"မောင်"
ကျွန်မခေါ်သံကြောင့် ကျွန်မကိုလှည့်ကြည့်လာသည့်မောင်။ ဖြူစင်သည့်မျက်ဝန်း၊ ဖြောင့်စင်းသည့်နှာတံနှင့် ရိုးသားသည့်မောင့်မျက်နှာက ဘယ်အချိန်ကြည့်ကြည့် ကျွန်မကိုရင်ခုန်စေသည်လေ။ ကျွန်မမောင့်ဆီပြေးသွားလိုက်တော့ မောင်ကအပြုံးနှင့်အတူ လက်နှစ်ဖက်ကိုဘေးကိုကားလျက်ကြိုဆိုသည်။ ကျွန်မမောင့်ရင်ခွင်ထဲသို့ ကလေးလေးတစ်ယောက်လိုတိုးဝင်လိုက်သည်။ တကယ်ပါ...ဘယ်အချိန်ဖြစ်ဖြစ်မောင့်ရင်ခွင်က ကျွန်မကို နွေးထွေးစေသည်လေ။
"မောင်စောင့်နေရတာကြာပြီလားဟင်"
မောင်ကခေါင်းလေးအသာခါပြပါသည်။
"ဂျူး"
"ဟင်"
"မောင်တောင်းပန်ပါတယ်။ မောင်ညနေမလာနိုင်တော့ဘူး"
ကျွန်မမျက်နှာလေးမဲ့သွားမိသည်။ ဒီနေ့ဘာနေ့လဲဆိုတာ မောင်သိရက်နဲ့များတမင်လုပ်တာလားကွယ်။
"မောင်လေအရမ်းလာချင်ပါတယ်။ ဂျူးနဲ့လည်းတွေ့ချင်သေးတယ်။ ဒါပေမယ့်လေ မောင်တို့ ကုမ္ပဏီက အထက်လူကြီးကလေ ဒီနေ့သူ့မွေးနေ့မို့လို့တဲ့။ အဲ့ဒါ ကုမ္ပဏီမှာပဲ ကျင်းပမှာမို့တဲ့။ ဝန်ထမ်းအားလုံးကိုစုံမောင်တွေ့ချင်တယ်တဲ့။ မောင်လေ...မောင်"
ကျွန်မစိတ်ဆိုးမှာစိုးလို့ အသည်းအသန်ရှင်းပြနေတဲ့မောင့်ကိုကျွန်မသနားသွားမိသည်။ မောင့်လက်ကလေးတွေကိုအသာဆုပ်ကိုင်လိုက်ရင်း ကျွန်မအားပေးအပြုံးလေးပြုံးပြလိုက်ပါသည်။
ဒီနေ့ကား ကျွန်မနှင့်မောင်ချစ်သူဖြစ်ခဲ့တာ သုံးနှစ်ပြည့်သည့်နေ့ပင်ဖြစ်သည်။ တက္ကသိုလ်အတူတူဖြစ်ခဲ့သော်လည်း ကျွန်မထက် ၂နှစ်ကြီးသည့်မောင်က ကျွန်မကျောင်းမပြီးခင်မှာပင် ဘွဲ့ရပြီး ကုမ္ပဏီကြီးတစ်ခုတွင် ဝန်ထမ်းအဖြစ်အလုပ်ရသည်လေ။ မောင့်၏ကြိုးစားမှုကြောင့်တစ်နှစ်အတွင်းမှာပင် အထက်လူကြီးနှင့်အနီးဆုံးနေရာ အတွင်းရေးမှူးအဖြစ်ရာထူးတိုးခဲ့သည်။ ကျွန်မဘွဲ့ယူသောနေ့တွင်ပင် မောင်နှင့်ကျွန်မပတ်သတ်မှုကို လူကြီးတွေထံအသိပေးခဲ့သည်။ မောင်၏ရိုးသားမှုနှင့်ကြိုးစားမှုကြောင့် နှစ်ဖက်လူကြီးတွေသဘောတူခဲ့သည်။ ကျွန်မနှင့်မောင်သည် နောက်တစ်လနေလျှင်လက်ထက်တော့မှာဖြစ်ပြီး အခုမောင်ကလက်ထက်ဖို့အတွက် အလုပ်ကိုနှစ်ဆကြိုးစားကာပိုက်ဆံရှာနေသည်တဲ့လေ။
YOU ARE READING
You Are Mine...
Любовные романыYes, this is my new fic as well as my first 18++ fic. If your age is not over 18, do not read this fic. I am warning.