နန်းတော်တစ်ခု၏ ထမင်းစားခန်းမကြီးတစ်ခုအတွင်းတွင်ဖြစ်၏
Hanbin : လူမဆန်တဲ့ကောင် ..ညီအစ်ကိုချင်းကိုယ်ချင်းစာစိတ်မရှိတဲ့ကောင် ...မင်းသေစမ်း
ရုတ်တရက် ရှေ့က ဟင်းပွဲပန်းကန်အား အစ်ကိုဖြစ်သူ၏ မျက်နှာသို့ရွယ်ကာ ပစ်ပေါက်လိုက်လေသည်
Jiyong လဲ ရုတ်တရက်မို့မရှောင်လိုက်နိုင်ဘဲ ပန်းကန်ကမျက်နှာကိုထိသွားရာ ကွဲသွားပြီး သွေးများကျဆင်းလာတော့သည်
ဒေါသထောင်းခနဲထွက်သွားသော Jiyong သည် ဘေးက ကိုယ်ရံတော်လွယ်ထားသော ဓားအိမ်မှဓားကိုထုတ်ကာ ထမင်းစားစားပွဲပေါ်တက်၍ Hanbin အား ခုတ်မည် ရွယ်လေသည်
Hanbin ၏ ကိုယ်ရံတော် jiwon ခေါ် bobby က hanbin အား ခုန်အုပ်လိုက်သဖြင့် jiyong ၏ ဓားချက်နှင့်လွတ်ကာ ထိုင်ခုံနှင့်အတူ ကြမ်းပေါ်သို့လဲကျသွားတော့သည်
ထိုစဉ် ...ကျယ်လောင်သောသေနတ်သံတစ်ခုထွက်ပေါ်လာပြီး
Jiyong ၏ ဓားလက်ထဲမှလွတ်ကျသွားကာ လူမှာလည်းစားပွဲပေါ်ထိုင်လျက်ကျသွားသည်
Mino ၏ မျက်ဝန်း၌လည်းမျက်ရည်များဝဲလာကာ မျက်နှာတစ်ခုလုံးဖြူစုတ်သွားသည်
Chaelin သည်လည်း ထိတ်လန့်အံ့သြမှုတို့ဖြင့် ကြမ်းပြင်ပေါ်သို့ပစ်လဲကျသွားလေတော့သည်
' မင်းသား !!!! '.....'မင်းကြီး ' စသည်ဖြင့် အသံများသည် သေနတ်သံကြောင့်တိတ်ဆိတ်သွားသောပတ်ဝန်းကျင်ကို
ဆူညံစေခဲ့သည်
Flashbacks
ဒီနေ့လည်း hanbin အတန်းလစ်ပြန်သည်
ကျောင်းအပြင်ကိုလဲထွက်လို့မရ ...ဒီတစ်ခါကျောင်း
မဆင်းသေးဘဲအပြင်ထွက်ရင် နန်းတော်ထဲမှာတစ်လ ပိတ်ထားမည်ဆိုသော အစ်ကိုဖြစ်သူ၏ အမိန့်ကြောင့် အပြင်ကလည်းမထွက်ရဲ ဘဲ ဘယ်သွားရမှန်းမသိ
YOU ARE READING
The Loyal Tears
Fanfictionအချစ်ဆိုတဲ့အရာဟာအရာရာကိုပြောင်းလဲစေနိုင်သလို တကယ်လည်းပြောင်းလဲပေးခဲ့တယ် အချစ်ရှိလို့အမုန်းရှိလာရတယ် အမုန်းရှိလို့အငြိုးရှိလာရတယ် အငြိုးကြီးတော့ကလဲ့စားဆိုတာတွေပေါ်ပေါက်လာရတယ် ကလဲ့စားဆိုတာတွေကြောင့်အချင်းချင်း တိုက်ခိုက်မှု...