Part - <1>

1.8K 131 2
                                    

One Heart but Two People~~~

"ကိုကို! ကိုကို!"

ကျယ်လောင်စွာ ထွက်ပေါ်လာသည့် ခေါ်သံကြောင့် လေဆိပ်ကလူတွေ ကွက်ကြည့် ကွက်ကြည့် လုပ်နေကြပေမယ့် ဂရုစိုက်မအားပါ~~~

အခုချိန် ကျွန်တော်လိုအပ်နေတာ ကိုကို့ကို
အခုချိန် ကျွန်တော် မြင်ချင်နေတာ ကိုကို့ကို~~~~

ဘုရား သခင်က ကျွန်တော်ဘက်မှာ ရှိနေပေးသည် ထင်ပါရဲ့~~~
ကျွန်တော် အချိန်မီ တွေ့ခဲ့သည်~~~
ကျွန်တော် ကို ထားသွားတော့မည့် ကိုကို့ခြေလှမ်းတွေကို တားနိုင်တော့မည်~~~~

Sehun- "ကိုကို! ကိုကို! ခဏလေး နေပါဦး!!"

မောသံလေး စွတ်နေပေမယ့် ကျွန်တော် ဆီမှာ ကပ်ကျိနေသည့် မျှော်လင့်ချက်လေးကို ကိုကို မြင်နိုင်ပါစေ~~~

"ငါ့ကို အဲ့လို မခေါ်နဲ့လို့ ငါပြောထားတယ်မလား!!! ကြားရတာ ရွံလွန်းလို့!!! အော်ဂလီ ဆန်လွန်းလို့!!"

တစ်ချိန်က ကြားရတာ အချိုမြိန်ဆုံးလို့ ပြောခဲ့သည့် နှုတ်ခမ်း တစ်စုံကတောင် ရွံသည်လို့ ပြောနေပြီလေ~~~

Sehun- "တောင်း...တောင်းပန်ပါတယ်... မကြိုက်ဘူးဆိုရင် မခေါ်တော့ပါဘူး~~~ ကျွန်တော့်နဲ့ ပြန်လိုက်ခဲ့ပါနော်.. မှားတာရှိရင် တောင်းပန်ပါ့မယ်... မကြိုက်တာရှိရင်လည်း ပြင်ပါ့မယ်... ကျေးဇူးပြုပြီး ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါနော်~~ မဟုတ်ရင် ကျွန်တော် သေလိမ့်မယ်!"

သူ့လက်မောင်းကို အားကိုးတကြီး ဖက်တွယ်ထားမိပေမယ့်လည်း လက်တစ်စုံကို စိမ်းကားစွာ ဖြုတ်ချလိုက်ရင်း တစ်စိမ်းဆန်စွာ ကျွန်တော့်ကို ကြည့်နေလေသည်။

"သေလိုက်! ငါ မင်းနဲ့ သေတောင် ပြန်မလိုက်နိုင်တာမို့ အဲ့အစား သေလိုက်!! မင်းလို ကောင်မျိုးနဲ့ ထိတွေ့နေရတာကို ငါ့ကိုယ်ငါ ရွံလွန်းလို့ပါ!! မသတီလွန်းလို့ပါ!!!!"

လေဆိပ်ထဲ ဝင်သွားသည့် သူ့ကို ငေးကြည့်နေမိပေမယ့် မြင်ကွင်းက တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။ မျက်ဝန်းအိမ်က မျက်ရည်နဲ့ပင် ပြည့်လျှံလာလေသည်။

"ကိုကို~~"

ခေါ်ခွင့်မရှိတော့ပေမယ့် ခေါ်ချင်နေမိသည်~~~
♢♢♢♢♢♢♢♢

One Heart But Two PeopleWhere stories live. Discover now