ဟိုဘက်အိမ် နှင့် ဒီဘက်အိမ်

7.7K 531 57
                                    

လူချမ်းသာ ရပ်ကွက်မဟုတ်သော်ငြားလည်း တိတ်ဆိတ်၍ အေးချမ်းသော ရပ်ကွက်ဝယ်
၂ ထပ်တိုက် ခြံကျယ်ကျယ်နှင့် ရောင်စုံအိမ်လေးများမှာနေချင်စရာကောင်း
လှသည် အိမ်တိုင်းလိုလို ခြံကျယ်ထဲ ၂ ထပ်တိုက် အိမ် ၁ အိမ်ဆီ ရှိပါသော်ငြား ထို ခြံကြီး ၁ ခြံထဲ၌ တော့ ၂ ထပ်အိမ် ၂ အိမ်ကို ဘေးချင်းကပ်လို့ ဆောက်ထားသည် မည်မျှ ကပ်သနည်း ဆို ဝရံတာ ၂ ခုမှပင် ဟိုဘက်အိမ် နှင့် ဒီ ဘက်အိမ် ကိုပင်ကူး၍ရလေသည် အိမ် ၂ အိမ်၏ အရောင်မှာလဲ တခြားအိမ်များနှင့်မတူ ............
အဖြူ ရောင်ဆေးသုတ်ထားသော အိမ်တွင်
xiumin , luhan , suho , Beakhyun , DO , Tao တို့ နေလေသည် Tao သည် အဖွဲ့ တွင် အငယ်ဆုံးဖြစ်သည့်အလျောက် beak နဲ့ အတွဲများပြီး ဆွဲတေးလန် အော်ကြောလန်
ကတ်ကတ်လန် လန် ၃ လန် ဘွဲ့ ရ့ ရှိ
ထားသူဖြစ် သည် သူ ၃ လန် မ လန် နိုင်သည့် အချိန်သည် တစ်ချိန်တည်းသာ
ရှိသည် ထိုအချိန်သည် ဟိုဘက်အိမ်မှ galaxy ရူးရူးနေသည့် wu yifan ခေါ် kris ဖြစ်သည် မ လန် နိုင်သည်မှာလဲ တခြားကြောင့်မဟုတ် kris သည် သူ့ ထက် လန် သောကြောင့်သာဖြစ်သည် ( ကတ်ကတ်လန်တာ ပြောသည် )

မီးခိုရောင်သုတ်ထားသောထားသောအိမ်တွင် kris , chanyeol , Lay , chen , kai , sehun တို့ နေကြသည် သူတို့ အမည်ပေးထားသော ဒီဘက်အိမ် ထက် ရှည်သမျှရှည် လောရှည် ၆ ယောက် မျောက်လောင်း အမွှေစိန် များဖြစ်ကြသည်
သူများထက်ထူး နဖူးတွင် ချို ပေါက်သလား
ဟုပင်မေးယူရမည့်ပုံ သူတို့ ကြောင့် အေးချမ်းတိတ်ဆိတ်သောရပ်ကွက်တွင်လည်း အမျိုးမျို့း သော ဆူညံမှု့ များစတင်လာခဲ့သည် .....................

~~အချိန်ကားးးနံနက် ၆း ၀၀~~

suho တစ်ယောက် မနက် 6:00 အချိန်
ဘုရားဝေယျာဝစ္စ ကိစ္စ အဝဝ တို့ ကို ပြု လုပ်ပြီး ဘုရား ရှိခိုးရန် ဘုရားစဉ် ရှေ့ ၌ နေရာယူလိုက်သည်

သြကာသ ... သြကာသ ... သြကာသ
.................................
.................................
.................................
.................................
ယနေ့ ပြု ပြု သမျှ ထိုကောင်းမှု ကို အကြောင်းပြု ၍ တပ...ပည့် ............

ဟုတ်ကဲ့ ဇာတ်လမ်းကတော့ စလေပြီ
Suho တစ်ယောက် ကြေးစည်လေးကိုင်
ကာ တူဖြင့်ထုရန် အသင့်အနေထားတွင် ဒီဘက်အိမ် မှ ဇာတ်လမ်းကို မသန်းက အဲလေ Yi Xing ခေါ် တရုတ်ကာလနဂါး lay မှ စလေတော့ suho တစ်ယောက်
အမျှတောင် မဝေ နိုင်တော့ပါ အမွှေစိန် တစ်ယောက်တော့ဖောက်လေပြီ

EXO ➡One Shot နှင့် ဟာသများစုစည်းမှု့     {HIATUS}့ Where stories live. Discover now