"The Past"
အာ့ တယောက်ကလေ ယဉ်ယဉ်လေးရူးနေတာတဲ့
သူ့ချစ်သူသေသွားလို့ဆိုလား""ဟယ် ဟုတ်လား သနားစရာလေးနော်
ရုပ်လေးကလဲချစ်စရာလေး တော်တော်ငယ်သေးမယ့်ပုံပဲ""အင်း ဟုတ်တယ် အသက်၂၀ပဲရှိသေးတာတဲ့"
"အဟိ မရူးသာမရူးရင် ငါကြိုက်မှာ တကယ်ချစ်စရာလေး"
"တော်စမ်း အာ့တယောက်က တကယ်ကြောက်ဖို့ကောင်းတယ်သိလား မထင်ရင်မထင်သလိုသောင်းကျန်တာဟ သူ့အနားဘယ်သူမှမကပ်ရဲကြဘူး"
"ဟယ် ဟုတ်လား ဒါဆိုဝေးဝေးသွားနေရအောင်"
စိတ္တဇဆေးရုံအခန်းထောင့် တနေရာတွင်ထိုင်ကာ သီချင်းစာသားလေးတကြောင်းကို ထပ်ခါထပ်ခါရွတ်ဆိုနေသူတဦး ......
သူ့နာမည်က Byun Baekhyun
"Nothing gonna change my love for you....."
သီချင်းစာသားလေးကိုထပ်ခါတလဲလဲညည်းဆိုနေရင်း မျက်ဝန်းအိမ်မှ မျက်ရည်တို့စီးကျကာ အတိတ်ဆီသို့...........
"Baek ရေ သားထတော့ ကျောင်းသွားရမယ်လေ"
"အွန်းးးး Nae omma ထပီ"
ထပီဟုသာပြောလိုက်တာ ခေါင်းပေါ်ခေါင်းအုံးတလုံးကိုဖိလိုက်ပီး ပြန်အိပ်နေလိုက်သည်
"Byun Baekhyun !!!!!!!"
"ထနေပီ သွားတိုက်နေတယ်"
ဒီအခြေအနေဆိုသူသိလိုက်ပီ ကြက်မွှေးကိုင်ပီးတက်လာတော့မည်လေ ...
ထို့ကြောင့် မထချင်သော်လဲ ကုန်းရုံးထလိုက်ကာ မျက်နှာသစ်ဖို့ပြင်လိုက်သည်
ကျောင်း uniform လဲပီး breakfast စားရန်အောက်ထပ်သို့ဆင်းလိုက်တော့ စားပွဲခုံပေါ်မှာ အကုန်အဆင်သင့်ပြင်ထားပီးသား ....Byun Baekhyun ဆိုတာ ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးက အလိုလိုက်ထားတာ ဖူးဖူးမှူတ်မတတ်ချစ်ရသူတဦး
ကျောင်းမှာလဲ အချမ်းသာဆုံး No.1 စာရင်းဝင်သူဌေးသားမို့ မောက်မာတယ်မထင်လိုက်နဲ့
စိတ်သဘောထားကောင်းလွန်းတာကြောင့် တကျောင်းလုံးဝိုင်းချစ်ရသူတဦးဖြစ်သည်Breakfast ခပ်မြန်မြန်စားလိုက်ပီး ကျောင်းသွားရန်ကားပေါ်တက်လိုက်သည်
ကျောင်းခန်းထဲရောက်တော့ ထိုင်ခုံမှာထိုင်လိုက်ပီး သူငယ်ချင်းဖြစ်သူ Luhan အလာကိုစောင့်နေလိုက်သည်