ချစ်သောလိပ်ပြာ (1)
#အတွေးနဲ့သာ ရေးဖွဲ့ထားသောကြောင့် နေရာ
အမှားအယွင်း အမည်အမှားအယွင်းရှိခဲ့ပါသော်
ကြိုတင်တောင်းပန်လိုပါ၏။အခန်း(1)
အပေါင်းအသင်း ဝင်မဆံ့သော ဂျက်ဆီကာ
တစ်ယောက် အချိန်ပိုင်းအလုပ်ရှာရန် အလွန်ခက်ခဲ
ခဲ့သည်။သူ့လို လူမျိုးခြားတစ်ယောက်အနေနဲ့
American လိုနိုင်ငံကြီးမှာ အခြေချရတာမလွယ်ပါ။ စစ်ဘေးသင့်၍ အမိမြေကရင်ပြည်နယ်ကို စွန့်
ခွာကာ အမေရိကန်သို့ စစ်ဘေးလာရှောင်သော
သူတို့မိသားစုအဖို့ အရာရာမျက်နှာငယ်လှ၏။ရောဂါ
ဒဏ် ဇရာဒဏ်များကြောင့် စောစီးစွာ မိဘများက
ဆုံးပါးခဲ့သည်။ကျန်ရစ်သူ ဦးလေးကလည်း အသက်
နှစ်ဆယ်ကျော်ကျော်မို့ ဂျက်ဆီကာ၏ ငယ်ဘဝ
သည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရသည်။
ငယ်အမည် နော်အဲမူ ပျောက်ကာ ဂျက်ဆီကာဟု
တွင်လေသည်မှစ၍ သူ့ဘဝ တစ်ဆစ်ချိုးပြောင်းလဲ
ခဲ့သည်။ဘယ်သူနှင့်မှ စကားမပြော၊ မှိုင်မှိုင်တွေတွေ
နေကာ သူငယ်ချင်းမရှိခဲ့။ 'ရေခဲတုံး' ဟူ၍ နောက်
ပြောင် ခေါ်ဝေါ်သော အမည်နာမနောက်ဝယ်
သူ အထီးကျန်ခဲ့ရသည်၊အားငယ်ခဲ့ရသည်။အချိန်တန်အရွယ်ရောက်တော့ တက္ကသိုလ်
စရိတ်ရှာရန် အလုပ်လိုက်လျှောက်သော်လည်း
အစစအရာအရာ အဆင်မပြေပါ။သူ့သူငယ်ချင်း
များက အချင်းချင်းချိတ်ဆက်ပြီး အလုပ်ရှာကြ
သော်လည်း သူ့မှာတော့ အဆက်အသွယ်မရှိ။
သူ့ရဲ့မထုံတက်တေးမျက်နှာကြောင့် ဘယ်အလုပ်ရှင်မှလည်းခေါ်ယူလိုခြင်းမရှိ။အရာအရာ အဆင်မပြေလှသော သူ့ဘဝကိုနောက်ကြောင်းပြန်တွေး
ရင်း ဘတ်စ်ကားဂိတ်သို့ လျှောက်လာသည်။
ထိုစဉ်
'ဘိုင်း'
ဆောင်းရာသီ၏ ရေခဲပြင်ချောချောဝယ် ဂျက်ဆီကာ
တစ်ယောက် ချော်လဲတော့သည်။သူလက်ရှိ နေသောဖော့ခ်စ်မြို့သည် သာမန်မြို့များထက် အအေးပိုကာရေအမြဲတမ်းခဲနေတတ်သည်။
အခုတော့မရှုမလှပက်လက်လန်ချော်လဲ
လေသည်။ရပ်ခြားအနေကြာသူမို့ ကျိန်ဆဲမိတော့သည်။
'ဖာ့ခ်'
'ဘတ်' ကျိန်ဆဲလို့မှမဆုံးသေး လေဝှေ့တိုက်၍
မျက်နှာသို့လာကပ်သော စက္ကူရွက်ကို ဆွဲယူကြည့်
မိသည်။
'ကလေးထိန်းအလိုရှိသည်'
~အလိုလေး...ဝမ်းသာလိုက်တာ လိပ်စာက ဒီနား
မှာပဲ အခုသွားလျှောက်မယ်
YOU ARE READING
ချစ်သောလိပ်ပြာ
Mystery / Thrillerမိဘမဲ့မိန်းကလေးတစ်ယောက် ကလေးထိန်း အလုပ်ရပြီးနောက်ပိုင်း ကြုံတွေ့လာရသော သည်းထိတ်ရင်ဖိုဖြစ်ရပ်များ နှင့် ပရလောက ဆက်နွယ်မှုများ ..... p.s.စိတ်ဝင်စားဖို့ကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားရေးဖွဲ့ထားပါတယ်