ကျီကျီ
တီ တီ တီ ၀ုန်း ဒိုင်း
''ဟဲ့ Luhan အခုထိမထသေးဘူးလား နှိုးစက်ရော ဒီလောက် ပေးထားတာကို
ဟဲ့ .......''Luhan အမေ လှေကားကနေတက်ကာ rapရွတ်သလို သားတော်မောင်ကို နှိုးပြီး
အခန်းတံခါးဖွင့်ရာ မွစာတက်နေသော နှိုးစက်တွေကို ကြည့်ကာ အော်လိုက်ခြင်း''ဟဲ့ Luhan နင်ထမှာလား မထဘူးလားပြော မုန့်ဖိုး ၁လဖြတ်မှာနော်''
''ထပြီ Ma....''
ရေချိုးခန်း ထဲ ဒုန်းစိုင်း ၀င်ကာ ပြန်အိပ်ရန်စီစဉ်နေသော Luhan သူ့အမေစကားကြောင့် နင်လေ၏
''ပြန်အိပ်ဖို့ကြံလို့ကတော့ နင့်အဖေကိုပြောပြီး ယောကျာ်းပေးစားခိုင်းမှာနော်''
အင့် အိပ်တာနဲ့ယောကျာ်းပေးစားတာနဲ့ဘာဆိုင်လို့တုန်း
''Luhanမြန်မြန်လုပ်နော် ငါနှိုးစက်သွားဝယ်ရဦးမယ်''
အို နှိုးစက်လေး၁၀လုံးလောက်ခွဲမိတာကို
''ဟဲ့ ကြားလား''
''ကြားတယ်Ma''
ဟင့် ဒီကျောင်းကလဲ ဘာလို့များစောကြီးတက်ရလဲမသိဘူး
ပါးစပ် ကတတွတ်တွတ်ပြောကာ ကျောင်းသွားရန်ပြင်ဆင်ပြီးနောက်
လှေကားကနေတထစ်ချင်းဆင်းလာသော
Luhanကို ကြည့်ကာ''ဟေ့ကောင် Luhan မြန်မြန်ဆင်းစမ်း
ဘယ်နှယ့် ကျောင်းသွားမှာလား ရုပ်ရှင်ရိုက်မှာလား ဆင်းလာတာလဲမပြီးတော့ဘူး
သားလေးတကောင်မွေးမိပါတယ် ဟူးစ် စိတ်ကိုကုန်တယ်''အဖေ့ရဲ့ချဝ်စကားလေးတွေ နားထောင်ပြီး
Luhan လှေကားပေါ်မှဆောင့်ဆောင့်အောင့်ဆင်းကာ''ဟာ Paကလဲ ကိုယ့်သားကို အကောင်းကိုမပြောဘူး ပြီးတော့ သားက တက္ကသိုလ် ကျောင်းသားပါ
ဒီလောက်ချောတဲ့သားကိုရထားတယ် Paတို့ ဘယ်လောက်ကံကောင်းတယ်မှတ်လဲ ဟွင့်''
YOU ARE READING
Love Me The Same
Hayran Kurguခပ်ရွရွ Luhanနဲ့ တည်တည်ငြိမ်ငြိမ်Sehunတို့တွေ့သောအခါ YAOI