##ONE SHOT

772 68 0
                                    

***ချစ်မိသွားပြီ***

#One Shot
KS is real

ချောမောခန့်ညားတဲ့ကောင်လေးတစ်ယောက်နဲ့လူမိုက်တွေလို့ထင်ရတဲ့လူငယ်တစ်ဖွဲ့ရန်ဖြစ်နေကြသည်

အများနဲ့တစ်ယောက်ဆိုပေမယ့်ထိုကောင်လေးရဲ့တိုက်ရည်ခိုက်ရည်ကြောင့်နောက်ဆုံးတော့လည်းထိုကောင်လေးပဲအနိုင်ရသွားတယ်

Boy!!!!!!မင်းမှတ်ထားဖို့ကငါကဘယ်ကောင်မလေးကိုမှအတည်တွဲတာမဟုတ်ဘူး

ဘယ်မိန်းမကိုမှလည်းမချစ်ဘူး

မင်းညီမလည်းဒီတိုင်းပဲ

မင်းညီမကငါ့နားလာကပ်နေလို့ငါကအားနာနာနဲ့တွဲပေးလိုက်ရုံပဲ

မင်းမကျေနပ်သေးရင်ကြိုက်တဲ့နေရာမှာစာရင်းရှင်းလို့ရတယ်

ခုတော့ငါသွားပြီ

Boy!!!!!မင်းကွာတစ်နေ့ငါ့ညီမခံစားသလိုမင်းပြန်ခံစားရမယ်

ထိုကောင်လေးကမချိပြုံးလေးတစ်ချက်ပြုံးလိုက်ပြီးထိုနေရာမှထွက်လာခဲ့သည်

ထိုကောင်လေးသူက???

အချစ်ဆိုတာဘာမှန်းနားမလည်တဲ့ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်

ကောင်မလေးများရဲ့အသည်းစွဲလေ

သူဌေးသားယောကျာ်းပီသပြီးဆွဲဆောင်မှုရှိလွန်းသည်ရည်းစားလည်းများသည်ဒါပေမယ့်သူကအချစ်ဆိုတာကိုနားမလည်ဘူး

မိန်းကလေးများနဲ့တွဲတာကသူ့အတွက်ကတော့ပျင်းနေတဲ့အခါကစားရုံသက်သက်လောက်ပါပဲ

သူ့Appaကိုအရွဲ့တိုက်ကာဆိုးချင်တိုင်းဆိုနေတဲ့ကောင်လေး

သူ့ကသူလုပ်ချင်တာကိုမရရအောင်လုပ်တယ်

သူလိုချင်တာကိုလည်းမရအောင်ယူတတ်တယ်

ဒါကKim Kaiဆိုတဲ့ကောင်လေးရဲ့ဘဝ

~~~~~~~~~~~~~~

မိုးတွေသည်းထန်စွာရွာနေသည်

မိုးချိန်းသံတွေကလည်းကျယ်လောင်ပြီးထိတ်လန့်ဖွယ်ကောင်းလှသည်

ဒီလိုအချိန်တွေဆိုသူမအရမ်းကြောက်သည်

သူများတွေရဲ့အမြင်မှာတော့သူမကရွှေဘုံမှာစံနေတဲ့ဘာလိုအပ်ချက်မှမရှိတဲ့မိန်းကလေးတစ်ဦး

ချစ်မိသွားပြီWhere stories live. Discover now