Ep.2
ည၉နာရီထိုးတော့ Wuyifan သူဌေးကြီး Wu စံအိမ်ကိုပြန်လာချိန်
"အင်...ဒီနေ့ စိတ်တွေဘာဖြစ်လို့ ဒီလောက်လေးနေရတာလဲ သမီးလေးBaekများတစ်ခုခုဖြစ်လို့လား "မဖြစ်နိုင်ပါဘူးလေ အလုပ်ပင်ပန်းပြီးလူနေမကောင်းဖြစ်ချင်လို့နေမှာပါ ဆိုပြီး ဆက်မစဉ်းစားတော့ဘဲ မျက်လွှာလေးချပြီး မှိန်းနေလိုက်သည်။
Wu စံအိမ်တော်ကြီးက အတော်ကိုကြီးကျယ်ခမ်းနားတဲ့ စံအိမ်တော်ဖြစ်ပြီး ခြံဝကနေကားနဲ့ဝင်လာရင်တောင် အတော်မောင်းရသေးသည်။
ခြံမှာရှိတဲ့ အလုပ်သမားတွေကို လဲသီးသန့် အိမ်လေးတွေနဲ့ထားပေးထာဧ။်။ ခြံကြီးထဲမှာတော့ စံအိမ်တော်ကြီးရယ် ဘေးဘက်ကအသေးစား ဥယျာဉ်လေးရယ် ရေတံခွန်လေးနဲ့
ဂိုဒေါင် လိုလို ကား တွေရောင်စုံ model စုံ အပြည့်တန်းစီထာ၏။ နေရာလပ် မရှိ တစ်ခြံလုံး
သူ့ပစ္စည်းနဲ့သူ့နေရာသူ အသီးသီး ရှိကျသည်။"သခင်ကြီး...သခင်ကြီး....စံအိမ်တော်ရောက်နေပြီးခင်ဗျ"
အိမ်ပြန်လမ်းမှာ မှိန်းလာရင်းနဲ့အိပ်ပျော် လာတာ
Driver နှိုးတော့မှ နိုးတော့တယ်။ဒါနဲ့ ည၁၀နာရီရှိနေပြီး လူတွေက စံအိမ်တော်ရှေ့မှာ ခြေရှုပ်နေတော့ စံအိမ်တော်ထဲမှာ ပြသနာ ရှိပြီးဟု Krisယူဆလိုက်သည်။ကားပေါ်ကနေမြန်မြန် ဆင်းလိုက်ပြီး
"စံအိမ်တော်မှာ ဘာပြသနာ ရှိလို့လဲ"
Kris မေးလိုက်တော့ အလုပ်သမားတွေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းလေးတွေငုတ်ပြီး တိတ်ဆိတ်နေကျတော့ kris က စိတ်မရှည်သော လေသံဖြစ်
"မေးနေတာမကြားကျဘူးလား"
အဲ့တော့မှ Baek လေးကို ကျောင်းကြိုကျောင်းပို့လုပ်ပေးနေသော အလုပ်သမားက ကြောက်ကြောက်နဲ့ ထွက်ပြောလေ၏။
"Nae သခင်ကြီး မမလေးBaek ခုချိန်ထိအိမ်ပြန်မရောက်လာသေးလို့ပါ""Wae"
ကြားလိုက်ရတဲ့စကားကြောင့် wuyifanကြီး ဆွံ့အ သွားသည်။ဒီချိန်ရှိနေပြီး Baekလေး အိမ်မပြန်ရောက်လာသေးတော့ Wuyifan ရင်ထဲမှာ အပူမီးစပျိုးနေပြီလေ