(ဖြစ်ရပ်မှန်မို့လို့ ဖတ်ရင်းနဲ့ ကြောက်တောင်ကြောက်တယ်။ ဖတ်ကြည့်ပြီး
ချွေးမဖြစ်လာမယ့် မိန်းကလေးများ ဆင်ခြင်နိုင်ကြပါစေ)
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
"သမီး သမီး ရီမေ အမေ ဗိုက်စာလွန်းလို့ 
မုန့် ဟင်းခါလေး နဲနဲလောက် အမေ့ ကိုဝယ်ကျွေး
ပါ့လားကွယ် အမေ တောင်းပန်ပါတယ် "
အသက် ( ၇၀) ကျော် မျက်မမြင် အဘွားအို ဒေါ်မှီက
ချွေးမဖြစ်သူအား တောင်းပန် ခယပြီး ခြေသလုံး
ဖက်မတတ် ပြောလေသည်။ သို့ သော် ချွေးမဖြစ်သူ
ရီမေက တုံဏှိဘာဝေ မကျေ မနပ် မျက်စောင်းချီကာ
ကြက်သားဟင်း နှင် ထမင်း စားလက်စကို ဆက်စားလေသည်။
"သမီး ရီမေ ရယ် အမေတောင်းပန်ပါတယ် အမေ့ 
ရင်တွေ တလှပ်လှပ် ဖြစ်ပြီး စာလွန်း လို့ ပါ"
အဘွားအို ဒေါ်မှီက ဆာလောင်မှုကို မြိုသိပ်မရနိုင်ဘဲ
ချွေးမဖြစ်သူအား ဒုတိယ မြောက် တောင်းပန်
အသနားခံလိုက်ပြန်သည်။ ဒီတစ်ခါတော့ ချွေးမဖြစ်သူ
ရီမေ တစ်ယောက် ထမင်းပန်းကန်ကို ဝုန်းခနဲ ပစ်ချပြီး
၎င်း၏ ခြေသလုံးအား ဖတ်တွယ်လာသော ယောက္ခမဖြစ်သူ
အဘွားအို ဒေါ်မှီ၏ ပိန်လှီလှီ လက်အစုံကို ဖြုတ်ယူကာ
တွန်းလှဲ ပစ်လိုက် သည်။တွန်းလှဲ လိုက်သည့်  အရှိန်ကြောင့် အဘွားအို ဒေါ်မှီ
တစ်ယောက် ကြမ်းပြင်ပေါ် အထိန်းအကွပ်မဲ့လဲကျသွားရှာ၏။"တော်စားချင်ရင် တော့်ယောက်ျားလာမှဝယ်ခိုင်း
ကျုပ်မှာ ပိုက်ဆံ မရှိဘူး"ချွေးမ ဖြစ်သူ ရီမေ၏ စကားကို မမျှော်လင့် မထင်မှတ်ဘဲ
ကြားလိုက် ရသော အဘွား အို ဒေါ်မှီသည် စိတ်မကောင်း
လွန်းစွာဖြစ်လျှက် ကြားရသော စကားက နားနှစ်ဖက်လုံး
သံရေပူနှင့် လောင်းခံလိုက်ရသလို ဖြစ်သွားတော့သည်။ချွေးမဖြစ်သူ ရီမေ ပြောလိုက်သော "တော့်ယောက်ျား" ဆိုသည်မှာ
အဘွားအို ဒေါ်၏ တစ်ဦးတည်းသောသား မောင်ညိုဝင်း
ကိုရည်ညွန်းပြီး ပြောလိုက်ခြင်းဖြစ်သည်။ထို့ ကြောင့် အဘွားအို ဒေါ်မှီ သည် သားအမိချင်း
ပြန်ပေးစားလိုက်သည့် မိန်းမ မိုက် ချွေးမအပေါ်
စိတ်မကောင်း ဖြစ်သွားရခြင်းပင်။သို့ သော် အဖွား အို ဒေါ်မှီသည် ချက်ချင်း စိတ်ကို
ပြောင်းလဲကာ ချွေးမ ခမျာ အပြစ်ရသွားမည့် အတွက်
စိုးရိမ်ပြီး ခွင့်လွှတ် သည်းခံ လိုက်လေသည်။
မေတ္တာ စေတနာ မပျတ် ထားလိုက်သည်။
ပြီးတော့ အဘွားအို ဒေါ်မှီ ကိုယ်တိုင်ကလည်း မျက်မမြင်
ဒုက္ခိတကြီးမို့  ချွေးမတို့ ထံ၌ ပင် ခိုကပ်နေထိုင်
စားသောက်နေရသည် မဟုတ်လား။
နေ့ စဉ် ပင်ပင် ပန်းပန်း နှင့် မိသားစု အတွက် ရုန်းကန်ရှာဖွေ
နေရသော ၎င်း၏ သား မောင်ညိုဝင်း ကိုလည်း
စိတ်ဆင်းရဲမှာ စိုးရိမ်သည် ။ ၎င်း၏ မိခင်အို ဒုက္ခိတကြီးအား
မယားဖြစ်သူက ညိုညင်စိတ် မရှိ ဂရုစိုက်မှာပဲဟု
တွက်ဆထားသူ။ ထိုကဲ့သို့  ယုံကြည် စိတ်ချရအောင်လည်း
မောင်ညိုဝင်း အလုပ်မှ ပြန်ရောက်လာသည် ဆိုလျှင်ဖြင့်
သူမ၏ ယောက္ခမ အဘွားအို ဒေါ်မှီ ကို ဘယ်လိုပြုစုပေးကြောင်း
ဘယ်လို အစား အစာတွေ ကျွေးကြောင်း စသည်ဖြင့်
မာယာ ပရိယာယ် ဆင်၍ ချွဲနွှဲ့ အယုံကြည်သွင်းတက်သူ
ဖြစ်သည်။ မောင်ညိုဝင်း ခမျာမှာတော့ နောက်ပိုင်းမှာ
ဖြသ်နေသည့်  ပြဿနာတွေကိုတော့ လုံးလုံးသိရှာသူမဟုတ်။
ယခုလည်း အဘွားအို ဒေါ်မှီတစ်ယောက် တစ်မနက်လုံး
ဘာအစာမှ မစားမသောက်ရသေးဘဲ နေမွန်းတည့် ချိန်
ကျော်လွန်လာ သောအခါ ဆာလောင်မှုဝေဒနာ
မခံစား နိုင်လွန်း၍ ထင်ပါသည်။ ချွေးမထံ ခယတောင်းပန်ပြီး။
၎င်း၏ ဝမ်းလေး အား ဖြည့် ဆည်းလိုသော်လည်း
ယခုကဲ့သို့  မကြားဝံ့ မနာသာ တုံ့ပြန်ခံလိုက်ရခြင်းဖြစ်သည်။
သို့ သော် အဘွားအို ဒေါ်မှီသည် ချွေးမလောင်း
ကိုယ်တိုင် ကြက်သားဟင်းဖြင့် ချက်ပြုတ်စားသောက်
နေသည်ကို သိပါသည်။