Part - ( 1 )

3.2K 250 21
                                    


ပြေးထား luhan ပြေးထား မင်းတော့အချိန်မမှီရင် အိုးကမပူ စလောင်းကပူ တာခံရတော့မယ်

အဟမ်း အဟမ်း ကျွန်တော်နာမည် luhan ပါ xaio luhan အဟဲ ကျွန်တော် ဒုတိယနှစ် စီးပွါးရေး ကျောင်းသားပါ

ဝါသနာပါလို့ တော့မဟုတ်ပါဘူး မိဘတွေအလိုကျပေါ့ ကျွန်တော် အရမ်းနှစ်သက်တဲ့ ဘာသာက ဖလော်ဆော်ဖီ ( philosophy ) လေ

ကျွန်တော်က တွေးတော့တွေးပါ ရဲ့ ကျွန်တော် နဲ့  လာမဲ့အနာဂါတ်မှာ နှစ်ပါသွား က ရမဲ့ သတိုးသားလောင်း အဲ သတိုးသမီး နိုးနိုးနိုး အာ့ဟာဘာခေါ်မလဲဆိုတော့ ကျွန်တော့်ရဲ့ယောက်ျား waht ? OMG ယောက်ျား? ကျွန်တော်လဲ ယောက်ျားလေ

ပြောရင်နဲ့ လည်လာပြီ ဒီလို ဒီလို ကျွန်တော်မိဘတွေက အတင်းးးကို လက်ထပ်ခိုင်းနေလို့ ကျွန်တော်လဲခေါင်းငြိမ့်တဲ့ ဘဝရောက်ရော မငြိမ့်လို့ လည်းမရဘူး

ကျွန်တော်မွေးသမိခင်ကြီးက ခြေမ ကြိုးဆွဲချသေမယ်ဆိုလား တဂဲဂဲ လုပ်နေလို့  စိတ်ချမ်းသာသလိုလုပ်ဆိုကာမှ ယောကျာ်းတဲ့ဗျာ ကြားလို့ မှမကောင်းဘူး အဲ့တော့ ကျားဆိုလဲကျားပေါ့

ကျွန်တော်စဉ်းစားမရတာအဲ့တာ ကျွန်တော်အမေသူငယ်ချင်းက ဘာကိစ္စ ယောကျာ်းလေးမွေးရတာလဲ သူမိန်းကလေးမွေးရင် ပြီးတဲ့ဟာကို

အဲ သူ ယောက်ျားလေးမွေးတာကလဲ သူဟိုဟာ က ဟိုဟာ အဲ ဒီကိစ္စ ဒီမှာတင်ရပ် တော်ကြာ ယောက်ကထီး လောင်းရဲ့လက်စာမိနေမှ

ဒါပေမဲ့လည်းဗျား စဉ်းစားကြည့်ပါအုံး ကျွန်တော့ယောက်ျား အဲ ဟိုကောင် ဟုတ်သေးဘူး ဟိုကလေး ဟုတ်တယ် ဟိုကလေးက အသက်က ခုမှ ၁၆ နှစ်တဲ့ အထက်တန်းကျောင်းသား ၁၆နှစ်တဲ့

ကျွန်တော့်အမေများ သားလေးတစ်ယောက်ရှိပါတယ် မိန်းမပေးစား အဲ ယောကျာ်းပေးစားချင်တာများ ထွန့်ထွန့်လူးနေတာ

ပေးစားတော့လည် ထောင်ထောင်မောင်းမောင်းပေးစားပါလား ဘယ်နှယ့်ဗျာ ကလေးမှတကယ့်ကလေး အူတူတူ ဘာမှမသိနားမလည်တဲ့ လေးလုံးမှန်ချောင် အုန်းမှုတ်ခွက်ခေါင်းစွပ် ရိုးသားတာတော့ရိုးသားပါတယ်

သူ နဲ့ ကျွန်တော်သည် ဖလော နှင့် ဆော်ဖီ { Completed }Where stories live. Discover now