ဆိုးလ်မြို့ရဲ့ ရပ်ကွက်လေးတစ်ခု။ တိုက်ခန်းတွေနဲ့ပြည့်နှက်နေပြီး လေထုတွေကလည်း စိမ်းကားနေတဲ့ မနက်ခင်းလေးတစ်ခု။ တိမ်မို့မို့ထနေတဲ့အကြားမှာ နေရောင်တွေဟာ ဟိုတစ်ပြောက် ဒီတစ်ပြောက် ကျရောက်နေလေရဲ့။ ထိုနေရောင်ခြည်အလင်းတန်းတစ်ခု ကျွန်တော့်မျက်နှာပေါ်ကျလာတဲ့အချိန်မှာတော့ ကျွန်တော် Oh Sehunနိုးထလာခဲ့ပြီ။ နေ့ရက်တိုင်းဟာ ကိုယ့်ကိုကိုယ်အထီးကျန်ဆန်မှန်း မသိတော့တာအောင်အထီးကျန်ဆန်လွန်းတယ်။ လူဆိုတာ ကြုံပါများ အရေထူလာကြတယ်လေ။ မွေးကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ကျွန်တော် ဒီလိုအခြေအနေအထိ ကိုယ့်ဘဝကိုယ်ရုန်းနိုင်အောင် ကြိုးစားခဲ့ပြီးပြီ။ အနည်းဆုံးတော့ ကိုယ့်စရိတ်ကိုယ်နိုင်တာပေါ့လေ။
ကျွန်တော့်အလုပ်က Manga တွေနဲ့ Novel Publishing လုပ်တဲ့ Totochan စာတိုက်မှာ editor ရာထူးရထားတယ်။ တကယ်တော့ Companyဆိုရင်တောင်ပိုမှန်မယ်။ သိတဲ့အတိုင်း အခုခေတ် လူငယ်တွေလက်ထဲမှာ အားတဲ့အချိန်တိုင်း Manga တစ်ခုမဟုတ်တစ်ခုရှိနေတတ်တာပဲ။ သူတို့လေးတွေရှိနေသရွှေ့ ဇာတ်လမ်းတွေကလည်း တစ်မျိုးပြီးတစ်မျိုးထွက်ပေးနေတော့ အောင်မြင်တဲ့ Publishing Company တစ်ခုလို့ခေါ်လို့ရတာပေါ့။ ကျွန်တော်ကတော့ လုံးဝစိတ်မဝင်စား။ အင်း . . . . စိတ်မဝင်စားတာတော့ မဟုတ်ဘူးပေါ့။ အလုပ်နဲ့ပက်သက်တာဆိုတော့ သိထားရတာပေါ့။ ဒီနေ့မနက် 9နာရီကျ Manga Author အသစ်တစ်ယောက်နဲ့ သူ့ ဇာတ်လမ်းအသစ် Publishလုပ်ဖို့ကိစ္စဆွေးနွေးရမယ်။ အချိန်မီလေး အပြေးပြင်ပြီးသွားမှပေါ့။
ကျွန်တော့် ဘဝကိုကြည့်ပြီး သွေးအေးတဲ့လူသားလို့ထင်ချင်ထင်နေလိမ့်မယ်။ မှားသွားပြီလေ။ ဒီလူက လုံးဝ ပေါကြောင်ကြောင်။ လူတွေကြားထဲမှာလည်း ထုံထုံအအ ရယ်။
လူတွေကလည်းပြောပါတယ်။ အခုအသက်24အတွင်း ရည်းစားရချင် ထုံမနေနဲ့တဲ့။ အမှန်ပြောရရင် အချစ်ကို အိမ်ငှားခပေးရမယ့်နေ့လောက် လောက်စိတ်မဝင်စားခဲ့တာတော့အမှန်ပါ။ အခွင့်အရေးရရင်တော့ အရာအားလုံးကို စွန့်လွှတ်ပြီး အားရပါးရချစ်ပြချင်ပါရဲ့။ တစ်စုံတစ်ယောက်ကများ တစ်ကောင်ကြွက် တစ်ကိုယ်တည်းသမား လေးလုံးနဲ့ကျွန်တော့်ကို ချစ်လှပါချည်ရဲ့ဆိုပြီး လာမယ့်နေ့ကို စောင့်မျှော်နေမိတယ်။
YOU ARE READING
Piece by Piece
Fanfiction"တစ်ချို့သောနှလုံးသားအပိုင်းအစများသည် ချစ်ရသောသူအတွက်ကြွှေလွှင့်ပေးရသလို တစ်ချို့သောနှလုံးသားအပိုင်းအစများသည် အချစ်ခံရသောသူအတွက် ဆေးလည်းဖြစ်နိုင်သလို ဒဏ်ရာလည်းဖြစ်လေသည်"