ဘယ်​သူပိုချစ်​လဲ(xiuhan)

877 73 0
                                    

ဘယ်သူပိုချစ်လဲ (xiuhan twoshort)

..လုဟန် လုဟန်
တကြော်ကြော်အော်ခေါ်ရင်း လုဟန်ရှိရာ ဒုတိယထပ်ကို ခြေလှမ်းတွေကမြန်ဆန်စွာ လှေကားထစ်တွေကို ကျော်ခွတက်သွားလိုက်တယ် အခန်းတံခါးလေးကို တဖြည်းဖြည်း ဖွင့်လိုက်တော့
"အိပ်နေလိုက်တာ ပုံပျက်ပန်းပျက် တခန်းလုံးလဲရှုပ်ပွနေတာပဲ ကုတင်ပေါ်ကစောင်တွေလဲ အောက်ကျလို့ ကန့်လန်ဖြတ်ကြီး အိပ်နေတာကျန်း ခေါင်းအုံးကတခြား လူကတခြား"
ကုတင်ပေါ်တက်ထိုင်လိုက်ပြီး အိပ်ချင်ယောင်ဆောင်နေတာလားဆိုတာ သိရဖို့ မျက်လုံးနားကို လက်ကလေးတချက်နှစ်ချက် ဝေ့ယမ်းပြလိုက်ပေမဲ့ မျက်တောင်တွေတောင်လှုပ်မလာ
...လုဟန် ထတော့ ထတော့လို့
လက်မောင်းကိုကိုင်ပြီး ချွဲပစ်ပစ် အသံလေးနဲ့ ထလာမလားလို့ နိုးကြည့်ပေမဲ့
..ဟင်းးး ဘာလဲကွာ မင်ဆော့ရာ အိပ်နေတာကို
အသံသာထွက်လာတာ မျက်လုံးကမဖွင့်သေး
ကြည့်ကြည့် ဟိုဖက်လှည့်ပြီးတောင်ပြန်အိပ်နေသေးတယ်
...လုဟန် ထတော့လို့ပြောနေတယ်နော် ထမှာလား မထဘူးလားပြော
ဘယ်လိုပဲအော်အော် တုပ်တုပ်တောင်မလှုပ် အဲ့ဒါ ငါ့ကို မဂရုမစိုက်တာပဲ စိတ်တိုတယ်
ဘေးနားက ဖက်လုံးကြီး ယူပြီး အပေါ်ကနေသာ အားရပါးရ ထုချလိုက်တယ်
..အင့်ဟာ ထပါဆို မထဘူး အင့်ဟာ
စိတ်ကြိုက်သာ အပေါ်ကနေ လွှဲလိုက်နေလိုက်တယ် အေးရော
...ဟာ ပေါက်စနရယ် မင်းကကွာ စောစောစီးစီး အိပ်ပါရစေ
ခေါင်းအုံးကြီးကို မျက်နှာပေါ်ဖိကပ်လိုက်ပြီး ပြန်တောင်အိပ်လိုက်သေးတယ် အီးး ဟောက်သံတောင်ထွက်လာသေး စိတ်တိုတယ် စိတ်တိုတယ်

နှိုးမရတဲ့အဆုံး မင်ဆော့တယောက် ကုတင်းအစွန်းလေးမှာထိုင်ရင်း ပါးစပ်ကလဲ မရိုးနိုင်တဲ့ နာမည်ပြောင်တွေသာ ဇွတ်ပေးနေတော့တယ်
...အီးပေါလောကြီး အရူးကြီး အပေါကြီး နလပိန်းတုံးကြီး ဒီနေ့ကျောင်းသွားအပ်ရမှာကို ပြောတော့စောစောထမယ်တဲ့ ဘာမှသုံးစားမရတဲ့သူကြီး

မသိမသာ မျက်လုံးတဖက်ဖွင့်ပြီး လှမ်းကြည့်လိုက်တော့ ဟိုပေါက်စနလေးက သူ့ကိုကျောပေးပြီး ထိုင်နေတယ် သေချာတယ် နူတ်ခမ်းကြီးတတောင်လိုက်ဆူနေလောက်ပြီး အသဲယားတယ် ကျောပြင်လေးကိုကြည့်နေရတာနဲ့တင် ပေါက်စနလေးက သူ့ကိုပြုစားနိုင်လွန်းတယ် သူအိပ်ရာကနေထချင်ပေမဲ့ အဲ့မျက်ခွံတွေက ပိတ်လာပြီ ပိတ်သွားပြီ အယ်

ဘယ်​သူပိုချစ်​လဲ  (Part 1)Where stories live. Discover now