Ooh Sehun ဆိုတဲ့ ကျနော်ဟာလေ ကိုယ့်နှလုံးသားကိုယ်တောင် သေချာပြန်မဆန်းစစ်တတ်တဲ့ ခပ်ပိန်းပိန်းလူတစ်ယောက်ရယ်ပါ.....
ကုတင်ထက်ဆီမှ ဦးခေါင်းတစ်ခုလုံး ပတ်တီးအပြည့်နဲ့ ဖွေးဖြူနေသော ကျနော်ရဲ့ ဘဝလက်တွဲဖော်ဟာ နိုးထမလာခဲ့တာ တစ်လတင်းတင်းပြည့်ခဲ့ပြီ....
ရူးလောက်အောင်ပြုစားနိုင်တဲ့ သူ့မျက်ဝန်း စူးရှရှ အကြည့်တွေကို မမြင်ရတာ ကြာခဲ့ပြီ....
ခပ်ရှရှ ရီသံလေးနဲ့ စကားပြောသံလေးတွေ Hun လို့ခေါ်သံလေးတွေ မကြားရတာ အရမ်းကြာနေပြီ...သူနဲ့ကျနော်ကြား ခုချိန်မှာ ဆက်သွယ်ထားတဲ့ အရာလေးက တတီတီမြည်နေခဲ့တဲ့ နှလုံးခုန်စက်လေးတစ်ခုသာ....
အကယ်၍များ သူကျနော့်ကို မမြင်ချင်လောက်အောင် မုန်းသွားလို့ ကျနော့်ဆီများ ပြန်မလာခဲ့ရင်လေ ...ကျနော်ရူးသွားမယ် ထင်ပါရဲ့.....
Hun ကိုချစ်တယ်ဆို .....နိုးထလာခဲ့တော့နော် Nini....
အေးစက်စက်လက်ကလေးကို မျှော်လင့်ချက်တစ်ကြီး နဲ့ ဆုပ်ကိုင်လိုက်ပေမယ့် သူကလေ...အရင်လို ကျနော့်လက်တွေကို နွေးထွေးစွာနဲ့ ပြန်လည် မဆုပ်ကိုင်ခဲ့ပါ...
Nini အငွေ့သက်တွေ.အထိတွေ့တွေကို ကိုယ်လွမ်းတယ်...
"Hun သမီးကို ကျောင်းသွားကြိုလိုက်ဦးမယ်နော်...နိုးလာလို့ Hun ကိုမတွေ့ရင်စိတ်မဆိုးနဲ့...ချစ်တယ်နော်..Hun ရဲ့ဝက်ဝံပေါက်လေး..."
နဖူးကျဉ်းလေးဆီ မြတ်နိုးစွာနဲ့ ခပ်ဖွဖွနမ်းကာ နှူတ်ဆက်လိုက်ပြီး သမီးဆီထွက်လာလိုက်တော့သည်...
လွန်ခဲ့တဲ့လကတည်းက အပြင်ထွက်တိုင်း ဒီစကားလေးနဲ့ဘဲ နှူတ်ဆက်နေကြမို့ Nini တောင်ငြီးငွေ့နေပြီထင်ပါ့...သမီးဆီသွားတဲ့ အချိန်ကလွဲလို့ Nini နားတစ်ချိန်လုံးရှိနေခဲ့သည်ဘဲ....

YOU ARE READING
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi