"ဦးလေး...ဟိုဘက်လေးနည်းနည်းလောက်..."
busကားကလည်းဒီနေ့ ကျမှ ကျပ်လိုက်တာ...ကားပေါ်မှာ ထိုင်စရာမပြောနဲ့ မတ်တပ်ရပ်စရာနေရာတောင် မရှိဘူး...လူတွေက တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ပြီး အသက်တောင်မနည်းရှူ နေရတယ်...အဲ့ဒီထဲမှာ ကျတော်နဲ့ Kris Wu လည်း
အပါအဝင်...အဲဒါကြောင့်ပြောတာ...taxiနဲ့သွားပါမယ်ဆိုတာကို...
နီးနီးလေးကို taxiစီးရင် ပိုက်ဆံကုန်မှာပေါ့ ဆိုပြီး
ကုပ်စေးကုတ် Kris Wuက busကားလာစီးသည်လေ...လူကျပ်ရတဲ့ကြားထဲ ကျတော်
တို့ နှစ်ယောက်ရဲ့လက်တွေက ခွာမရအောင်ကပ်နေပြန်တော့
သူများတွေထက်ပိုပြီး အဆင်မပြေဖြစ်နေတော့တယ်...
လူတွေကတော့ ထင်တော့မှာပဲ...တော်တော်ချစ်နေကြတယ်ဆိုပြီး...ဒီလောက်
လူုကျပ်တာတောင် လက်တွဲက မဖြုတ်ဘူးဆိုတော့လေ...အဲ့ချိန်မှာပဲ ကားက ဘရိတ်အုပ်ချလိုက်တော့ ကျတော့်ဘက်ကို Kris Wu ကိုယ်က ယိမ်းလာတယ်...ကျတော့်မျက်နှာနဲ့ သူ့ မျက်နှာ အတော်ကို နီးနေပြီ...သူကလည်းကျတော့်ကို
ငုံ့ အကြည့်...ကျတော်ကလည်း သူ့ ကို မော့အကြည့်...အကြည့်တွေက ဆုံကုန်ပြန်ပြီ...
ရုတ်တရက်ကြီး...အာခေါင်တွေခြောက်လာသလိုလို...
ရေသောက်ချင်လာသလိုလို...ကျတော်ဘာတွေဖြစ်နေတာပါ
လိမ့်?#ဂလု#
တံထွေးတောင်မနည်းမျိုချနေရတဲ့ဘဝ...ဘာဖြစ်နေ
မှန်းကို မသိတာ..."ဟေ့!ဟိုအတွဲ...အကြည်ဆိုက်
မနေကြနဲ့...ဆင်းရင်လည်းဆင်း ...မဆင်းလည်းသူများတွေဆင်းဖို့ လမ်းဖယ်ပေး"အနောက်က လူတစ်ယောက်က လှမ်းအော်တော့ ကျန်တဲ့လူတွေကလည်း ကျတော်တို့ ကို ပြုံးစိစိနဲ့ကြည့်နေကြတယ်...Aishh!ရှက်ဖို့ ကောင်းလိုက်တာ...
"ဆင်းလေ...ဒါ ငါတို့ ဆင်းရမယ့် ဂိတ်"
Kris Wu က ကျတော့်ပခုံးကို တစ်ချက်ပုတ်ပြီး ပြောတယ်...ကျတော့်မှာတော့ ရှက်လို့ မျက်နှာတွေပူပြီး သတိလက်လွတ်ဖြစ်နေတာ...ဒင်းကတော့ ဘာမှမဖြစ်သလို မျက်နှာပေးနဲ့...အဲ့တာတွေကို ကြည့်မရတာလေ...