Valentine's Dayမှာ လက်​​ဆောင်​​ပေးမယ်​ ဆိုလျှင်

161 15 3
                                    

       ဒီလိုဗျ ... တစ်​ခု​သော Valentine's day မ​ရောက်​ခင်​ တစ်​ရက်​​ပေါ့ဗျာ ..​။ သူငယ်​ချင်းတစ်​​ကောင်​က သူ့ရဲ့မကြာခင်​ချိတ်​​တော့မယ့်​ ​ကောင်​မ​လေးကို Valentine's dayမနက်​ အ​စောကြီးမှာ ပန်းစည်း​လေး​ပေးချင်​တယ်​  လုပ်​​ရောဗျာ ။ တစ်​ခါမှလည်း မလုပ်​ဖူး​တော့ ကျ​တော်​တို့ကို "လုပ်​ပါ သူငယ်​ချင်းရာ "ဘာညာ​ပေါ့ ။ ကျ​တော်​တို့ကလည်း စာစုကျက်​မယ်​ဆိုရင်​သာ ဖင်​​ရွှေ့​ခေါင်း​ရွှေ့လုပ်​တာ ၊ ဒါမျိုးကျရင်​ ဖုန်းတစ်​ချက်​ဆက်​ပီး ​သတင်း​ရောက်​တာနဲ့ အမှီးနှဲ့ပီး သခင်​သ​ဘောကျ​ဆောင်​ရွက်​​ပေးချင်​တဲ့ ​ခွေး​တေလို သူငယ်​ချင်း​တေ​လေ ။

      အားလုံးတစ်​ပြုံကြီးစုမိလျက်​သား​ပေါ့ ။ ကျ​တော်​က​တော့ အ​ဖေ့ကားကို ခပ်​တည်​တည်​နဲ့ အလစ်​သုတ်​လာ ၊ ကျန်​တဲ့​ကောင်​​တွေကလည်း ကုလသမဂ္ဂက အကြံ​ပေး ပုဂ္ဂိုလ်​ ​တွေလိုလို ဂိုက်​​တွေဖမ်းပြီး ဆရာလုပ်​ဖို့လာကြ​ရော ။ ပြီး​တော့ ရှိစုမဲ့စုပိုက်​ဆံ​လေး​တွေနဲ့ ​မြေနီကုန်း​ဈေးမှာ ပန်း​တွေဝယ်​ကြ​ပေါ့ ။ Floral Service ​တွေ ဘာ​တွေ​တော့ ဘယ်​ကပ်​နိုင်​မလဲ ။ ကိုယ့်​ဘာသာပဲ နှင်းဆီ​တွေကို အရွက်​​ခြွေတဲ့ ​ကောင်​က​ခြွေ ၊ ​ရေ​ဆေးတဲ့​ကောင်​က​ဆေး ၊ ကြွပ်​ကြွပ်​ကြိုးနဲ့စည်း ၊ ပါကင်​ paper နဲ့ ပတ်​ ၊ ကဲပီး​ရော​ပေါ့ဗျာ ။

     တစ်​​ကောင်​က အကြံ​ပေးလိုက်​​သေးတယ်​ ။ ပန်း​တွေကို တစ်​ညသိပ်​မှာဆို​တော့ လန်းလန်းဆန်းဆန်း ဖြစ်​​နေ​အောင်​ ​ရေ​စိမ်​ထားသင့်​တယ်​ တဲ့ဗျာ ။ ဒါမှမနက်​​ရောက်​ရင်​ ​လန်း​နေမှာလို့ ဆို​သေး ။

       ဒါနဲ့ ပဲ ​ရေချိုးခန်းထဲက ဒန်​အိုးအဝိုင်း​လေးထဲမှာ ​ရေဖြည့်​ပြီး ပန်းစည်းကိုစွပ်​ထားလိုက်​တယ်​ ။ အဲမှာ စတာပဲ ။  အဲဒီ့ ဒန်​အိုး​လေးက အိမ်ရှင်​ သူငယ်​ချင်းရဲ့အ​မေ (အန်​တီက သိပ်​ကျန်းမာ​ရေး မ​ကောင်းဘူး ) ည​ရေးညတာ သုံးတဲ့အိုး (တစ်​နည်း ) ရှုရှုး ဖလားဝါးတဲ့အိုးဗျ ။ ကျ​တော်​တို့က​တော့ ဘယ်​သိမှာတုန်း ။ ​ရေကျင်းပြီး ခပ်​လွယ်​လွယ်​ပဲ ပန်းစည်းကို ထိုးထားလိုက်​တာ​ပေါ့ ။

🎉 You've finished reading Valentine's Dayမှာ လက်​​ဆောင်​​ပေးမယ်​ ဆိုလျှင်​ 🎉
Valentine's Dayမှာ လက်​​ဆောင်​​ပေးမယ်​ ဆိုလျှင်​Where stories live. Discover now