ကျနော်မသိသော သူ၏အခြားတစ်ဖက်
Taoris (Yaoi)
By ^liveforLUHAN^••••• The Other Side Of Him •••••
°°°°° Epi 5 °°°°°ဆေးရုံကဆင်းပြန်တော့ Xiao Mi Jiejie က Tao က အိမ်မှာတစ်ယောက်တည်းမို့ စိတ်မချလို့ သူတို့အိမ်ကိုခေါ်လာဖို့ အမိန့်ချလိုက်တယ်… Kris ကတော့ မှုန်ပေပေမျက်နှာဘေးနဲ့… ဒီကလေးစုတ်နဲ့ ဘယ်လိုနှပါးသွားရပါ့??? Tao ပုံလေးကလည်း လိုက်ချင်နေတယ် သနားကမားလေး… Huuu… နောက်ဆုံးတော့လည်း သူ့မျက်နှာလေးကို သနားမိတာနဲ့ အလျော့ပေးလိုက်ရတာ ကျနော်ပါဘဲ……
ကားပေါ်မှာ Xiao Mi Jie ကကားမောင်းတယ်… Kris က Tao ဘေးမှာ… Tao စကားတစ်ခွန်းမှမဟ ပြတင်းပေါက်လေးကသာ အပြင်ကိုကြည့်ရင်း လိုက်ပါတယ်… သူ့လို သွက်လက်နေတဲ့ ကြောင်ပေါက်စလေးက ဘာလို့ဒီလောက် ငြိမ်နေရတာလဲ? Kris အတွေးများနေတုန်း ကားလေးတုန့်ခနဲရပ်သွားပြီး…
" Jie… "
" ဝေ? ပြော "
" Ta… Tao အိမ်မှာပဲနေပါ့မယ်… GeGe စိတ်အနှောက်ယှက်ဖြစ်နေမှာစိုးလို့ "
" ဂရုစိုက်မနေနဲ့… အဲ့ကောင်က အဲ့လိုပဲ Jie က Tao ကိုစိတ်မချလို့ "
" ဒါပေမဲ့ Ge က… "
" ငါဘာပြောနေလို့လဲ?? နေခွင့်ပေးထားတာဘဲ ကြိုက်သလိုလုပ် !!! "
တစ်ချက်အော်ပြီး ကားပေါ်က ဆင်းသွားတာမို့ Tao ငိုမိပြန်တယ်… သူက သေမလိုချစ်သလောက် ဟိုက အသည်းမာလိုက်တာ… Tao ဘာမှမပြောဘဲ ကားပေါ်ကဆင်းကာ သူ့အိမ်သူပြန်သွားလေတယ်… အဲ့လိုကျပြန်တော့ Kris စိတ်ထဲ မတင်မကျ… သနားမိတာလား ဘာမှန်းမသိတဲ့ခံစားချက်နဲ့အတူ Tao အိမ်ရှေ့ရောက်သွားလေပြီ…
" Huang Zi… အင့်… "
" သိနေတယ် လာခေါ်မယ်ဆိုတာကို "
Kris စကားမဆုံးသေးခင် Kris ခါးကိုဖက်ကာ ရင်ခွင်ထဲတိုးဝင်လာတဲ့ Zi Tao ဆိုတဲ့ Panda ပေါက်စ… ခါးကိုမလွှတ်တမ်းဖက်ထားရင်း ရင်ခွင်ထဲက ပြုံးစစနဲ့ လာကြည့်နေတဲ့ ကလေးလေးနဖူးကို လက်နဲ့ခပ်ဖွဖွတောက်လိုက်တယ်…… ကျနော် ပြုံးနေမိတယ်…… ဟုတ်တယ် Zi Tao ကြောင့် ကျနော်ပြုံးတတ်လာပြီ……
YOU ARE READING
ကျနော်မသိသော သူ၏အခြားတစ်ဖက် (Other side of Him) Taoris
FanfictionBy @liveforLUHAN ^^ Type>> Yaoi, Sweet, Romance, Angust ကလိကလိနဲ့ ခါတိုင်းနဲ့မတူအောင် ရေးပေးထားပါတယ်ရှင့် ^-^ One shot တော့မဟုတ်ဖူး~~~ I hope u'll enjoy my Fic :)