Loving the Alpha King (မြန်မာပြန်)
Chapter 1 ကျွန်မနာမည်က'လိုင်လာ' နာမည်အပြည့်အစုံက လိုင်လာကော့ဒ်ဒေးလ် Lakewood အထက်တန်းကျောင်းရဲ့ ဗော်လီဗော အသင်းခေါင်းဆောင်တစ်ယောက် ၊ အရမ်းတော်တဲ့အသင်းရဲ့ခေါင်းဆောင်တစ်ယောက်ဆို လည်းမမှားပါဘူး ၊ စကားမစပ် ကျွန်မက သမန်းဝံပုလွေပါ ၊ နည်းနည်းတော့အံ့သြသွားလိမ့်မယ် ဒါပေမယ့် ကျွန်မ တို့ မြို့ မှာက သမန်းဝံပုလွေ အများစုနဲ့ ဖွဲ့စည်းထားတယ်လေ ။ ကမ္ဘာပေါ်မှာကိုက ၆၀ ရာနှုန်းက သမန်းဝံပုလွေတွေ ၊ ၂၀ ရာနှုန်းက လူတွေနဲ့  ကျန်တာကတော့ သိတဲ့အတိုင်း အေးစက်စက် သွေးစုပ်ကောင်တွေ ပေါ့ ။ အင်း သွေးစုပ်ကောင်တွေတောင်သိပ်မရှိရှာတော့ပါဘူး Twilight series ပြီးကတည်းက ဘယ်လာက ဂျက်ကော့ကို အသည်းခွဲပြီး အက်ဝပ် နဲ့လက်ထပ်လိုက်လို့  ကျွန်မတို့ သမန်း ဝံပုလွေတေဒေါသထွက်ကုန်တယ်လေ ။ သွေးစုပ်ကောင် မြင်ရင်အသေသတ် ကြတာ ။ တော်တော်ကို နည်းသွားပါပီ ။ ထားပါ။ ကျွန်မ အဖေက Black Dust ဝံပုလွေ အုပ်စုရဲ့ ခေါင်းဆောင် Alpha လေ ၊ ပြီးတော့ကျွန်မတို့  အုပ်စုက KW (Kingdom of Werewolves ) ဆိုတဲ့ အုပ်စုပြီးရင်ကမ္ဘာမှာဒုတိယအကြီးဆုံးလေ ၊အကြီးဆုံး အုပ်စု KW ကိုတော့ Alpha ဘုရင် William က အုပ်ချုပ်တယ် ၊Black Dust ကိုတော့ ကျွန်မအဖေပေါ့ ကျွန်မကတော့ နောက် မကြာခင်မှာ Black Dusk အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တော့မယ်လေ။ ကျွန်မမှာ မောင်နှမလည်းမရှိတော့ အဖေရဲ့ ရာထူးယူရမှာ ကျွန်မပဲရှိတယ် ။ ဂုဏ်ယူစရာတော့ကောင်းပါတယ် ။ ဒါပေမယ့် စိတ်ထဲမှာ တော့ရွံ့တွန့်တွန့်ရှိသား။ သားရဲ အုပ်စုရဲ့ ခေါင်းဆောင်လုပ်ရတာ မလွယ်ဘူးလေ ၊ အဖွဲ့ကို မိန်းကလေး တစ်ယောက်က အုပ်ချုပ်တာ အဖွဲ့ကကြိုက်ပါ့မလား ၊ အမိန့်ကိုနာခံပါ့မလား ဆိုတာ တွေက ကျွန်မခေါင်းထဲမှာအပြည့် ။ ဘေးနားက အဖေကခေါ်နေတာတောင် သတိမထားမိ ။ 'သမီး' နားနားကပ်အော်မှအတွေးစကပြတ်သွားတာ ' ဟုတ် ဒယ်ဒီ ' ' သမီး ဘာစားမှာလည်းလို့  ဒယ်ဒီမေးနေတာလေ သမီးရဲ့ ' ' အင်း ရေခဲမုန့်ပဲ စားမယ်လေ ' ' အိုကေ သမီး,ဒီကပဲထိုင်စောင့် ဒယ်ဒီသွားမှာလိုက်ဦးမယ် ' အဖေလည်း ကောင်တာဖက်ကို ထွက်သွားရော အနီးနားကို ခုံလွတ်ရှိမရှိ မျက်လုံးဝေ့ကြည့်လိုက်တယ် ။အားပါးပါး လူတွေကော ဝံပုလွေ အထီးတွေကော မျက်လုံး ကျွတ်ကျမတတ် ကြည့်နေတာ ။ နည်းနည်းရှက်မိပေမယ့် အိနြေ္ဒမပျက်အောင် အသာလေးပဲ အနီးဆုံးက စားပွဲမှာထိုင်လိုက်တယ် ။ တကယ်ဆိုကျွန်မက အလှကြီးမဟုတ်ပါဘူး ။ အလှဆုံးမဟုတ်ပါဘူးဆို ပိုမှန်လိမ့်မယ် ။ ကျွန်မမှာ စိမ်းပြာရောင် တောက်နေတဲ့ မျက်လုံးလေးရယ် နီညိုရောင် ဆံပင် ရှည်ရှည်လေး ရယ် တော့ရှိတယ် ။ စိတ်တည်ညိမ်အောင် လက်ကလေးတွေ ကို တစ်ချောင်းနဲ့ တစ်ချောင်းပွတ်နေလိုက်တယ် ။ 'လိုင်လာ ' တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တာက ဖေဖေ။ လက်ထဲမှာ ရေခဲမုန့်ခွက်တွေနဲ့  ' သမီးအဖေ့ကို ကူဖို့ စိတ်ကူးမရှိဘူးလား ' အဖေက ပြုံးပြီး ပြောသည် ။ အဖေကစည်းကမ်းတင်းကျပ်ပြီး ကြောက်ဖို့ကောင်းပေမယ့် တစ်ခါတစ်ခါ ပျော်ပျော်နေတတ်သည်။ အဖေ့လက်ထဲက ရေခဲမုန့်ခွက်တွေကို ကူချပေးပြီး ရေခဲမုန့်ကို အငမ်းမရစားနေလိုက်သည် ။ အင်းလေ ဒီနေ့ညနေစာမှ မစားရသေးတာပဲ ၊ ဗော်လီဘောပွဲနိုင်တော့ သူငယ်ချင်းတွေက ညစာသွားစားကြသည် ။ သူမက လိုက်မလို့  ဟန်ပြင် နေတုန်း သူမအဖေက လာခေါ်သည်။ မလိုက်ရတဲ့ ။ ညစာစားပွဲအစား ရေခဲမုန့်ဆိုင်ပဲခေါ်လာပေးသည် ။ တစ်ချက်တစ်ချက် သူမအဖေကို လိုတာထက်ပိုပြီး တင်းကျပ်သည်ဟုထင်သည်။ ' သမီး ဘာဖြစ်နေတာလည်း ' တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည် ။ မျက်နှာကို ပြန်ပြင် ရင်း ' ဘာမှမဖြစ်ပါဘူးဖေဖေ ' ' သမီးမညာပါနဲ့  ၊ ဖေဖေက သမီးအဖေပါကွာ ၊ သမီးစိတ်ထဲ တစ်ခုခု ပဲ ၊ ဖေ့ဖေ့ကိုမညာနဲ့  အမှန်အတိုင်းပြော ' ဟူး..... လေပူတစ်ချက်မှုတ်ထုတ်လိုက်သည် ။ 'သမီး ခေါင်းဆောင်လုပ်ရမှာကို စိတ်ပူနေတာဖေဖေ ။ အကယ်၍သူတို့က မိန်းကလေးတစ်ယောက် အဖွဲ့ခေါင်းဆောင် လုပ်တာမကြိုက်ရင်ကော ။ သမီးကို မိန်းကလေးဆိုပြီး မလေးစားကြရင်ကော။ အမိန့်တွေကိုမနာခံရင်ကော ?? သမီးအဲ့တာကိုစိတ်ပူနေတာ ' ဖေဖေက တဟားဟားရယ်သည် ။ပြီးမှ ' သမီးလေးကလည်း ။ သမီးက ဖေဖေ့သမီးပါ ။ သမီးမှာသမီးဖေဖေလို ပါးနပ်တဲ့ညာဏ် ရှိတယ်လေ ၊သမီးကိုယ်တိုင်လည်း ကိုယ့်ကို လေးစားအောင်နေတတ်တယ်မလား ။ သမီးက ဖေ့ဖေ့ သမီးပါ ။ သမီး ခေါင်းဆောင်ကောင်းဖြစ်မယ် ဆိုတာ ဖေဖေယုံတယ် ' ဖေဖေ့ရဲ့အားပေးစကားက ရင်ထဲနွေးထွေးကာ အားအင်သစ်တွေဖြစ်စေသည် ။ 'ကျေးဇူးပဲဖေဖေ ' ' သမီးလေးအတွက် ဘာမဆိုပါ ' နွေးနွေးထွေးထွေး စကားဝိုင်းလေးပြီးတော့ သူမတို့အိမ်ပြန်သည်။ သူမအဖေက ကမ္ဘာပေါ်တွင်အကောင်းဆုံး ၊အနွေးထွေး ဆုံး ဟု စိတ်ထဲမှ ချီးမွမ်းမိသည် ။ သူမအဖေထက်နွေးထွေးမည့်သူ ပေါ်လာမည် ဆိုတာတော့ လိုင်လာတစ်ယောက် မသိသေးပါချေ................... xxxxxxxxxxxxxxxxxxxxxxxxxx Loving the Alpha King ဆိုတာကို ကျွန်တော်ကိုယ်တိုင် ဘာသာပြန်ပါသည် ။။။။ ငိငိ Feed back လေးများ မစကြပါ ။ွ