SuperYeol Is In Love With MonsterBaek

684 77 2
                                    

Warning: *This Fiction is composed of impossible facts!! So…If u don't believe super natural , don't read this !!*
Thanks a lot  :)

"ohhh နက်ဖန်ဆို 2025 ရောက်ပြီပဲ!"

yeol တစ်ယောက် နံရံပေါ်က ပြက္ခဒိန်ကိုကြည့်ကာ သက်ပြင်းချ ရေ ရွတ်မိတယ်!
ဘာလို့ဆို သူ့ကိုမွေးကတည်းက ဗေဒင်ဟောထားတာက "2025 ရောက်ရင် အသွင်မတူတဲ့လူနဲ့ ညားရလိမ့်မယ်" တဲ့လေ…!

~အဓိပ္ပာယ်မဲ့စွာနဲ့ ညတစ်ညကုန်ဆုံးပြီး သကာလ~

ယနေ့ဟာဆိုရင် 2025 ရဲ့ first day ဖြစ်တဲ့ အလျောက် ကျွန်တော်တို့နိုင်ငံရဲ့ သူရဲကောင်းကြီး
ခလေးတွေရဲ့ အချစ်တော်ကြီး ပြည်သူတွေရဲ့ ကယ်တင်ရှင်ကြီး SuperYeol ဟာ…ဝမ်းသာ စကားပြောကြားမှာ ဖြစ်ပါတယ်…ကဲ SuperYeol ကို ကြိုဆိုလိုက်ကြရအောင်!
yeol က မွေးကတည်းက အစွမ်းရှိတယ်…ပျံနိုင်တယ် ကောင်းကင်ကသူ့ကို လူတွေကို ကူညီပေးဖို့ လွှတ်လိုက်တယ် ထင်ပါရဲ့!
ခေတ်ကြီးက တိုးတက်လာတော့ ဘေးအန္တရာယ်တွေ နေ့တိုင်းကြုံရတယ်လေ!

"SuperYeol SuperYeol SuperYeol📢📢📢"

Announcer ရဲ့စကားသံအဆုံးမှာ ကွင်းပြင်ထဲက လူအုပ်ကြီးရဲ့ အော်သံတွေ ထွက်လာလေသည်!

Channel တိုင်းမှာ လွှင့်နေသောကြောင့် SuperYeol ၏ နှစ်သစ်အကြိုစကားအား
ကွင်းပြင်သို့သွားရန် မတတ်နိုင်သူများကလဲ အိမ်ထဲက TV ရှေ့ထိုင်ကာ ဖင်ကုန်းအော်ကြသည် XD

"SuperYeol SuperYeol SuperYeol"

ထိုစဉ် Monster ကောင်လေးရဲ့ အိမ်အတွင်း၌လည်း

"SuperYeol SuperYeol SuperYeol"

"SuperYeol ချင်ဦး 'ဂွက်'  "

"အ ! အာာ Appa…ဘာလို့ခေါင်းလာခေါက်တာတုန်း?"

"အမယ် သူကများမေးရတယ်ရှိသေး! Monster တွေရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးပစ်တဲ့ အာ့လိုကောင်ကို…Monster တွေအလယ်မှာ power အများဆုံးနဲ့ အကျော်ကြားဆုံး  ဘုရင်ဖြစ်တဲ့ ငါ့ရဲ့…သားးဖြစ်တဲ့…"

" Baekhyun လို့တခါတည်းပြောလိုက်တော့ Appa ဘာဖြစ်သွားမှာ ကျလို့"

"ဘာပဲဖြစ်ဖြစ်လေ အဟမ်းး! မင်းလို Monster တစ်ကောင်က ကမ္ဘာ့ ရန်သူဖြစ်တဲ့…Monster တွေကို ငါတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ Holloween Day မှာ အပျော်ပျက်အောင် သာသနာဖျက်နေတဲ့… သူလို Biggest Enemy…"

Problem ??Where stories live. Discover now