Sixth Piece

3K 350 36
                                    

October ရဲ့ဆောင်းဦးကိုကြိုဆိုနေသော လေရုးတွေ။ တိမ်တွေအလပ်လပ်ထပ်နေသောကောင်းကင်ကြားက နေရောင်ခြည်တွေ။ ကားပြတင်းပေါက်နေလှမ်းမျှော်ကြည့်ရင် မြင်နေရသော လူ့ပတ်ဝန်းကျင်က မြင်ကွင်းတွေနဲ့ အဆောက်အဦးတွေဟာအလှပဆုံးပန်းချီကားတစ်ချပ်ဟု ဆိုရလောက်ပေမယ့် ထိုအသိ ကျွန်တော့်ခေါင်းထဲလုံးဝမရှိခဲ့။ ဘာများကျွန်တော့်ခေါင်းထဲအခုချိန်ပြည့်နှက်နေခဲ့သလဲ။

Lu.....?

ဟုတ်တယ်။ သူ့အကြောင်းကိုပဲ ကျွန်တော့်ခေါင်းထဲပြည့်နှက်နေခဲ့တယ်။ သူ့တိုက်ခန်းသို့ သွားရာလမ်းပေါ် မူရင်းဇာတ်ညွှန်းသွားတောင်းဖို့ရောက်နေတာက တစ်ကြောင်းပေါ့လေ။ ကျွန်တော့်ကိုဇီဇာကြောင်တယ်ပဲ ဆိုပါစေ ဒီလိုမျိုး အချစ်ကိုပထမဦးဆုံးအနေနဲ့ တွေ့ကြုံလိုက်ရတဲ့ ကျွန်တော့်အတွက်တော့ မိုးရေတွေထဲမီးမွှေးနေရသလိုပဲ။ လုပ်ရမယ့် အလုပ်ကို အခြေအနေအကျိုးအကြောင်းမစဉ်းစားမိ မီးမွှေးချင်တာပဲခေါင်းထဲရှိခဲ့တော့ ရွှာသွန်းနေတဲ့မိုးက ကျွန်တော့်ရင်ထဲကမီးကို သတိမထားမိပဲ ငြိမ်းသတ်နေလျက်ပဲပေါ့။

ကျွန်တော်က လောင်ကျွမ်းချင်နေမိတာပါ သူ့အတွက်ဆို....

သူဟာလည်း ကျွန်တော့်စိတ်နှလုံးသားက မှန်မျက်နှာချပ်အထက်မှာ ပိုင်စိုးပြီးသားဖြစ်နေခဲ့ပြီ။ အချိန်တွေကုန်လို့ကုန်မှန်းမသိအောင် သူ့အကြောင်းတွေ သူ့မျက်နှာလေး သူ့မျက်ဝန်းတွေအရာအားလုံးဟာ တစ်ဆတစ်ဆ ကျွန်တော့်အတွေးထဲ နယ်ချဲ့လာလျက်ပဲဖြစ်နေတယ်။

"မီးပွိုင့်ကလည်း ပိတ်လိုက်တာကွာ...."

ကားအရှေ့ခန်းက driver အော်လိုက်သံကြောင့် လူကတစ်ချက် သတိပြန်ဝင်လာတယ်။ လမ်းပိတ်တယ်...? လမ်းပိတ်တယ်ဆိုတဲ့အသံကြားပြီး ဘာလို့ Kris hyungရဲ့ မျက်နှာကြီးပြေးမြင်လာရလဲ။ မမြင်နဲ့။ ဒီရင်ထဲ ပူလောင်တယ်။ အိုက်စပ်စပ်နဲ့နေမရထိုင်မရဘူး။ Luကိုယ်တိုင်က အဲ့ဒါ Kris hyungပါလို့ ကိုယ်တိုင်ဝန်မခံသေးတာ။ ငါဘာတွေ ခံစားနေစရာလိုလို့လဲ။ မေ့ထားလိုက်ပါ။ ကိုယ့်ကိုကိုယ်သိပါတယ် ကျွန်တော်အကောင်းမြင်လိုက်တာ။

Piece by PieceWhere stories live. Discover now