I Love You(One Shot)

224 21 0
                                    

"Kim Baekhyun ဒီကိုလာစမ်း"
"Nae??"
"နင် ဟိုဘက်အိမ်ကကောင်လေးကိုစာသွားပေးတယ်ဆို နင်ရူးနေလား ကောင်လေးအချင်းချင်းကို"
ဒေါက်
"အားးးး Omma နာတယ် ဒီသားလေးတယောက်ကို မခေါက်နဲ့ဗျာ့ ခေါင်းမကောင်းပဲနေမယ်"
"အမလေး ကိုယ်တော်ရယ် ပြောစမ်းပါဦး နင်ကဘာဖြစ်လို့စာသွားပေးရတာလဲ သူ့မိဘတွေ Wu Krisနဲ့Taoကငါတို့ရဲ့ငယ်သူငယ်ချင်းတွေဟဲ့"
"တကယ် ကောင်းတာပေါ့ ခ်ခ် အမေသဘောမတူမှာစိုးရိမ်နေတာ ခုချက်ခြင်းသွားတောင်းရအောင်နော်"
"အမလေးလေး Kim Baekhyun နင့်အဖေသာကြားရင်အသက်တခါတည်းထွက်သွားလောက်တယ် ဘယ်လိုများပြောလိုက်ပါလိမ့်တော် ယောကျာ်းချင်းသွားတောင်းစရာလား ငါတို့Kimအိမ်ရဲ့မျက်နှာကိုအိုးမည်းသုတ်မလို့လားဟဲ့"
"Omma ကလဲ Love has no genderလေဂျ ဟီးးးးးး"
"Apk"
Xiu pov ငါတော့သားမွေးမိတာလား မီးခဲမွေးမိတာလားတောင်မသိတော့ဘူး ငဘတ်ကမြင်းချက် ဟိုကကောင်လေးကခပ်အေးအေးရယ် Krisတို့Taoတို့ဆိုတာကလဲ မျက်နှာနာရမဲ့လူတွေ ဘာပဲဖြစ်ဖြစ်လေ အဖေကြီးကိုတိုင်ပင်ကြည့်ဦးမှပါ TaoသားWu Chanyeolဆိုတဲ့ကလေးကရည်ရည်မွန်မွန်လေးရယ် အတန်းထဲမှာလဲအမြဲပထမဆိုပဲ အင်း ရုပ်ကလဲသူ့အဖေအမေဆီကကောင်းကွက်တွေပဲအမွေရထားတာဆိုတော့ကားး အင်းးးးးး ငါ့သားလေးကြိုက်လောက်ပါတယ်လေ Yeoboနဲ့တိုင်ပင်ပြီး နားဖောက်ထားဦးမှပါ
Baek pov Omma ကလဲ ဟိုကဖြင့်အဖြေတောင်ပြန်ပေးပြီးနေပြီ Wu Chanyeol ဟိဟိ ငါ့ရည်းစားအသစ်ကျပ်ချွတ်လေး ကျောင်းနံပါတ်၁ကျောင်းသားဆိုတော့လဲ နဲနဲတော့သိမှာပေါ့ အဲ ငါစာပေးတာကိုဘယ်လိုသိလဲမသိဘူး ဟိုကောင်တွေလက်ချက်ပဲနေမယ် Kai Sehunနင်တို့တော့သေတော့မယ် ဟွင်းဟွင်း အလှည့်ကျမနွဲ့စမ်းပေါ့ကွာ ဟင်းဟင်း
"Yeobo Chen ssi ဟိုလေ Xiuပြောစရာရှိလို့"
"အင်း Xiuလေး ပြောလေ"
"သားလေးကိုလေ Krisနဲ့Taoတို့သားနဲ့နေရာချပေးမလားလို့"
"အော် Chanyeolဆိုတဲ့လူငယ်လား မဆိုးပါဘူး လူရည်မွန်လေးပဲ ကိုယ်တို့သားကသာဆိုးနေတာ အရှက်ရမှာတော့စိုးရိမ်မိတယ်"
Chen pov အင်းးးးး သားလေးတောင်အရွယ်ရောက်နေပြီပဲ Krisတို့နဲ့ထားခဲ့တဲ့ကတိအတိုင်း မင်္ဂလာကိစ္စပြောရတော့မှာပေါ့ သားလေးရယ် Appa စိတ်ထဲမှာတော့ငယ်လွန်းသေးတယ် ကလေးလိုပဲ
Next day..................
"Yeol ဟီးးးးးး အစောကြီးပဲ"
"Baek ကပိုစောနေတာပါ လာပါဦးကိုယ့်ချစ်သူလေး"
ဝကစ်ကစ်ကိုယ်လုံးလေး မွှေးပျံ့နေတဲ့ဆံပင်အိလေးကိုနမ်းရိုက်လိုက်တိုင်းလူကိုတကယ်ရူးသွပ်သွားစေသည် ထိုအချက်ကြောင့်ပင် သူငဘတ်ကိုချစ်သူအဖြစ်လက်ခံခဲ့တာဖြစ်ပေသည်
"Aigooo Baekkieလေး ဖြည်းဖြည်းစားလေ ပေတူးနေတာပဲ"
"ဟီးးး Baekဗိုက်ဆာလို့"
အဲ့တာသာကြည့်တော့ အစားကလဲကြီးသေး အမြဲညစ်ပတ်ပေတူးနေတာပဲ အဲ့လိုဟာလေးကိုသူဘာလို့ချစ်မိမှန်းကိုမသိတာပါ
"အဲ ငဘတ်မွှေ နင်နေပြီ ရော့ရော့ ရေသောက် ဖြည်းဖြည်းစားဆို ကိုမလုစားပါဘူးကွ ဟဟ"
"ဟင့် Yeol ကလဲ ဒီမှာနင်နေပါတယ်ဆို လာစနေသေးတယ် သွားခေါ်တော့ပု"
"အမလေး စိတ်တော့မကောက်လိုက်ပါနဲ့ ခနနေအတန်းတက်ရမှာနော် မြန်မြန်စားချည် ဟင်းးး Byun Baekhyun ssi မင်းကကိုယ့်ကိုစပြီးချစ်ရေးဆိုတာမှဟုတ်ပါတယ်နော် အမြဲသူ့အလိုကြီးပဲ"
"ဟင့် Yeolကလဲ Baekက ကလေးလေ"
Yeol Baekရဲ့တင်လုံးလုံးလေးကိုအုပ်ကိုင်လိုက်ပြီး
"အမလေး ဒီကိုယ်လုံးကကလေးလား Blah Blah"
"ဟာ Yeolကလဲ လူတွေရှိနေတယ်လေ ညကျမှအဝကိုင် ခ်ခ်"
"အော် ငါပဲနှာဘူးပေါ့ ရတယ် မကိုင်ဘူး သွားတော့မယ် ငါကဖြင့် ကျောင်းဂုဏ်ဆောင်Imageကော Cool Guy Image ပါအပျက်ခံပြီးချစ်လိုက်ရတာ ဒင်းကတော့ ငါ့ကိုနှာဘူးထင်တယ်ပေါ့ တော်ပြီငါစာသွားလုပ်တော့မယ်"
"Channie yaaa Baekကလေ ဟင့် ဒီတိုင်းစလိုက်တာပါ စိတ်မဆိုးပါနဲ့နော် ဟင့် Channie စိတ်ဆိုးတော့လေ ဟင့်"
ရှိသမျှလက်နက်ကုန်ထုတ်သုံးတော့လဲ ပျော့ဆင်းရသည်ကကျွန်တော်Wu Chanyeol -_-
"အေးပါ Baekရယ် မငိုနဲ့တော့နော် တိတ်တိတ်"
"ဟင့် ရွှတ် Baekကလေ Yeolတအားကြီးစိတ်ဆိုးသွားပြီထင်နေတာ ဟင့် Baekကိုထားသွားပြီထင်လို့ ဟင့် Baekကိုမမုန်းပါနဲ့နော် လက်အုပ်ချီပြီးတောင်းပန်ပါတယ်"
ပြောရင်းလက်အုပ်ချီတောင်းပန်နေတော့ ငဘတ်ကြည့်ရတာသနားစဖွယ်ပင်
သို့ဖြင့် ဝက်ပေါက်လေးအားရင်ခွင်ထဲဆွဲပွေ့လိုက်ပြီး
"Baek ကိုတို့ကျောင်းပြီးရင်လက်ထပ်ရအောင်နော်"
"အင်း ဒါမဲ့လေ"
"ဒါမဲ့ဘာလို့လဲBaekရဲ့"
"Baekတို့ကBoyတွေလေ တော်ကြာOmmaတို့ကသဘောမတူရင် ဘယ်လိုလုပ်မလဲ Baekတို့ဝေးရမှာကြောက်တယ်"
"ရှုး ကိုတို့ဘယ်တော့မှမဝေးဘူး မိဘတွေသဘောမတူရင်ခိုးပြေးမယ်ကွာ"
"အင်း Yeol သာရှိရင် Baekဘာမဆိုရင်ဆိုင်ရဲပါတယ်"
ဟူးးးးးး ငဘတ်မွှေလေးပြောတော့မှရင်ထဲကအပူကြီးနဲနဲသက်သာတော့တယ် မိဘတွေသဘောမတူရင်ဘယ်လိုလုပ်မလဲမသိဘူး ဟူးးး ရင်မောလိုက်တာ မသိတော့ဘူးကွာပြောတော့ပြောကြည့်ရမှာပဲ
At Yeol home
"Omma သားပြောစရာရှိလို့ Ommaနဲ့အရင်တိုင်ပင်တာပါ Omma စိတ်မဆိုးရဘူးနော် ကတိပေးတယ်မလား အရမ်းအရေးကြီးလို့ပါ"
"အင်း ပြောလေသားလေး ဘာပြောမှာမလို့ဒီလောက်စကားပလ္လင်ခံနေတာလဲ"
"သားလေ ချစ်သူရှိနေပြီ အဲ့ဒါကျောင်းပြီးရင်လက်ထပ်ချင်လို့"
"အော် အင်း ဘယ်အိမ်ကသမီးလေးလဲ ငါ့သားကချစ်သူရှိနေတာOmmaတောင်မသိရပါလား"
ဟူးးးးးး မထူးတော့ပါဘူး ပြောလိုက်ပါတော့မယ်ကွာ
"Omma မလန့်နဲ့နော် ဟိုလေ သားချစ်သူကကောင်လေးပါ"
"ဟဟ ငါ့သားကိုစာပဲသိတယ်ထင်ထားတာ လက်စသတ်တော့ငါ့သားကလေးမှမဟုတ်တော့ပဲ ထားပါ Ommaကလဲခေတ်မီပါတယ် ပြော ဘယ်သူ့သားလေးကOmma Yodaလေးကိုပြုစားနိုင်လိုက်တာလဲ"
"ဟို အန်တီXiuနဲ့ဦးလေးChenရဲ့သားပါ Kim Baekhyunလေ"
"အမလေး Wu Chanyeolရယ် သူလေးနဲ့ကိုများစကားရှည်နေသေးတယ် သူနဲ့ကမိဘချင်းသဘောတူထားတာလေသားရယ် မင်းAppaနဲ့အချစ်ဆုံးသူငယ်ချင်းလေ"
"ဒါဆိုသားကိုဘာလို့မပြောပြတာလဲဟင်"
"ငယ်သေးတယ်ထင်လို့ပါသားရယ် အထက်တန်းပြီးရင်ပေးတွေ့ဖို့လုပ်ထားတာ ဟဟ ငါ့သားတို့ကတယ်လက်ဦးတာကိုး ကဲပါ မြန်မြန်ရက်ရွေးပြီးပေးစားတာပေါ့"
"Nae Omma ဒါဆိုမိဘချင်းတွေ့ဖို့ရက်ရွေးလိုက်မယ်နော် ဟီးးးးးး"
"အမလေးလေး Wu Chanyeol Wu Chanyeol နင့်အဖေလိုပဲ အပြင်ကသာCool Guy အတွင်းကရွစကီးမျိုးရိုး မပြောလိုက်ချင်ဘူး"
"ငင့် Omma ကလဲ :3"
A week later
"Yeol ဟီးးးး ဒီနေ့အရမ်းချောတာပဲ"
"Gal?Baekလဲအရမ်းချစ်စရာကောင်းတာပဲ လာပါဦး ကိုယ့်ချစ်သူလေးကိုဖက်ချင်လို့"
"အဟမ်း အဟမ်း Wu Chanyeol တော်စမ်း ငါ့Cool Guy Imageကိုမဖျက်ဆီးနဲ့"
"Appa ကလဲ -_-"
"Appugyi ကလဲ နော့ချစ်ချစ်ကိုမဆူပါနဲ့ :3"
"တိတ်စမ်း Kim Baekhyun လူကြီးကိုများပြောနေလိုက်တာ မသိရင်ငါမဆုံးမဘူးဖြစ်မယ် အဲ့တာသာကြည့်တော့Krisရေ ငါတော့အဲ့၂ကောင်လက်ထပ်ပြီးရင်အတူတူမနေနိုင်ဘူး ပလူးလွန်းလို့အမြင်ကတ်တယ်ဟေ့"
"တူတူပါပဲ Chenရာ ငါလဲသူတို့ကိုအိမ်ခွဲနေခိုင်းမှာပါ အဲ့တာမှငါလဲ Taoလေးနဲ့ အားးးးးးးးးးး"
"တော်တန်တိတ် မိဘတွေ့ဆုံပွဲမှာဘာတွေပြောနေတာလဲ ရှင်ဟာလေ အကောင်းကနေထထဖောက်တယ် ဟင်းးး အိမ်ကျမှတွေ့မယ် Wu Kris"
"Hahaha Kris Kris မင်းဘဝကလဲသနားစရာပါလားဟ"
"Kim Chen Ssi သူများသွားရယ်မနေနဲ့ ရှင့်ကိုလဲကျွန်မကလုပ်ချင်နေတာ ကြာပြီ အဲ့တာသာကြည့်တော့ Taoရေ တို့ယောကျာ်းတွေကအသက်ပဲကြီးနေပြီ မရင့်ကျက်သေးတာ သားထက်တောင်ဆိုးနေသေး"
"ဟုတ်ပါ့ Unnie Xiuရယ် အိမ်ကလူကြီးတွေကတကယ်ပြောမရဆိုမရတွေ သားဆိုတခွန်းနဲ့ပြီးတယ် သူတို့ကတခွန်းလဲမရ နှစ်ခွန်းလဲမရတွေ များများသာထုUnnieရေ"
Baekတယောက် Chanyeolနားသို့ကပ်၍
"Yeol တို့အဖေတွေကမိန်းမကြောက်ရတာလား"
Yeolလဲတိုးတိုးတိုးတိုးဖြင့်
"ဟုတ်မယ် Baekရဲ့ ဟိဟိ"
"Wu Kris Kim Baekhyun"
"Nae :3"
"တိုးတိုးနဲ့ခိုးပြောမနေနဲ့ ငါတို့ကြားတယ်နော်"
နှစ်ဘက်မိဘတွေကတပြိုင်ထဲဆူလိုက်သောကြောင့် Baekhyunတို့အတွဲမှာဇက်လေးပုကာသွားတိုက်ဆေးကြော်ငြာလိုက်ရတော့သည် XD
At Wedding Day
တန် ဒန် တန် ဒန် ဒန် ~~~~~
"သတို့သား Wu Chanyeol သတို့သား Kim Baekhyunအပေါ်သေဆုံးသည်အထိတသက်လုံးချစ်ခင်ပါမည်လား"
"Nae"
"သတို့သားKim Baekhyun သတို့သားWu Chanyeol အပေါ်သေဆုံးသည်အထိတသက်လုံးချစ်ခင်ပါမည်လား"
"Nae"
ဟား ဟား ဟား ဟား~~
Xiu pov Baekhyunဟာလေ ကောင်းကောင်းပြောလဲရရက်နဲ့ တလောကလုံးကြားအောင်အော်ပြောတယ် အဲ့ဒီအာပြဲတာသူ့အဖေနဲ့တူတာ ကဲဟယ်
"Ahhhhh~~~Yeobo ဘာလို့လိမ်ဆွဲတာလဲဟ"
"သားလေးကရှင်နဲ့အာပြဲတာ အရှက်မရှိတာတူလို့ ရှက်လို့လုပ်တာရှင်းပြီလား"
"အေးပါကွာ -_-"
"အခုဆိုရင်ဖြင့် သတို့သားWu Chanyeolနဲ့ သတို့သား Kim Baekhyun ဟာအကြင်လင်မယားအဖြစ်သို့ရောက်ရှိပါပြီ ကန့်ကွက်မည့်လူရှိပါသလား"
".................."
"သင့်ရဲ့သတို့သားလေးကိုနမ်းနိုင်ပါပြီ"
Yeol pov သူ့နှတ်ခမ်းပါးလေး ဘယ်နှခါနမ်းနမ်းဝကိုမဝနိုင်ဘူး ဟူးးးးး ချစ်လိုက်တာ Baekရယ်
"ဒီလင်မယားတွေတော်ကြပါတော့ မြင်ရတဲ့လူရှက်တယ် အိမ်ကြမှဆက်ကြပါ"
Baekရှက်ပြီးYeolရင်ဘတ်ကိုတဖုန်းဖုန်းထုကာ
"တွေ့လား သူများတွေပြောကုန်ပြီ Baekရှက်တယ်"
"Oh Sehun Kim Kai အဖျက်သမားတွေ ဟင်းးးး ဒင်းတို့အလှည့်ကျမှလာဖျက်ရမယ်"
"အမလေး ကျွန်တော်မျိုးကြီးတို့မှားပါတယ် နဂါးလေးWu Chanyeolရယ် ကိုယ့်ဘာကိုယ်Luhanလေးနဲ့ပဲသာယာပါရစေ နော်Hyungရယ်"
"အိုဆယ် မနိုင်စိန် -_-"
Haha Haha ~~~
ဤသို့ခန်းမကွဲမတတ်ရယ်သံများဖြင့်မင်္ဂလာပွဲလေးပြီးမြောက်ခဲ့ခေသည်
50 Years Later
ဆေးရုံအခန်းလေးတွင် ပိုက်များချိတ်လျက် အသက်၆၀ကျော်ဟုထင်ရသော အဘိုးအိုနှစ်ဦးသည်ဘေးချင်းကပ်ကုတင်လေးနှစ်လုံးပေါ်တွင်ရှိနေပေသည်
"Yeol Baekတို့တွေအသက်တွေလဲကြီးနေပြီနော် ဒီလောက်နှစ်တွေအတူတူဖြတ်သန်းခဲ့တာမယုံနိုင်စရာပဲ သားလေးYeollieတောင်သမီးလေးတယောက်မွေးစားလိုက်တယ်ပြီတဲ့ ပျော်စရာကြီး သူကBaekတို့နဲ့တူတယ်နော် သူ့ကောင်လေးMinနဲ့ပဲယူတယ်"
"ဒါပေါ့ Baekရယ် ဒါနဲ့ကိုယ်တို့လက်ထပ်ကြတာမနေ့တနေ့ကလိုထင်ရတယ်နော်"
"Yeol မနေ့ကYeolအိပ်နေတုန်းSehunသမီးလေးLuLuလာသွားတယ် Sehunဆုံးပြီတဲ့"
"သြော် Sehunတောင်ဆုံးပြီတဲ့လား အေးလေLuhanတောင်ဆုံးတာ၅နှစ်လောက်ရှိနေပြီပဲ သူလိုက်သွားတာနောက်တောင်ကျနေတယ်"
"Yeolနော် Baekကိုအဲ့လိုမထားသွားရဘူးနော် ဟင့်"
"အမလေး မထားပါဘူးကိုယ့်အဖိုးအိုလေးရယ် အသက်ပဲ၆၀ကျော်နေပြီ အဲ့ဒီလက်နက်ကြီးတွေထုတ်သုံးတုန်းပဲလား Haha"
"ဒါနဲ့လေ Yeol Kaiတို့သတင်းကောဘာကြားသေးလဲ"
"Kai လား သူဆုံးတာကြာပြီကော လွန်ခဲ့တဲ့အနှစ်၃၀လောက်ထဲကထင်တယ် နိုင်ငံခြားမှာမို့Baekမသိလိုက်တာနေမယ် ကိုယ်တောင်Sehunလာပြောပြောချင်းBaekစိတ်မကောင်းမှာစိုးလို့ မပြောပဲကူငွေပဲပို့လိုက်တာ ခုသူ့မိန်းမSooနဲ့သူ့သားKyung Inတို့ နိုင်ငံခြားမှာပဲနေကြတယ် ပြန်မလာတော့ဘူးတဲ့ Kim Kai ဒီကောင် ငါတို့အုပ်စုထဲမှာမိန်းမယူတာသူတယောက်ထဲကွ ရီရတယ် ကိုယ်တို့အားလုံးအချင်းချင်းပြန်ယူတာလေကွာ"
Baekhyun သက်ပြင်းချလိုက်ပြီး
"အင်းးးး Baekတို့သူငယ်ချင်းတွေလဲ သေတဲ့လူသေ ကျန်တဲ့လူကျန်ပဲနော် Baekတို့လဲဘယ်နေ့သေရမယ်မသိဘူး"
"မစဉ်းစားပါနဲ့တော့Baekရယ် ကိုယ်တို့သေသွားခဲ့ရင်တောင်နောက်ဘဝပြန်တွေ့ကြမယ်နော်"
"ဒါပေါ့Yeolရဲ့ Yeolရေ"
"ပြောလေ Baek"
"Saranghaeyo Wu Chanyeol"
"Nardu Saranghae Kim Baekhyun"
နောက်ဆုံးစကားတခွန်းပြောပြီးပြုံးပြုံးလေးအသက်ကုန်သွားသောBaekhyunကိုကြည့်ရင်းChanyeol Baekရဲ့လက်လေးကိုဆုပ်ကိုင်ထားမိသည်
"Baekရယ် ကိုယ့်ထက်အရင်သွားနှင့်တာလား ကိုယ်အခုလိုက်ခဲ့မယ်နော် နောက်ဘဝပြန်ဆုံကြရအောင် Normu Normu Saranghaeyo Kim Baehyun ssi"
ဆေးရုံကုတင်လေးပေါ်တွင်တယောက်လက်တယောက်ဆုပ်ကိုင်ကာအသက်ကုန်သွားသောချစ်သူနှစ်ဦး၏အချစ်မှာလေးစားဖွယ်ရာကောင်းလှသည် ပတ်ဝန်းကျင်ကမည်မျှပင်ကဲ့ရဲ့ရှုံ့ချသော်လည်းကြံ့ကြံ့ခံကာနှစ်ပေါင်း၆၀ကျော်အထိသူတို့ချစ်ခဲ့ကြသည် သူတို့မျှော်လင့်သည့်အတိုင်းပဲ နောက်ဘဝတွင်ပြန်ဆုံရမည်လားတော့မည်သူမှသေချာမသိနိုင်သော်လည်း သူတို့၏အချစ်ကသေချာပေါက်ပြန်ဆုံဆည်းမည်ဟုယုံကြည်ရပါတော့သည်
The End............

#Phoenixlight__614

30.4.2016

I Love You(One Shot)Where stories live. Discover now