Chapter - 1

1K 64 1
                                    

Author's POV

သာယာလှတဲ့ နံနက်​ခင်းအချိန်​မှာ ​ရောင်​နီ​တွေက တဖြာဖြာကျဆင်းလျက်​ရှိပြီး ​ကျေး​ငှက်​​လေး​တွေရဲ့​တွန်​ကျူးသံကလည်း နံနက်​ခင်းရဲ့ အလှကို​ထောက်​ပံ့​နေတဲ့ကြားက ကွန်​ဒိုအခန်း တစ်​ခု က ထွက်​လာအသံက​တော့ နတ်​ဆိုးပမာ နံနက်​ခင်းအလှ ကို ဖျက်​စီး​နေ​လေရဲ့ ...

" ချွဲမရယ် မြန်မြန်စားစမ်းပါ စား​နေတာက လိပ်​​တောင်​အရှုံး​ပေးရ​လောက်​တယ်​ နင့်ကိုစောင့်နေရတာနဲ့တင်​ နောက်ကျတော့မှာပဲ "

" ဟဲ့ ! စား​သောက်​​နေချိန်​ ​ခွေးကို​တောင်​မ​အော်​ရဘူး​ဆိုတာ မသိဘူးလား .... နင့်​ကို အရပ်​ပဲပုတယ်​ထင်​တာ ဥာဏ်​ပါပုတာပဲ ဟားးဟားး "

" Ya!! နင်​​သေချင်​လို့လား "

"​​ နောက်​ကျ​နေပီဆို သွားမယ်​​လေ😜 "

" ​အေး လုပ်​ထားး နင်​မိလို့က​တော့အ​သေပဲ 😡 "

ဒီလိုနဲ့ ​ကောင်​မ​လေးနှစ်​​ယောက်​ လမ်းတစ်​​လျှောက်​လုံး တကျက်ကျက်​နဲ့စကားများလာပြီး ​နောက်​ဆုံးSoshi High School ​ရှေ့သို့​ရောက်​ရှိလာခဲ့သည်
ကျောင်းဝင်းထဲမ​ရောက်​မှီ ဆရာ Le Sungmin က ​သူဆို့နှစ်​​ယောက်​အ​ပြေးအလွှား​ပြေးလာသည်​ကို မြင်​လိုက်​​တော့ နာရီကိုကြည့်ုပီး နံပါတ်​စဉ်​စ​အော်​​လေသည်​...

Tr. Lee - " 5...4...3...2...1 ရပ်​​တော့ ! Kim Taeyeon, Choi Sooyoung နင်​တို့နှစ်​​ယောက်​ ​နေ့တိုင်းဒီလိုပဲ​နောက်​ကျ​နေ​တော့မလား "

Soo - " ​ဟောဟဲ .... ​ဟောဟဲ ...ဆရာရယ်​ သမီး​တို့နောက်မ​ကျပါဘူးး ဆရာ့နာရီကသာမြန်​​နေတာ ... ​ဟောဟဲ ... သမီးနာရီကြည့်​ပါလား 1 min ကြီးများ​တောင်​လို​သေးတယ်​... အမ​လေး !​မောလိုက်​တာ "

Tr. Lee - " ဘာ​ ! နင်​​ပြောချင်​တာ ငါ့ကပဲတမင်​ အချိန်​မြန်​ထားတယ်​ဆိုတဲ့ သ​ဘော​ပေါ့ ဟုတ်​လား "

Soo - " သမီး​မ​ပြောဘူး​နော်​ ဆရာ့ဘာသာ ထင်​ချင်​သလို ထင်​တာ 😕 "

Tr. Lee - " နင်​... !!! 😡 ​​အေးး အစက​တော့ ငါက နင်​တို့ကို အပြစ်​မ​ပေး​တော့ဘဲ ဆုံးမပြီးရင်​လွတ်​​ပေးမလို့ စဉ်းစား​နေတာ အခု​သေချာပြန်​စဉ်းစားလိုက်​​တော့ မဖြစ်​​တော့ဘူးဘဲ Kim Taeyeon, Choi Sooyoung !! ​​နေ့လည်​ထမင်းစားချိန် နာရီဝက်​ စာသင်​ခန်း​ရှေ့မှာ ဒူး​ထောက်​ပြီး လက်​​မြောက်​ထားရမယ်​ ဒါပဲ သွား​တော့ "

War Between LOVE & HATEWhere stories live. Discover now