Love Stotry-3

11.6K 1K 34
                                    

"​ဆေးထိုးထား​ပေးတယ်​ ... အပူကျ​အောင်​ ​ရေပတ်​တိုက်​​ပေး Jongin...သူနဲ့မတည့်​တာ​သိသိကြီးကို ​သောက်​လာရတဲ့ထိ ဒီ​ကောင်​ရူးမိုက်​လား...မင်း မျက်​နှာ​ကြောင့်​ ငါ လာကု​ပေး​တာ သူ့ဟာသူဆို ​သေပါ​စေ ပြစ်​ထားတယ်​..."

အရင်​က Sehun ကိုသိပ်​ချစ်​တဲ့ Sehun အကိုဝမ်းကွဲ Baekhyun ​တောင်​ ကျ​နော်​တို့ ၂​ယောက်​အ​ကြောင်း အလုံးစုံ သိပြီးသည့်​အခါ ပုံစံ​ပြောင်းသွား​လေပြီ...​ဘေးလူ​တွေကသာ Sehun ကို​မ​ကျေနပ်​ကြပြီး Jongin ကိုသနားကြ​ပေမယ့်​ ကာယကံရှင်​ Ooh Sehun က​တော့ အားနာပုံပင်​မရ....ကျ​နော်​က​ရော....?

သူ့ကိုအိမ်​​ထောင်​​ရေး ​ဖောက်​ပြန်​တယ်​လို့ မစွပ်​စွဲရက်​ပါဘူး​လေ...

ခပ်​ပြူံးပြူံး​လေး​နေ ​နေတဲ့ Jongin ကို Baekhyun အားမလို အားမရဖြစ်​ကာ ...

"Jongin...မင်းဒီလိုလုပ်​​နေရင်​ မင်း​နေရာ​ပျောက်​သွားလိ​မ့်​မယ်​ ...Sehun ကိုဒီအတိုင်း လွှတ်​မထားနဲ့ တစ်​ခုခု​တော့လုပ်​ပါ..."

"ကျ​နော်​က ဘာတတ်​နိုင်​မှာမို့လဲ Hyung ရယ်​..Sehun စိတ်​​တွေကမှ ကျ​နော့်​ဆီမှာ မရှိ​တော့တာ..သူမမှားပါဘူး..ကျ​နော့်​လို ​ယောကျာ်း​တစ်​​ယောက်​ထက်​စာရင်​ သူမက သာယာ​ပျော်​ရွှင်​ခြင်း​တွေကို ယူ​​ဆောင်​​ပေးနိုင်​တယ်​​လေ"

"ဘယ်​အချိန်​ထိ နားလည်​​ပေး​နေဦးမှာလဲ Kim Jongin...အခုမင်းက သူတို့၂​ယောက်​ငြိုငြင်​မှာ​ကြောက်​ရတဲ့ အ​ခြေ​နေဖြစ်​​နေပြီ"

"ကျ​နော်​ Hun ကိုဘယ်​တုန်းကမှ မငြိုငြင်​ခဲ့ပါဘူး....သူစိတ်​ဆင်းရဲ​အောင်​လည်း မိန်းမတစ်​​ယောက်​နဲ့ ပြိုင်​မလုချင်​​တော့ဘူး..သူကျ​နော့်​အနားမှာ မ​နေချင်​​ရင်​​တောင်​ သမီးအတွက်​သူရှိ​နေမှရမယ်​​လေ"

"Tsk!!!! Jongin ရာ...."

ခြေသံပြင်းပြင်းနဲ့ ​ထွက်​သွားတဲ့ Baekhyun ​ကိုအားနာမိ​ပေမယ့်​ Jongin မတတ်​နို​င်​ပါ...

Sehun ကို​ရေဝတ်​တင်​​ပေးကာ မျက်​နှာခပ်​ရဲရဲ​လေးကို ကြည့်​ရင်း....

ပျော်​လားဟင်​ Sehun...သူမနဲ့ ရှိရတဲ့ အချိန်​မှာ​ပျော်​လား ! သမီးနဲ့ ​ကျ​နော့်​ကို ​မေ့သွားရ​လောက်တဲ့ထိ ​ပျော်​လား ! ကျ​နော်​နာကျင်​တယ်​ hun ...ဒီ​နေရာက အရမ်းနာတယ်​...

Love Story  | Zawgyi + Unicode |Wo Geschichten leben. Entdecke jetzt