Act ~ 1

1.4K 157 7
                                    


                       အမှား စတင်ပြု မိခြင်း

         "Sehun Hyung..သခင်ကြီးခေါ်နေတယ်..."

          ထို အသံအဆုံး...အလိုမကျသည့်သဘော
ဖြင့်.. Sehun မျက်မှောင်တို့ တွန့်ချိုးသွားသည်...။
ကားကို ဆေးလက်စပိုက်ကိုချထားပြီးလာခေါ်သော
ကောင်လေး အားအေးစက်စွာပြန်ပြောမိသည်...။

         "တွေ့ချင်ရင် ကိုယ်တိုင်လာတွေ့လို့ ပြော
          လိုက်...."

                ကောင်လေး၏ မျက်နှာတွင်အံ့ဩထိတ်
လန့်သွားမှုတို့ကအထင်းသား...ဟုတ်ပါရဲ့....
Oh စံအိမ်တော်ကြီးရဲ့ အရှင်သခင်ကို...Driver ရဲ့
သားတစ်ယောက်ရဲ့ တုန့်ပြန်မှုက သိပ်ကို အံ့ဩဖို့
ကောင်းလွန်းသည်ကိုး...။

            ကောင်လေးပြေးထွက်သွားပြီးနောက်...
Sehun သူ့ဘဝသူ ပြန်တွေးမိသည်...။သူ့ဘဝက
မအေးချမ်းခဲ့ပေမယ့် အပူမရှိခဲ့ဘူး...ငယ်စဉ်က
တည်းက Oh အိမ်တော်ရှေ့မှာစွန့်ပစ်ခံခဲ့ရတဲ့ သူ့ကို
အဖေရင်းတစ်ယောက်နဲ့ မခြားစောင့်ရှောက်ခဲ့တဲ့
Kim Arjussi... သူ့ကြောင့်သာလျှင် Sehun အခုလို
အသက်ရှင်နိုင်ခဲ့တာပါ...။Arjussi ရှိလို့ သူဒီအိမ်မှာ
သည်းခံပြီးနေ နေတာပါ...။မဟုတ်ရင်..သူ..ထွက်
သွားခဲ့တာကြာပါပြီ...ဘာလို့လဲဆို....

                    "Kim Sehun...."

                Sehun ကို သူမတူအောင်နှိမ့်ချ ဆက်ဆံ
လွန်းတဲ့သူမ...တစ်နည်းအားဖြင့် Oh အိမ်တော်ရဲ့
သခင်မ .... အကြောင်းအရင်း ရေရေရာရာ မရှိပါ
ဘဲ Sehun ကို မုန်းတီးနေသူ... Oh အိမ်တော်မှ အ
မြန်ဆုံးထွက်သွားချင်သည့် အကြောင်းအရင်းများ
ထဲတွင် သူမလည်းပါသည်...။ယခုလည်း Sehun
ကို ဘာတွေပြဿ နာရှာဦးမည်မသိ...။

                "Sehun မင်းကို ကားရေဆေးခိုင်းထားတာ
ဒီလို အားအားယားယား အချောင်ခိုနေဖို့မဟုတ်ဘူး
ကျွေးထားတဲ့ကျေးဇူးကို သိရင် တန်အောင်လုပ်...
ကြားလား...."

                     "Nae..."

လည်ချောင်းထဲ ပြည့်တင်းလာသည့် မခံချင်
စိတ်တို့ကို ပြန်မြို ချကာ... အောင့်သက်စွာ အဖြေပြန်ပေးလိုက်သည်....။စိတ်ချပါ...အတုန့်အ
လှည့်ဆိုတာ ရှိတယ်...အဲ့ဒီချိန်ကျမှ ခင်ဗျား ခံနိုင်
ရည်ရှိမလား စောင့်ကြည့်မယ်....။

You've reached the end of published parts.

⏰ Last updated: Mar 02, 2019 ⏰

Add this story to your Library to get notified about new parts!

❤Into Your Heart❤Where stories live. Discover now