Character - Hanbin (B.I)
Type - angst , depressionပြာလဲ့လဲ့ အပေါစားနီယွန်မီးမှိန်မှိန်ကလွဲလို့ သူထိုင်နေတဲ့ ဆိုင်ထောင့်က အမှောင်ရိပ်ကျနေသည်။ အစွန်းအထင်းတွေနဲ့ အစင်းရာတွေပြည့်နေသည့် သစ်သားစားပွဲပေါ်က ဆိုဂျူး နှစ်ပုလင်းကို ကြောင်ကြည့်နေမိပြီးမှ နှုတ်ခမ်းအပဲ့နှင့် ခပ်ညစ်ညစ်ဖန်ခွက်ထဲ ငှဲ့ထည့်လိုက်သည်။ တချက် ချိတုံ ချတုံဖြစ်နေပြီးမှ ခွက်ထဲထည့်ထားသည့် ဆိုဂျူးကို တကျိုက်တည်းနှင့် မော့ချလိုက်တော့ သူ့လည်ချောင်းတလျှောက် မီးစနဲ့ထိုးလိုက်သလို ပူဆင်းကျပြီး တစ်ကိုယ်လုံးထူပူသွားသည်။
ဒါပထမဆုံး သူ အရက်သောက်ဖူးတာဖြစ်သည်။
"မင်းကိုယ့်ကိုယ်ကိုကော ယုံကြည်မှုရှိရဲ့လား"
သူ့မှာ ပြန်ဖြေစရာစကားကမရှိ။ သူရေးထားတဲ့ သီချင်းအပုဒ်ရာချီနေတဲ့ အထဲက တစ်ပုဒ် နှစ်ပုဒ်သာ အရွေးခံရပြီးနောက် သူ့မှာ ယုံကြည်ချက်က ပျောက်ဆုံးနေပြီ။
"မင်းတို့ debut နဲ့ Big Bang come back ဘယ်ဟာအရင်လာရမယ် ဆိုတာ ငါပြန်စဉ်းစားလိုက်ဦးမယ်။"
သူမျှော်လင့်ချက်တွေ ထပ်ပြီးနောက်ရွှေ့ရပြန်ပြီ။ သူ ဘယ်နှနှစ်ထပ်စောင့်ရဦးမလဲ။ နောက်ထပ် ဘယ်နှနှစ်တိုင်အောင် သူကြိုးစားရဦးမလဲ။
"အခုပုံစံနဲ့တော့ မင်းတို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။"
Sajangnim နဲ့ အထင်သေး စိတ်ပျက်တဲ့ စကားနဲ့ အတူ စားပွဲကို ကျော်ပြီး ပစ်ပေးလိုက်တဲ့ သူတို့သီချင်းတွေထည့်ထားသည့် Memmory stick ကို ကိုင်ပြီး သူငိုင်နေမိသည်။
နောက်ထပ် ဆိုဂျူး တစ်ခွက်ကို သူမော့ချလိုက်ပြီး နှုတ်ခမ်းထောင့်မှာပေနေတဲ့ အစအနတွေကို လက်မနဲ့ သုတ်လိုက်ပြီး ဦးထုပ်ကို မျက်နှာ တစ်ခြမ်းဖုံးသွားအောင် ပိုဆွဲချလိုက်သည်။ ဒီလောက်မှောင်မဲနေတဲ့ ဆိုင်စုတ်စုတ်ချာချာထဲမှာ သူ့ကို မမြင်နိုင်ဘူးဆိုတာ သိပေမယ့် ကျောမလုံ။ Debut တောင် မလုပ်နိုင်သေးခင် ပြဿနာတက်ရတာမျိုး ဘယ်သူက အဖြစ်ခံနိုင်မှာလဲ။ ဒါဆို ဘာလို့ သူဒီနေရာကို လာနေသေးလဲ။

YOU ARE READING
Air Bag
ФанфикSMTM3, Mix & Match နဲ့ မြောက်များလှစွာသော ဖိအားတွေကြားမှာ Hanbin တစ်ယောက် ဘယ်လိုရှင်သန်မလဲ (One shot)