ကျနော်ဒီနေ့ အရမ်းအူမြူးပျော်ရွှင်နေလို့ကျနော့်ကိုရုံးကလူတွေကပြူးတူးပြဲတဲနဲ့ဝိုင်းကြည့်နေကြတယ်...
သူတို့အဲလိုကြည့်တာလည်းမထူးဆန်းပါဘူးဗျာ ကျနော် CEO ဖြစ်ပြီးတဲ့တောက်လျှောက် ကျနော့်မျက်နှာမှာ အရယ်အပြုံးဆိုတာတစ်ခါမှမတွေ့ခဲ့ရဘူးဗျာ ကျနော်ကတောက်လျှောက်စိတ်ညစ်မှိုင်ထွေနေသူပေါ့ ကျနော့်အကြောင်းနောက်မှပြောတော့မယ်ဗျာ ဒီနေ့က ကျနော့်အချစ်ရဆုံးသူ Oh Baekkie ဆိုတဲ့စွာတေးမလေးရဲ့မွေးနေ့ပေါ့..........
ကျနော့်အကြောင်းမပြောဘူးလို့ လုပ်ထားပေမယ့် ကျနော့်
အကြောင်းလေးနည်းနည်းပြောပါရစေ ကျနော်ဆိုတာက
ငယ်ငယ်ရွယ်ရွယ်နဲ့ EXODUS Company ရဲ့ CEO ဖြစ်နေတဲ့ Wu Chanyeol.....ကျနော့်မှာ ငယ်ငယ်တည်းက ကြိတ် crush နေခဲ့ရတဲ့ Baekkie ဆိုတဲ့
မျက်လုံးလေးမှေးမှေးလေးနဲ့ စွာတေးလန်တဲ့နေရာမှာ 2 ယောက်မရှိတဲ့သူပေါ့!! ကျနော်ကတော့သူ့ကိုချစ်သလောက် ကျနော့်ကိုအနိုင်ကျင့်ဖို့ကလွဲပြီးစိတ်ကူးမရှိတဲ့သူမ....သူမက Jong In ဆိုတဲ့ 2 နှစ်လောက်ငယ်တဲ့ကောင်လေးနဲ့စုံတွဲ
ခုတ်နေတာကြာပေါ့ဗျာ..ကျနော့်မှာ Oh Baekkie ကို
1 ဖက်သတ်ချစ်နေရတော့ သူမစိတ်ပျော်ရွှင်ကျေနပ်နေတာလေးကိုပဲဘေးနားကမြင်ချင်နေရသူပေါ့ဗျာ~~~~ကျနော်တို့ 2 ယောက်ကငယ်ငယ်တည်းကခင်ခဲ့ကြသူတွေမို့ သူငယ်ချင်းသံယောဇဉ် ရှိခဲ့ကြတယ်.ကျနော် သူမကိုအလယ်တန်းလောက်ကတည်းက 1500 အချစ်နဲ့ချစ်နေခဲ့သူပါ..ကျနော်တို့ရဲ့ သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကိုဖျက်ဆီးတဲ့ကိစ္စကြီးကတော့ အဲဒီ BaekYeol Wedding ဆိုတာကြီးပါပဲ!! အဲဒါက ကျနော်တို့ကာယကံရှင် 2 ယောက်လုံးဝ ဘာဆိုဘာမှမသိခဲ့ရတဲ့ကိစ္စတစ်ခု!! စီစဉ်သူတွေကတော့ ကျနော့်ရဲ့ကျေးဇူးရှင်မိဘ 2 ပါး EXODUS Company ပိုင်ရှင် Appa Wu Kris နဲ့ Omma Kim Suho , သူမရဲ့မိဘ 2 ပါး Transformer Company ပိုင်ရှင်Appa Oh SeHun နဲ့ Omma Xiao Lu တို့ပေါ့ဗျာ......အဲဒီ မင်္ဂလာကိစ္စကိုကြားကြားပြီးချင်းကျနော်အရမ်းသွေးပျက်သွားခဲ့တယ်!! ဒါက ကျနော်တို့ကို ကံဆိုးမှုတွေသယ်ဆောင်ခဲ့တယ်ဆိုလည်းမမှားဘူးလေ....ကျနော်ကတော့ Baekkie ကိုချစ်နေရသူမို့ ဒီကိစ္စကြီးကိုလက်ခံခဲ့ပေမယ့် သူမကတော့ လက်မခံနိုင်လို့ မိဘတွေနဲ့အချေအတင်ရန်ဖြစ်ခဲ့တဲ့အပြင် ကျနော့်ကိုပါ မင်္ဂလာကိစ္စလက်ခံလို့အပြစ်တင်ကာ ရှောင်နေခဲ့သူပေါ့ဗျာ...သူမ ရှောင်နိုင်တဲ့နည်းမှန်သမျှနဲ့ရှောင်ခဲ့ပေမယ့်နောက်ဆုံးတော့လည်း ကံစီမံရာအတိုင်းကျနော်နဲ့လက်ထပ်ခဲ့ရတာပေါ့ဗျာ~~
ကျနော်တို့ရဲ့အိမ်ထောင်ရေးဘဝကတော့ တစ်ခြားသူတွေထင်သလောက်မသာယာခဲ့ဘူးပေါ့ဗျာ~~သူမကျနော့်အပေါ်အရမ်းအနေအေးစက်သွားတယ်...ကုန်ကုန်ပြောရရင်သူငယ်ချင်းဆိုတဲ့သံယောဇဉ်တောင်ဖြတ်လိုက်တယ်ထင်ပါ့...ကဲစကားဖြတ်ပြီး ကျနော်အလုပ်မြန်မြန် လုပ်လိုက်ဦးမယ်ဗျို့ အဲဒါမှအိမ်မြန်မြန်ပြန်လို့ရမှာလေ ဟီးဟီး xD