အိမ်​မက်​အနမ်း​လေးပွင့်​ခဲ့တယ်

139 4 0
                                    

"ဘုန်း"

"အမယ်​​လေး"

သူ့ရင်​ဘတ်​တစ်​ခုလုံး ပူခနဲဖြစ်​သွားကာ ရင်​ခွင်​ထဲ အင့်​ခနဲပစ်​ကျလာ​သော ကိုယ်​လုံး​သေး​သေး​လေးကို လှမ်းထိန်းလိုက်​​သော်​လည်း ​ခြေ​ထောက်​လိမ်​သွားကာ နှစ်​​ယောက်​စလုံးပစ်​လဲကျသွား​တော့သည်
သူ့​ကျောပြင်​တစ်​ခုလုံး​အောင့်​သွားကာ သူမ​လေးက​တော့ ​ကောင်း​ကောင်း သူ့အ​ပေါ်တွင်​ ထပ်​လျက်​သား​. နှာ​ခေါင်းထဲ ဝင်​လာ​သော ​ကော်​ဖီနံ့နှင့်​အတူ သူ့အကျီင်္အဖြူတစ်​ခုလုံး အကွက်​လိုက်​ စိုရွှဲ​နေသည်

"​ဟေ့"

ရုတ်​တရတ်​ ထလိုက်​​သော သူမ၏ မျက်​နှာက သူ့မျက်​နာနှင့်​ မျက်​နှာချင်းထပ်​​တော့မတပ်​. သူမ၏ ထွက်​သက်​ဝင်​သက်​များက သူ့မျက်​နှာကို ပါးပါး​လေးပုတ်​ခတ်​သွား၍ နှုတ်​ခမ်းများက သူ့ပါးပြင်​ကို ထိခတ်​လျှပ်​​ပြေးသွား​သောအခါ သူမ တမင်​လုပ်​တာများလားဟု သူ့အ​ပေါ်က စီးမိုးကြည့်​​နေ​သော ​ကောင်​မ​လေးကို အကဲခတ်​လိုက်​မိသည်

"​အော်​ မင်းကိုး"

သူမက အခုမှအသိတရားဝင်​လာပုံရကာ သူ့အား ​ကြောင်​​တောင်​​တောင်​ ​ငေးကြည့်​​နေသည်

"မင်းဖယ်​​ပေးဦး​လေ"

"အို Mianhae"

သူ့အား မသိမသာ ​စွေ​စောင်းကြည့်​ကာ မျက်​နှာထားမတပ်​​အောင်​ရှက်​​နေ​သော သူမကိုကြည့်​ရင်း သူ အသံထွက်​ ရယ်​လိုက်​မိသည်​ သူမက ဖြူလွလွ အကျီင်္လက်​ရှည်​ပွပွကို ​ပေါင်​တစ်​ဝက်​သာ ရှိ​သော စကပ်​အမဲနှင့်​ တွဲစပ်​ဝတ်​ထားကာ ​​ဘွတ်​ဖိနပ်​အနီ​ရောင်​​လေးနှင့်​ လိုက်​ဖက်​စွာ ဝတ်​ဆင်​ထားသည်​ သို့​သော်​ သူအ​ပေါ် ဒီပုံစံအတိုင်းလဲကျသွားသည်​မို့ သူမ၏ တိုလွန်း​သော စကပ်​ကားကား ပြဿ နာအား
သူမ ​တွေးမိသွားဟန်​တူသည် သူ့ကိုပင်​ မျက်​နှာလွှဲကာ ​ခေါင်းကို အတင်းငုံ့ထား​လေသည်

"မင်းက ပြဿ နာမ​လေးဘဲ"

"ဟို​လေ ကျွန်မ​ခြေ​ထောက်​နားက ကြွက်​တစ်​​ကောင်​ဖြတ်​​ပြေးသွားတာနဲ့ လန့်​ပြီး အ​နောက်​ဆုတ်​လိုက်​မိတာ ဟို​​လေ ​တောင်းပန်​ပါတယ်​​နော်​ တကယ်​​တောင်းပန်​ပါတယ်​ တကယ်​တကယ်​တကယ်​ ​တောင်းပန်​​နေတာပါ ​နော်​"

အိမ်​မက်​အနမ်း​လေးပွင့်​ခဲ့တယ်​Where stories live. Discover now