Episode 6
Tr: နောက်နှစ်ပတ်လောက်ဆို ပထမလပတ် စာမေးပွဲ ပီးမှာဆိုတော့ စာမေးပွဲအပီး နောက်တစ်ပတ်မှာ ပြိုင်ပွဲတစ်ခုရှိပါတယ်။ သီချင်းအဆိုပြိုင်ပွဲ ပါ။ တစ်ကျောင်းလုံးကလည်း ပါဝင်ရမှာပါ။ ပြိုင်ပွဲ ပုံစံကဘယ်လိုမျိုးလဲဆိုတော့ အတန်းတစ်တန်းကို ပထမဆု ဒုတိယဆု တတိယဆု နဲ့ နှစ်သိမ့်ဆု ၃ဆုပေးမှာပါ။ နောက်ဆုံး အတန်းတိုင်းရဲ့ ပထမဆုရတဲ့အဖွဲ့တွေထဲကမှ နောက်ဆုံးအတော်ဆုံးအဖွဲ့ ကို တစ်ကျောင်းလုံးရဲ့ ပထမပေးမှာပါ။ သီချင်း အဆိုချည်းပဲ မဟုတ်ဘဲ ........... performance တွေ ပါ ပါရမှာပါ... တစ်ယောက်မကျန် မပါမဖစ် ပါရမှာ ဖစ်လို့ အကောင်းဆုံးလေ့ကျင့်ဖို့မျှော်လင့်ပါတယ်။ ဒီပြိုင်ပွဲရှိတဲ့အတွက် လပတ်စာမေးပွဲ တစ်ခုကို ဖြုတ်ပေးမှာဖစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ လူ၃ယောက် ရှိရမှာဖစ်လို့ ကိုယ့် partner တွေ ကိုယ်ရှာရမှာပါ။ စာမေးပွဲပီးမှ အဖွဲ့တွေရဲ့ partner ကို ရွေးချယ်ကြရမှာပါ။ ဆုပေးတဲ့ စနစ်ကတော့ ဆရာ ဆရာမတွေရဲ့ Voting system နဲ့ အနုပညာရှင်တွေရဲ့ Voting system ဖစ်ပါတယ်.... အနုပညာရှင် တော်တော်များများကို ဖိတ်ခေါ်ထားတာဖစ်ပါတယ်။ ဒီပြိုင်ပွဲကိုလည်း အနုပညာရှင်တွေနဲ့ကျောင်းအုပ်တွေပေါင်းလုပ်တာဖစ်လို့ အတတ်နိုင်ဆုံး နဲ့ အကောင်းဆုံး ယှဉ်ပြိုင်ပေးကြပါ....
YG: Wow...လပတ်စာမေးပွဲတစ်ခုတောင် ဖြုတ်ပေးထားတာဆိုတော့ ကြိုးစားပြိုင်ရမှာပေါ့...
ဟီး..ဟီး...Hana: Wow...အနုပညာရှင်တွေတောင် ပါတယ်ဆိုတော့ ပေါ့ပျက်ပျက်ပြိုင်လို့ရတဲ့ ပြိုင်ပွဲ တော့မဟုတ်ဘူး။ သေချာကြိုးစားပြိုင်ရမှာပဲ...
Tr: ကဲ...ကဲ...ကျောင်းသားစာရင်းခေါ်မယ်...
ဆရာမလည်း ကျောင်းသားစာရင်းခေါ်တော့ Bam Bam အလှည့်လည်းရောက်တော့
Tr: Bam Bam....
Bam: ရှိ...
Tr: ဟယ်...Bam Bam က ဒီဇိုင်းတွေဘာတွေ ပြောင်းလို့ပါလား? အခုလို့ကျတော့လည်း ငါ့သမီးက လှသားပဲ...