Episode 8
Yuri: တို့ရော ပါလို့မရဘူးလား?
ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိ...
Bam Bam နဲ့ Byung Hoon က လွဲရင် ကျန်တဲ့သူတွေကတော့ အမြင်ကတ်နေလေပီ...Mark: အွန်...မပြန်သေးဘူးလား?
Yuri: အင်း...ပြန်မလို့ကို Mark ကို လှမ်းတွေ့ လိုက်လို့ တို့လာခဲ့တာ...
Mark: သြော်...
Yuri: တို့မေးတာကို ဖြေဦးလေ Mark...?
Mark: အတန်းလိုက် နဲ့ အခန်းလိုက် ပြိုင်ရတဲ့ ပြိုင်ပွဲပါ... Noona မပါဘူးလေ...
Yuri: အင်းနော်...Aish...ဆရာမတွေက လည်း... ဘာမှန်းလည်းမသိဘူး
Mark: Noona...ကျွန်တော်တို့ပြန်တော့မယ်
Yuri: လမ်းကြုံတယ်လေ...လိုက်ခဲ့လို့ရမလား?
Mark: Arrnyi... အိမ်ကလာကြိုမှာမလို့...
သွားတော့မယ်...Yuri: Mark ya....
Mark: Noona ကောင်းကောင်းနေခဲ့ပါ
ဆိုပီး Mark က ထွက်လာတော့ Bam Bam တို့လည်း Mark နောက်ကနေ လိုက်လာခဲ့ရတော့သည်။
JY: ဟီး..ကောင်းတယ် Mark...
Mark: ဘာကိုလဲ?
JY: နင်ခုနက Yuri Unnie ကိုပြောလိုက်တာလေ...
Mark: အင်း... ငါလည်း သူ့ကိုရှောင်ချင်လို့ပါ
Hana: ကောင်းတယ်...အဲ့မိန်းမကလေ နင့်ကို အရမ်းကပ်တွယ်လွန်းတယ်... ကောင်းတယ် အဲ့လိုပြောပစ်....
YJ: ဟုတ်ပါ့...ငါလည်း ကြည့်မရဘူး...
Mark: အင်း...Bam Bam ကရော?
Bam: ဘာကိုလဲ?
Mark: Yuri Noona ကို ကြည့်ရလားလို့ မေးတာပါ။ သူတို့သုံးယောက်ကကြည့်မရဘူး အမြဲပြောတယ် နင် က မပြောလို့ပါ...
Bam: အွန်...ငါတော့ သိပ်မပြောတတ်ဘူး
အမြင်ကတ်တယ်ရယ်လည်း မဟုတ်ပါဘူး
သေချာမပြောပြတတ်ဘူး... အဓိက က နင် သဘောကျဖို့ပဲ မဟုတ်လား? Byung Hoon...
အတူတူပြန်ရအောင်...