အချိန်ကား ဂျိုဆွန်ခေတ်....
စစ်သူကြီး တစ်ဦး၏အိမ်တွင်...
ရုပ်ချင်းခွဲမရအောင် တူသော ကလေး၂ယောက်... အရွယ်မရောက် တစ်ရောက် အရွယ် ဖြစ်သည်... ကောင်လေး နဲ့ ကောင်မလေး ဖြစ်ပြီး နေရာကတော့ ကောင်မလေး၏ အခန်းတွင်...
Yoo ::: အစ်မရာ... လုပ်ပါ... ကျွန်တော်မှ မသင်ချင်တာကို... ကျွန်တော်က အစ်မ သင်တာတွေပဲ စိတ်ဝင်စားတာ... အဲ့ဓားတွေ မြင်တောင် မြင်ချင်တာ မဟုတ်ဘူး...
Yeon ::: အစ်မလည်း အမြဲတမ်းကြီး မသင်ချင်ဘူး... ပင်ပန်းတယ်... Yoo ရဲ့...
Yoo ::: ဟာ... မသိဘူးဗျာ... သွားသင်ပေး... ကျွန်တော် ဒီထဲမှာပဲ နေမှာ..
Yeon ::: ခက်လိုက်တာ... Yoo ရယ်...
Yoo ::: မခက်ပါနဲ့... အရင်တုန်းကလည်း ဒီလိုပဲ သွားနေကျကို... သွားတော့နော်... ဒီမှာ အင်္ကျီယူလာခဲ့တယ်... လဲပြီး သွားလိုက်တော့နော်...
ဒီတစ်ယောက်တည်း ရှိတဲ့ မောင်လေးကို ချစ်လွန်းတော့လည်း သူပူဆာတဲ့အတိုင်း လုပ်ပေးရပြန်ဦးမည်...
***
စစ်သူကြီး တွင် သားနဲ့ သမီး ၂ယောက် ရှိသည်...သားနာမည်က Yoo ဖြစ်ပြီး သမီးနာမည်မှာ Yeon ဖြစ်သည်...
Yoo က အငယ်ဖြစ်ပြီး Yeon က အကြီး ဖြစ်သည်... Yeon က သူ့မောင်လေးကို အရမ်းချစ်ပြီး သူ့မောင်လေး အလိုကိုလည်း အရမ်းလိုက်လေသည်...
စစ်သူကြီးက သူ့သားကို အတိုက်အခတ် ပညာတွေ အားလုံးကို ငယ်ငယ်လေးတည်းက သင်ပေးတယ်... ဒါပေမယ့် Yoo က အဲ့လိုပညာတွေကို လုံးဝ စိတ်မဝင်စား... Yoo မှာ ငယ်စဉ်အခါ ကတည်းက ယောကျာ်းလိုမျိုး ကျားကျားယားယား မဟုတ်... မိန်းကလေးလိုမျိုးနွဲ့လေသည်... မိန်းကလေးအလုပ်တွေဖြစ်တဲ့ ချည်ထိုးပန်းထိုး အလုပ်တွေ အားလုံးစိတ်ဝင်စားသည်... အတိုက်အခိုက်တွေကို ဝါသနာမပါ...
အဲ့ဒါကြောင့် အမြဲတမ်း သူ့အစ်မကို အပူကပ်ကာ ဓားရေးမသင်ချင်တဲ့ အကြောင်းပြောပြီး အစ်မကို လူစားလဲပြီး သူ့အစ်မကို ဓားရေးသင်တဲ့ဆီကို သွားခိုင်းလေသည်...
Yeon ကလည်း သူ့မောင်လေးကို အရမ်းချစ်တော့ ငယ်ငယ်တည်းက ယောကျာ်းလေးတွေ သင်တဲ့ ဓားရေး / စာပေပညာ အားလုံးကို Yoo စိတ်တိုင်းကျ သင်သည်... သူသင်ချင်လွန်းလို့ မဟုတ်ဘဲ သူ့မောင်လေး အလိုကျ သင်ရခြင်း ဖြစ်သည်...