မှောင်ပိတ်သောညတစ်ည ။ကျနော်အတွက်တော့ ထိုမှောင်မဲခြင်းကို မြင်နိုင်သည့်ညတစ်ည ။
ကျနော်၏အနားတွင် ခြေသံတွေရှုပ်ယှက်ခတ်နေအောင် ကြားနေရသည် ။
တီးတိုးစကားသံတွေ ၊ ရှိုက်ငင်ကာ အသက်ကိုရှူနေသောအသံတွေ နှင့် အခန်းလေးဟာအသက်ဝင်နေသည် ။
ကျနော့်၏မျက်လုံးတွေရှေ့မှာ ပိတ်စည်းထားသော ပတ်တီးစတစ်ချပ်ကွာသည်နှင့်အတူ ကျနော့်ရင်ခုန်သံသည်လည်း ထပ်တူကျစွာ လှုပ်ရှားနေသည် ။
နောက်တစ်ထပ်ထပ်ခွာကျတော့ ကျနော့်၏လက်အစုံသည် ကုတင်လက်ရန်းတွေကို သတိလတ်လွတ် အားပြုမိသည် ။
" ကယ် ။ ဖြည်ပြီးပြီ ။ ဂယောင်ဆူး ဖြေးဖြေးခြင်း ကြိုးစားဖွင့်ကြည့်ပါ "
ဆရာဝန်ကတော့ ဖြေးဖြေးဆိုပြီးမှာကြားပေမဲ့ အလောတကြီးစိတ်ကြောင့် မျက်ခွံတွေကိုလှုပ်ရှားမိရာ စပ်ဖျင်းဖျင်းခံစားချက်ကို မျက်အိမ်အတွင်းမှ ခံစားလိုက်ရသည် ။
" အ့ ! "
" ဖြေးဖြေး ။ မလောနဲ့ "
အသက်ကိုအဝရှုသွင်းရှုထုတ်ပြုလုပ်လိုက်ခြင်းကြောင့် လှုပ်ရှားနေသည့်ရင်အစုံက တည်ငြိမ်သွားသယောင် ။
နှုတ်ခမ်းအစွန်းနားကို ကိုက်ခဲထားရင်းနှင့်ပင် မျက်ခွံတွေကိုဖြေးညှင်းစွာ တုန်ရီစွာ ပင့်တင်လိုက်သည် ။
ပထမတော့ ဖြူဖွေးကာစူးနေသော အလင်းတန်းတစ်ခုမှ ဝေဝေဝါးဝါး ကာဆီးထားသည် ။
တဖြေးဖြေးအားယူကာ ဟိုဟိုသည်သည်ကြည့်လိုက်တော့မှ ပုံရိပ်တွေမြင်လာသည် ။
တစ်ယောက်လက်တစ်ယောက်ကိုင်ကာ စိုးရိမ်တကြီးနှင့် ကျနော့်ကိုဆရာဝန်တွေနောက်ကွယ်မှ ကြည့်နေသောဖေဖေနှင့်မေမေ ။