Hustle

2.1K 213 22
                                    

ဆူညံပေါက်ကွဲနေသော တီးလုံးသံတွေကြားမှာ ခန္ဓာကိုယ်ကို စည်းချက်အလိုက်လှုပ်ရှားကခုန်နေပေမဲ့ မျက်လုံးအစုံကတော့ ကျွန်တော့်ကိုငွေပေးနိုင်မည့်သူကိုသာ ရှာဖွေနေမိသည်။

နိုက်ကလပ်ရဲ့ တီးလုံးသံပြင်းပြင်းမှာ ခုန်ပေါက်နေတဲ့ ကျွန်တော့်ပုံစံက ချွေးတွေရွှဲစိုနေပေမဲ့ ဒါက ဆွဲဆောင်မှုတွေထဲက တစ်ခုမျှသာ။

ကျွန်တော့်လိုလူတန်းစားမျိုးကို ညည့်ငှက်လို့ခေါ်ကြတာလား ညအမှောင်တွေမှာ လှုပ်ရှားနေကြတဲ့သူတွေလို့ပဲ ခေါ်ရမလား .......

ခေါ်ဝေါ်မှုတွေက တစ်ကယ်တော့ စိတ္တဇနာမ်မျှလောက်ပါပဲ အရေးပါတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး......

တကယ်တမ်း ရင်ဆိုင်နေရတဲ့ လောကမှာတော့
ကျွန်တော်က ယောက်ျား ပြည့်တန်ဆာ တစ်ယောက်ဆိုတာ
ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပါ

ပျော်ရွှင်မှုတွေကို ငွေပေးဝယ်လို့မရဘူးလို့ ပြောကြပေမဲ့ ကျွန်တော်ကတော့ ငွေပေးနိုင်တဲ့သူတွေကို ပျော်ရွှင်မှုအချို့ ဖန်တီးပေးနိုင်ပါတယ် ၊၊

ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာထက် သာယာမှုဆိုရင် ပိုမှန်မယ်ထင်ပါတယ် ၊၊

ယောက်ျား မိန်းမ ကျွန်တော် ရွေးချယ်မနေဖူးဘူး သူတို့ငွေပေးနိုင်ရင် ကျွန်တော်ကလဲ သူတို့လိုချင်တဲ့ သာယာမှုကို ရှာပေးနိုင်ခဲ့ပါတယ်၊၊

သူတို့ဆီကနေရလာတဲ့ ငွေနဲ့ ကျွန်တော်လိုချင်တဲ့ ကျွန်တော့ပျော်ရွှင်မှုကိုတော့ ပြန်ရှာရတာပေါ့ .....

••••••••••••••••••••••••••••••••••••••••••••••

ခါးတစ်ဝိုက်ကိုအနောက်ကနေ ယစ်သိုင်းလာတဲ့ လက်တစ်စုံကြောင့် ကျွန်တော့်မျက်နာမှာ အပြုံးတစ်ခု ခပ်ပါးပါးချိတ်လိုက်မိတယ် ....

** Honey ဘာလိုချင်လို့လဲ **

လက်ကိုဆွဲဖယ်ကာ အနောက်က ဖက်တွယ်ထားသူကို မျက်နှာချင်းဆိုင်ရင်း နားနားကပ်ခါ ခပ်ရှရှဆိုလိုက်မိတယ် ၊၊

ဒီ အသံသြရှရှတွေကိုမှ ခံစားချင်ပါတယ်ဆိုတဲ့သူတွေအတွက်တော့ဒါကလဲ ကျနော့် ဆွဲဆောင်မှုတစ်ခုပေါ့လေ.......

You've reached the end of published parts.

⏰ Last updated: Jun 23, 2016 ⏰

Add this story to your Library to get notified about new parts!

HustleWhere stories live. Discover now