THE GREATEST LOVE

1.2K 133 7
                                    

[Unicode Version]

The Greatest Love

SM Entertainment ရဲ့ ခပ်ကျဉ်းကျဉ်း Practice Room မှာ သီချင်းနှင့်အညီ ခန္ဓာကိုယ်တွေအား လှုပ်ရှားနေသည့် ကောင်လေးတစ်ယောက်။နာရီဝက်နီးပါးကြာအောင် ကပြီးမှ ဖုန်းနဲ့ ချိတ်ဆက်နေသည့် Bluetooth Speaker ကို ဖြုတ်လိုက်သည်။ထို့နောက် ပင်ပန်းလွန်းသည်မို့ ပစ်လှဲချရင်း အနားယူနေမိသည်။ထို့နောက် အဖေဖြစ်သူဆီ ဖုန်းဆက်လိုက်သည်။

"HelloAppa၊ကျောင်းပြောင်းဖို့ ကိစ္စ အဆင်ပြေရဲ့လား"

"ပြေတယ် သား။အေးဆေးပဲ။ပြီးတော့ ကျောင်း နဲ့ရော ၊ Entertainment နဲ့ရော နီးတဲ့နေရာမှာ Appa တိုက်ခန်းခပ်သေးသေးတစ်ခု ငှားပေးထားတယ်။ခုလေးတင် မင်း Eomma နဲ့ အတူတူ ကျောင်းဝတ်စုံသွားဝယ်နေတာ။"

"ချစ်တယ်နော် Appa"

"ဒီကောင်လေးမကြီးမငယ်နဲ့ အဖေကို ကပ်ချွဲနေပြန်ပြီ။ကဲTraining သာ သေချာလုပ်။သားကို သေချာ Supporting လုပ်ပေးရမှာက Appa တို့ တာဝန်"

"ဟုတ်"

Jongin ပြောပြီး ဖုန်းချလိုက်သည်။အခုလိုမျိုး နောက်ကနေ သေချာပံ့ပိုးပေးသည့် မိသားစုကို ပိုင်ဆိုင်ရတာ သူ့အတွက် ကံအကောင်းဆုံး ဖြစ်သည်။Jongin ညနေရောက်တော့ သူ့ Appa ပို့ထားသည့် လိပ်စာအတိုင်း သွားလိုက်သည်။အခန်းလေးက ကျဉ်းပေမဲ့ သူတစ်ယောက်စာအတွက်တော့ လုံလောက်သည်ထက်ပင် ပိုသေးသည်။

အခန်းအား အကုန် ပြင်ဆင်ပေးသွားကာ ဟင်းအရံတွေ နဲ့ ကျောင်းတက်ဖို့ လိုအပ်သည်များပါ ပြင်ဆင်ပေးသွားသည်မို့ Jongin သူ့ Appa နဲ့ Eomma ကို message ပို့ပြီးသာ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ဒီနေ့အဖို့ လေ့ကျင့်ရေးဆင်းရတာ ပင်ပန်းသည်မို့ သူလည်း ရေချိုးပြီးသည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်တော့သည်။

^^^ THE GREATEST LOVE ^^^

Kyung Sooဒီရက်ပိုင်း အချိန်ပိုင်းအလုပ်တွေကို တတ်နိုင်သလောက် ကြိုးစားလုပ်နေမိသည်။သူ တစ်ဖတ်သတ်ချစ်ရသည့် သူ့သူငယ်ချင်းလေး Soo Hee ရဲ့ မွေးနေ့ရောက်တော့မည်မို့ သူ ဒီတစ်ခေါက်တော့ မွေးနေ့လက်ဆောင်ကောင်းကောင်းလေး ပေးချင်မိသည်။ထို့ကြောင့်လည်း တတ်နိုင်သလောက် အချိန်ပိုင်းအလုပ်တွေ လုပ်မိသည်။ယခုလည်း တနင်္ဂနွေနေ့ တစ်နေလုံး Mini Store မှာ အလုပ်လုပ်ပြီး ညပိုင်းပါ တခါတည်း ဆက်ယူထားမိသည်မို့ ကျောင်းကို အိပ်ချင်မူးတူးဖြင့်သာ လာပြီး အခန်းထဲ ရောက်ကတည်းက အိပ်နေမိတော့သည်။

THE GREATEST LOVE#One Shot(Unicode & Zawgyi Version)Where stories live. Discover now