" မ .. မသွားပါနဲ့ .. ဟင့် .. ဟင့်အင်း .. ပြန်လာခဲ့ပါ .. "
အိပ်မက်တစ်ခုကြောင့် ပင်ပန်းခဲ့ရသည်မှာ ဆယ်စုနှစ်တစ်ခု
ပင်ရှိတော့မလားမသိ ? ဝိုးတဝါးပုံရိပ်များကြား ဗျာများကာ မောဟိုက်ပြီး အသက်ကိုလုရှူရင်း နိုးထလာရသောနေ့ရက်တို့
လည်း များခဲ့ပါပြီကော .." ကလေး .. ကလေး .. ထ .. ထ .. အိပ်မက်လေ .. ထ
တော့နော် .. "သူ့ကို စိုးရိမ်တကြီးလှုပ်နှိုးနေသောသူ့ကြောင့် နိုးလာခဲ့ပေမဲ့
ရင်ထဲမှာ တင်းကြပ်ကြပ်ကြီးဖြစ်နေတာကြောင့် သူ့ရင်ခွင်ထဲ
ခေါင်းတိုးဝင်ရင်း ရှိုက်ကြီးတငင်ငိုချလိုက်မိသည် .. သူက
တော့ ကျောလေးကို သာသာဖွဖွပွတ်သပ်ပေးနေလေရဲ့ .. ငို
နေရင်းမှ ဗလုံးဗထွေးစကားတို့ကို ထစ်ထစ်ငေါ့ငေါ့ဆိုမိပြန်
တယ် .." Yi Fan .. ကျနော်လေ .. အဲ့ဒီအိပ်မက်, မက်ပြီးတိုင်း ရင်
ထဲမှာ အရမ်းနာတာပဲ .. သူ့မျက်နှာလည်း မမြင်ရဘူး .. ထား
သွားခံရတာလည်းမဟုတ်ပဲ ကျနော် အရမ်းနာကျင်နေမိတာ
ဘာကြောင့်လဲဟင် ? အိပ်မက်ထဲမှာ ကျနော်ပဲငိုနေရတယ်
Yi Fan ရယ် .. တစ်ခါတစ်လေ ပျော်ရွှင်ရတယ် .. တစ်ခါ
တစ်လေကျတော့လည်း ငိုရပြန်တယ် .. ရှေးဘဝက ဘယ်
လိုတွေဖြစ်ခဲ့လဲ အရမ်းသိချင်တယ် .. အိပ်ရမှာတောင်
ကြောက်လာတယ် Yi Fan ရယ် .. အိပ်မက်, မက်ပြီးတိုင်း
ထားသွားခံရသူတစ်ယောက်လိုခံစားရတာတွေ .. အိပ်မက်
ထဲကသူ ထားသွားမှာစိုးရတာတွေ .. မောလွန်းလှပါပြီ Yi
Fan ရယ် .. "" အင်း .. အင်း .. မေ့လိုက်တော့နော် .. ဒါ အိပ်မက်တစ်ခုပါ
ပဲ .. ကိုယ် ချော့သိပ်မယ်လေ .. လာ .. အိပ်ကြမယ် .. မနက်
ကျောင်းသွားရဦးမှာမလား ? "မေ့လိုက်တော့လို့ ပြောလိုက်တဲ့ခဏ .. ရင်ထဲမှာ ဗလောင်
ဆူနေတာကို ကလေး သိမှသိပါလေစ .. သိပ်ချစ်ရတဲ့သူ
ကိုယ်ပဲဖြစ်ပါရစေ ကလေးရယ် .. ဟိုးအတိတ်မှာတည်းက
ဒီကောင်ဆိုတာ မင်းအတွက် ပေးဆပ်သူသက်သက်သာ ဖြစ်
ချင်ခဲ့တာမို့ .. မမှတ်မိရင်တောင် ကိုယ့်အချစ်တွေ မင်း ခံစား
မိပါစေ .. ကျလုဆဲဆဲမျက်ရည်တို့ကို အားတင်းထိန်းထား
လိုက်ရင်း ကလေးအိပ်ပျော်အောင် ပြန်သိပ်ပေးလိုက်ပြီး
သူကတော့ အိပ်မပျော်တော့တာကြောင့် အရက်ပြင်းပြင်း
တစ်ခွက်ကိုသာ အဖော်လုပ်ရင်း ဝရံတာမှာ အကြောင်းမဲ့
ထွက်ထိုင်နေမိတယ် .. ကောင်းကင်မှာ ဟိုတစ်စု ဒီတစ်စု
လက်နေကြတဲ့ကြယ်လေးတွေကြည့်ရင်း မေ့ထားချင်ပါသော်
ငြား မေ့ထားလို့မရတဲ့အတွေးတွေက တစ်ကွက်ချင်း ရုပ်ရှင်
ပြသလို အစီအရီပေါ်လာကြလေရဲ့ ..