi Fan, Junmyeonကိုစောင့်နေတယ်. . .
5မိနစ်လောက်နေတော့Junmyeonရောက်လာတယ်. . .သူ့မျက်နှာကအရင်လိုပြုံးမနေဘူး တည်နေတယ်. . .
Junmyeon, Yi Fanရှေ့ရောက်တော့
"နေ့လည်ကဘာလို့ကိုယ့်ကိုမသိချင်ယောင်ဆောင်သွားတာလဲ"
Junmyeonဘာမှမပြော......
"Jun ကိုယ်မေးတာဖြေလေဘာလို့နေ့လည်က Kaiနဲ့အတူ.. .. . .
"ဘာလို့လဲသိချင်လား"
Junရဲ့အသံကပြတ်သားလွန်းတယ်
"ဘာလို့လဲဆိုတော့Kaiနဲ့ငါကချစ်သူတွေ
မို့လို့"
"ဘာ"
Yi Fanရင်ထဲမိုးကြိုးပစ်ချလိုက်သလိုပါဘဲ
"ငါတို့လမ်းခွဲရအောင်"
Yi Fanအသည်းတွေတစ်စစီကွဲကြေသွား
ပါပြီ
"ဘယ်လိုပြောလိုက်တာလဲJun. . .ကိုယ်
ဘာအမှားလုပ်မိလို့လဲ"
Yi Fan, Junရဲ့လက်မောင်းနှစ်ဖက်ကို
ဆုပ်ကိုင်ရင်းမေးလိုက်တယ်
JunmyeonကYi Fanရဲ့လက်နှစ်ဖက်ကို
ဖယ်ချရင်း. . .
"ငါမင်းကိုစိတ်ကုန်လာလို့"
"ပြီးတော့ငါမင်းကိုမချစ်ဘူး"
Junmyeonကပြောရင်းသူ့ဘယ်ဘက်
လက်ကိုထောင်ပြတယ်
"ငါ့လက်သူကြွယ်မှာမင်းပေးတဲ့လက်စွပ်မရှိတော့ဘုးငါKaiပေးထားတဲ့လက်စွပ်ကိုပဲဝတ်ထားတယ်ငါနဲ့ဆင်တူစွပ်ထားတဲ့မင်း
လက်စွပ်ကိုလည်းချွတ်လိုက်တော့. . .အခု
ကစပြီးမင်းနဲ့ငါဘာမှမပတ်သက်တော့ဘုး
ဒီနေ့..ဒီအချိန်..ဒီနေရာမှာမင်းနဲ့ငါလမ်းခွဲလိုက်ပြီ မင်းနဲ့ငါဆက်ဆံရေးလမ်းအဆုံးသတ်သွားပြီ...."
Junmyeonကပြောပြီးလှည့်ထွက်သွားဖို့
ပြင်တယ်
ဒါပေမဲ့Yi FanကJunရဲ့လက်လေးကိုဆုတ်ကိုင်လိုက်တယ်
Junကတော့Yi Fanကိုကျောခိုင်းထားဆဲ
ပါဘဲ
"မင်းကိုယ့်ကိုဘယ်တော့မှထားမသွားဘူးလို့ကတိပေးထားတယ်လေ"
"မင်းကတိဖျက်တော့မလို့လား"
Junmyeon,Yi Fan ရဲ့လက်ကိုဖြုတ်ချလိုက်ပြီး
"အဲဒီ့ကတိကို. . .မေ့လိုက်ပါတော့"
Yi Fanဘာပြောနိုင်တော့မှာလဲ. . .
ချစ်ရတဲ့သူကလမ်းခွဲစကားပြောနေတော့. . "ငါသွားတော့မယ်Yi Fan. . ."
Yi Fanသူ့ကိုကျောခိုင်းလှည့်ထွက်သွား
တဲ့သူသိပ်ချစ်ရတဲ့Junmyeonရဲ့ကျောပြင်ကိုကြည့်ရင်းမျက်ရည်ကျရုံမှတစ်ပါးဘာမှမတတ်နိုင်ခဲ့ပါဘူး. . .
"Saranghae Jun ah...."
Yi Fanအဲဒီ့စကာိးကိုJunmyeonရဲ့ကျော
ပြင်ကိုကြည့်ရင်းတိုးတိုးလေးပြောခဲ့တယ်Flashback end;
Jun ah...မင်းသိလား
မင်းကိုယ့်ကိုထားသွားပြီးနောက်ပိုင်းကိုယ်အသက်ရှင်ဖို့ခက်ခဲလို့အရက်တွေပဲသောက်နေခဲ့တယ်
ကိုယ်မင်းအသံလေးမကြားရလို့ညဘက်အိပ်မပျော်တိုင်းအိပ်ဆေးသောက်ပြီးအိပ်ခဲ့ရတာပါ. . . .
အခုမင်းပျော်နေရဲ့လား. . .
Kaiကကောမင်းကိုကောင်းကောင်းဂရုစိုက်ရဲ့လား
ထမင်းကောမှန်မှန်စားရဲ့လား Junရယ်. . မင်းပျော်နေမှာပါ. . .မင်းပျော်နေတယ်ဆိုကိုယ်ကျေနပ်ပါတယ်
"အရမ်းချစ်တယ် Jun saranghae:')"
^^^^^^^^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^^^^^^^^^^^^^^^^