ကျွန်တော် အိမ်ပြန်ရောက်တော့ Chanyeol က ရောက်နှင့်နေပြီ။
အင်းပေါ့။
သူက ဦလေးကားနဲ့ အသွားအပြန်လုပ်သည်လေ။
ကျွန်တော်က ခြေကျင်လျှောက်ရသည်မို့ ဒီလောက်တော့ ကွာမှာပေါ့။
ကျွန်တော် ခြံထဲဝင်တော့ သူက ခြံထဲရှိ ဒန်းပေါ်မှာ ထိုင်ရင်း ကျွန်တော့်ကို လိုက်ကြည့်နေတယ်။ ကျွန်တော် နှုတ်ဆက်တယ်ဆိုတဲ့ သဘောနဲ့ ခေါင်းသာ အသာဆတ်ပြလိုက်မိတယ်။
နေ့လည်က Sehun နဲ့ အချေအတင်ဖြစ်ခဲ့တဲ့စကားကို ကြားပြီးနောက်ပိုင်း ကျွန်တော်သူ့ကို ဘယ်လိုရင်ဆိုင်ရမှန်း မသိတော့။
မပြောနိုင်ဘူး သူကျွန်တော့်ကို အခုလို မြင်နေရတာတောင် မုန်းနေမလားဘဲ။
ကျွန်တော် အိမ်ထဲဝင်ဖို့ လုပ်လိုက်ပေမယ့် ကျွန်တော်မြင်မိတာ ပြေလျော့နေတဲ့ သူ့ဖိနပ်ကြိုး။
ဘာကြောင့်မှန်းမသိ ဒီအတိုင်း ကျော်မသွားနိုင်တဲ့အတွက် သူ့ရှေ့ကို သွားလိုက်မိတယ်။
သူကတော့ ကျွန်တော့်ကို လိုက်ကြည့်နေဆဲ။
ကျွန်တော်သူ့ရှေ့ရောက်မှ ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ သူ့ဖိနပ်ကြိုးကို ချည်နေပေးမိတယ်။
" Chanyeol'a အစ်ကိုကို အရမ်းမုန်းလား?"
သူ့ဆီမှ အဖြေရောက်မလာခဲ့။
ကျွန်တော်မော့ကြည့်တော့ သူကျွန်တော့်ကို စိုက်ကြည့်၍နေတယ်။
" အစ်ကိုဘယ်လိုလုပ်ရင် ငါ့ညီလေး အမုန်းတွေ လျော့သွားနိုင်မှာလဲ? "
ကျွန်တော် ပြုံး၍ မေးတော့ သူ့မျက်နှာက အလိုမကျသည့်နှယ်။
" ငါမင်းရဲ့ ညီ မဖြစ်ချင်ဘူး!!!"
အော်
သူ့ အဖေညီမရဲ့သား ကျွန်တော်က သူနဲ့ ညီအစ်ကိုဆိုတာ ပြောင်းလဲလို့မရတဲ့ အမှန်တရား
ဒါကို သူက ဘယ်လို ပြောင်းလဲစေချင်နေတာလဲ
ကျွန်တော့်ကို အကိုတော်ထားရတာ ဒီလောက်တောင် ရှက်တယ်လား?