မီးဆိုင်းတွေရဲ့ မှိန်ပြပြအလင်းရောက်အောက်က ကျွန်တော်တို့နှစ်ယောက်။ ဂန္တဝင်တေးသံ ချိုမြိန်မှုကလည်း ကျွန်တော့်ရဲ့ နားစည်အတွင်း သကာရည်အလား စီးကျလျက်။ အရာတစ်ခုမဟုတ်တစ်ခုကတော့ ကျွန်တော့်အရှေ့က ဘဝရန်သူရဲ့ဆွဲဆောင်မှုကို တော်လှန်ပေးနေလေရဲ့။ အတတ်နိုင်ဆုံး ဒီဟန်ဆောင်အပြုံးလေးကို ရုပ်ဆိုးလွန်းလှတဲ့ အတိတ်ကပုံရိပ်တွေအကြား အားတင်းရေးချယ်နေတဲ့ ကျွန်တော် Luhan။ ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာတွေအကြားက ဒီရင်ခုန်သံတွေဟာ အချိန်ကာလ ကြာမြင့်တာနဲ့အတူ အရှိန်သေခဲ့ပြီပေါ့။ 10နှစ်တောင် သူ့အတွက် တာဝန်မပျက် မောင်းနှင်ခုန်လှုပ်ခဲ့ရတဲ့ ငါ့နှလုံးသား အခုတော့ ပုံမှန်သူငယ်ချင်းတွေအတိုင်း ငါနေနိုင်တာကိုပဲ ဂုဏ်ယူလှပါပြီ။ ထူးထူးဆန်းဆန်းအခုတော့ ငါ့ရင်ခုန်သံတွေပုံမှန်ဖြစ်နေတယ်။
ရိုးရိုးလေးခေါင်းစဉ်တပ်လိုက်တယ် ရင့်ကျက်လာပြီလို့ပေါ့
ချစ်တုန်းပဲလားလို့ မေးပြန်ရင်လည်း ဟုတ်ကဲ့ သူ့ကိုချစ်ဆဲပါ။ အဲ့လိုကြောင့်မှမဟုတ်ရင် ဒီလိုဘယ်နာကျင်နေဦးမှာလဲ။
"ဟိုကောင်လေးနဲ့ အလုပ်လုပ်ရတာအဆင်ပြေလား"
Orderမှာထားတာကိုစောင့်ရင်း ပြတင်းပေါက်ရဲ့အပြင်ဘက်ကို ငေးကာ အာရုံတွေများနေတဲ့ ကျွန်တော့်ကို လေသံအေးအေးလေးနဲ့ သူလှမ်းမေးလိုက်တယ်။
"အင်း သူကအလုပ်ထဲမှာ ပျော်တဲ့ပုံလေးပါ..."
ဟုတ်တယ်။ အဲ့ကောင်လေး... ငါက ဝတ္ထုကိုဖတ်ခဲ့ဆိုတော့ တစ်လုံးမကျန်အစအဆုံးဖတ်ခဲ့ပေးတယ်။ အဲ့ဒါကြောင့်လည်း ဒီနေ့သူအသေးစိတ် ငါဘယ်လိုရေးထားလဲပြန်ပြောနိုင်တာနေမှာ။ ငါဒီနေ့ တော်တော်လွန်သွားတယ်ထင်တယ်။ အခုမှပဲ သူ့အကြောင်း ခေါင်းထဲပြန်ဝင်ကာမှ တွေးပြီး အားနာမိတယ်။ အော် Luhan Luhan.... နှလုံးသားက အဆိပ်တက်နေတော့ ဘယ်သူ့ကို အားနာရမယ် ဘယ်သူ့ကို တောင်းပန်ရမယ်မှန်းမသိတော့ပါလား။ သူကလည်းချက်ကောင်းကိုမှ ထိအောင်မေးလိုက်တာကိုး။ ငါလည်း အားရပါးရ အဲ့တစ်ပိုင်းလုံးဖြတ်ချပစ်လိုက်တယ်ပြီးကော။ သူ့ဘာသာမနက်ကျရင် Manga authorဆီပို့ပြီးကြည့်လုပ်လိမ့်မယ်။
ŞİMDİ OKUDUĞUN
Piece by Piece
Hayran Kurgu"တစ်ချို့သောနှလုံးသားအပိုင်းအစများသည် ချစ်ရသောသူအတွက်ကြွှေလွှင့်ပေးရသလို တစ်ချို့သောနှလုံးသားအပိုင်းအစများသည် အချစ်ခံရသောသူအတွက် ဆေးလည်းဖြစ်နိုင်သလို ဒဏ်ရာလည်းဖြစ်လေသည်"