" ချောက် " ခနဲမြည်သံနှင့်အတူ တံခါးလက်ကိုင်ဘုလေးတစ်ခုရဲ့လှည့်သံမှာ ပတ်ဝန်းကျင်တစ်ခုလုံးကိုစိုးမိုးသွားသည်ဟု ကျနော်ခံစားရသည် ။ လူတစ်ယောက်က သူ့ရဲ့ဘေးမှာတွယ်တာစရာမရှိတော့သည့်အခါ တံခါးဖွင့်သံကအစ ဂရုပြုတတ်လာကြသည် ။
တံခါးကိုဖွင့်ပြီးလျှင်ဖွင့်ပြီးခြင်း လက်ကိုင်ဘုကိုကိုင်ထားကာ ကျနော်နောက်ဘက်သို့လှည့်ကြည့်မိသည် ။ အစိုးမရတဲ့တွေဝေခြင်းတို့ကို လွန်ဆွဲရင်း မျက်စိရှေ့မှတံခါးရွက်ကို ဖြေးဖြေးခြင်းတွန်းဖွင့်လိုက်သည် ။
သစ်သားကြမ်းပြင်တို့မှာ ဖုန်တွေနှင့် ။ အိမ်အတွင်းရှိ ပရိဘောဂတို့မှာ အဖြူရောင်ညစ်ညစ်အဝတ်များဖြင့် လွှမ်းခြုံခြင်းခံထားရသည် ။ တစ်ခုတည်းသော အမြင်အာရုံကိုရရှိစေသည့် ပစ္စည်းကတော့ နံပါတ်လှည့်တယ်လီဖုန်းလေးပင်ဖြစ်သည် ။
တယ်လီဖုန်းတင်ထားသော ခုံပုလေးနားကို လျှောက်လှမ်းသွားရင်း မွန်းကြပ်လာသည့်ခံစားချက်ကို ဖုန်တွေကြောင့်ပါဟုအတတ်နိုင်ဆုံး လိမ်ညာချင်သေးသည် ။ နံပါတ်အဝိုင်းလေးတွေကြား လက်ချောင်းကိုထည့်လိုက်ပြီး တစ်ချက်လှုပ်ရှားလှည့်လိုက်တော့ " ဂျွင် " ခနဲမြည်သံနှင့်အတူ ဖျတ်ဖျတ်လတ်လတ်ရှိနေဆဲ ဖြစ်သည် ။
အမှတ်မရှိနှိပ်မိသော နံပါတ်တစ်စုံ ။
အမှတ်မရှိသော မျှော်လင့်ချက်တွေ ။
အမှတ်မရှိသော ခံစားချက်တွေ ။
အမှတ်မရှိသော ယုံကြည်ခြင်းတွေ ။
အမှတ်မရှိသော အချစ်ဟုခေါင်းစဉ်တပ်ခြင်းတွေ ။
" လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ x x x x x "
ဘဝဆိုတဲ့အရာက ဘယ်တုန်းကများစီစဉ်ထားသလိုဖြစ်လာခဲ့လို့လဲ ။ သိုပေမဲ့ ဖြစ်ပျက်သွားသည့် ကိစ္စရပ်များကတော့ မထင်မှတ်ထားသည့်အစီအစဉ်နှင့် သိပ်ကိုတိကျလွန်းနေသည် ။
YOU ARE READING
အဖြူရောင် အကျည်းတန်ပန်းငယ်
Fanfictionဒိုဂျောင်ဆူး & ကင်ဂျုံအင်း @Kim_Kyung_Innie