Once Upon A Time~~~1

705 76 0
                                    

ဂျိုဆောင်ခေတ်...

ကိုရီးယားနိုင်ငံ(Hanguk)လို့စတင်ဖြစ်ပေါ်လာတဲ့အချိန်...

တောရွာကလေးတစ်ခုရဲ့ တောင်စွန်းကအိမ်ကလေးတစ်အိမ်မှာ...

ကလေးလေးတစ်ယောက် အိမ်အပြင်မှာ ထွက်ကစားနေရင်း မိုးတွေရွာလာလို့ အိမ်ထဲပြေးဝင်လာလေရဲ့။

ကလေးလေးက မိုးတွေရွာလာတာကြောင့် အပြင်မှာ မဆော့ရတော့လို့ ဝမ်းနည်းနေတာပေါ့။အမေဖြစ်သူကလည်း အိမ်အနောက်ဖက်မှာ ထမင်းဟင်းတွေချက်နေတော့ အိမ်ရှေ့ခန်းမှာက ကလေးလေးရယ် သူ့ရဲ့ ဖိုးဖိုးရယ် နှစ်ယောက်တည်းရှိနေတာပေါ့။အိမ်မှာက ကလေးလေးရယ်၊သူ့အမေရယ်၊သူ့အဖိုးရယ် သုံးယောက်တည်းပဲရှိတာလေ။ကလေးလေးရဲ့ အဖေကတော့ စစ်တိုက်ထွက်နေရတာပေါ့...

ကလေးလေးက တစ်ယောက်တည်း ပျင်းပြီး ငူငူငိုင်ငိုင်ကြီးဖြစ်နေတဲ့အချိန်မှာ အဖိုးဖြစ်သူက ကလေးလေးအနားကိုရောက်လာတာပေါ့။သူ့အဖိုး သူ့နားကိုရောက်လာတာနဲ့ ကလေးလေးလည်း အရမ်းကိုပျော်သွားပါတော့တယ်။ဘာလို့လဲဆိုတော့ ကလေးလေးပျင်းနေတဲ့အချိန်တွေဆိုရင် အဖိုးဖြစ်သူက ပုံပြင်တွေပြောပြတတ်လို့လေ။

''ဖိုးဖိုးပုံပြင်​​ပြောပြရမလား''

''Nae ပြောပြပါ ဖိုးဖိုး''

''အင်း ပြောပြမယ်လေ။ဘာပုံပြင်နားထောင်ချင်လဲ?''

''ရတယ်ဖိုးဖိုး ဘယ်ပုံပြင်ဖြစ်ဖြစ်နားထောင်မယ်''

''ဟုတ်ပြီပြောပြမယ်နော်။သေချာနားထောင်နော်။ပြီးရင် မြေးလေးကို ပုံပြင်ထဲမှာပါတဲ့ အကြောင်းအရာတွေကို ပြန်မေးမယ်နော်''

''Nae :) ''

''အိမ်းးး ဟိုးလွန်ခဲ့သော အနှစ်လေးဆယ်လောက်ကပေါ့ကွယ်....ဂိုလျောခေတ်ကပေါ့....ဂိုဂူလျောနိုင်ငံမှာ မင်းသားလေးတစ်ပါးရှိခဲ့တယ်...''

{Once Upon A Time}

ဂိုဂူလျောနိုင်ငံရဲ့ နန်းတော်ထဲမှာတော့ အသက်နှစ်ဆယ်အရွယ် မင်းသားလေးတစ်ပါးက အမတ်ကြီးတွေ ဝန်မင်းတွေနဲ့ စိန်ပြေးတမ်းကစားနေလေရဲ့။တကယ်ကတော့ မင်းသားလေးကပဲ စိန်ပြေးလိုက်တမ်းဆော့နေတာပါ အမတ်ကြီးတွေ ဝန်မင်းတွေကတော့ တည်တည်ငြိမ်ငြိမ်ပဲနေကြတာပါ။
မင်းသားလေးရဲ့ သက်တော်စောင့်တဖြစ်လဲ သူငယ်ချင်းက မင်းသားလေးနောက်ကနေလိုက်...မင်းသားလေးကလည်း ရှေ့ကနေ အတင်းထွက်ပြေးနဲ့ နန်းတော်တစ်ခုလုံးကို ဖုန်တွေထနေတာပေါ့။

''ဟဲ့ Yi Fan နဲ့ Tao!နင်တို့တွေ ကလေးမဟုတ် သူငယ်မဟုတ် လျှောက်ပြေးပြီး စိန်ပြေးလိုက်တမ်းကစားနေကြတယ်ဟုတ်လား?လာစမ်း ဒီကို''

ဒါကတော့ နေ့တိုင်းလိုလို နန်းတွင်းထဲမှာကြားနေရတဲ့ မိဖုရားခေါင် မယ်မယ် Suရဲ့ သာယာနာပျော်ဖွယ်အသံလေးပါပဲ။

''မယ်မယ်ရေ သားကို Tao လိုက်ရိုက်နေတယ်''

အရင်ဦးအောင် မိဖုးရားခေါင် မယ်မယ် Suကို တိုင်တဲ့ သူကတော့ မင်းသားလေး Yi Fanပဲ ဖြစ်ပါတယ်။

''ဟဲ့ Yi Fan မင်းက ကလေးလည်းမဟုတ်တော့ပဲနဲ့ကို ဘယ်လိုဖြစ်လို့ သား သား နဲ့ပြောနေတာလဲ ဟမ်?!မကြာခင်ပဲ မင်းခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံရတော့မယ် အခုထိ သား သားနဲ့ ပါးစပ်ကနေ မချသေးဘူး။ကျနော်လို့ပြောစမ်း!''

''အာာ မယ်မယ်ကလည်း သားက..''

ဂေါက်

''အားး မယ်မယ် ဘာလို့ခေါင်းခေါက်တာလဲ?ဒီမှာ နာသွားပြီ 😣 ''

''မင်းကိုယ်မင်း သားလို့ ပြောလိုက်လို့ ခေါက်တာ ဘာလဲမကျေနပ်ဘူးလား?''

''မယ်မယ်ကလည်း 😣 ''

''ခွီးး နည်းတောင်နည်းသေးတယ် 😝😝 ''

''Yrrr Tao!! တွေ့မယ် လာခဲ့!! ''

ဒီတစ်ခါတော့ Yi Fan ကလိုက် Taoက ပြေးရတဲ့ အလှည့်ပေါ့

''ဟဲ့ Yi Fan ပြန်လာခဲ့စမ်း ညီလာခံရှိတယ်ဟဲ့။အောင်မလေး မောလိုက်တာနော် ဘယ်လိုသားမျိုးကိုမွေးထားမိတာပါလိမ့်''

မယ်မယ် Su လည်း တော်တော်ကို လည်ချောင်းကွဲအောင် Yi Fanကို အော်ခေါ် နေရတာပေါ့။

အိမ်ရှေ့မင်းသားလေး Yi Fanကတော့ သူ့ရဲ့ မယ်မယ် Su အော်ခေါ်နေပေမယ့်လည်း ပြန်လှည့်မလာအားပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့သက်တော်စောင့်သူငယ်ချင်းကို အနောက်ကနေလိုက်ရိုက်နေရလို့လေ။ဒါကတော့ နန်းတော်ထဲမှာ ဖြစ်ပျက်နေတတ်တဲ့ အိမ်ရှေ့မင်းသားလေး Yi Fanရယ် သက်တော်စောင့် Taoရယ် မိဖုရားခေါင် မယ်မယ် Su ရယ် သူတို့သုံးယောက်ရဲ့ နေ့စဉ်အဖြစ်အပျက်ကလေးပေါ့...

{Once Upon A Time}Part-1ကား ဤတွင်​ပြီး၏

You've reached the end of published parts.

⏰ Last updated: Jun 27, 2016 ⏰

Add this story to your Library to get notified about new parts!

Once Upon A Time~~~Where stories live. Discover now